ၾကားသိသမွ်

ပြည်မြို့မှာ နာရေးကပြန်လာတဲ့ ဗိုလ်ကြီး ကားနဲ့တိုက်မိလို့ ပွဲချင်းပီးသေဆုံး

ပြည်မြို့မှာ နာရေးကပြန်လာတဲ့ ဗိုလ်ကြီး ကားနဲ့တိုက်မိလို့ ပွဲချင်းပီးသေဆုံး
မတ်လ ၂၄ ရက်

ပဲခူးတိုင်း၊ပြည်မြို့၊ နဝဒေးလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတဦး ဒီကနေ့မနက် ၁၁ နာရီဝန်းကျင်မှာ ကားနဲ့တိုက်မိလို့ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးခဲ့တဲ့အရာရှိဟာ နာရေးတခုကနေပြန်လာတာဖြစ်ပြီး နဝဒေးလမ်းပေါ်မှာကားကိုဆိုင်ကယ်နဲ့ကျော်တက်ရာကနေ မျက်နှာချင်းဆိုင်ကလာတဲ့ ကားနဲ့တိုက်မိပြီး သေ ဆုံးခဲ့တာလို့ သိရပါတယ်။

အဲ့ဒီအရာရှိဟာ စစ်ကောင်စီတပ်ရဲ့.အောင်လံမြို့နယ် ကျော်စွာမြို့အခြေစိုက် အမှတ် ၇ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၇)က ဗိုလ်ကြီး ရန်နိုင်ဆိုသူဖြစ်ပြီး ပြည်မြို့မှာတပ်စွဲနေတာလို့သိရပါတယ်။

” သူက နာရေးတခုကပြန်လာတာ။ သူကပြည်မှာ လုံ ခြုံရေးဝင်နေတာ။နာရေးကအပြန် အဲ့လမ်းပေါ်မှာ ကားကိုဆိုင်ကယ်နဲ့ကျော်တက်လို့ မျက်နှာချင်းဆိုင်က ကားနဲ့ဝင်တိုက်မိလို့သေတာ” လို့ အဲ့ဒီတပ်နဲ့နီးစပ်တဲ့ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီဗိုလ်ကြီး ရန်နိုင်ဟာစစ်နည်းပညာတက္ကသိုလ်(DSTA) အပတ်စဥ် ၁၅ ဆင်းအရာရှိတဦးဖြစ်ပြီး မကြာသေးမီက လောင်းရှည်အခြေစိုက် ကပစ ၂၅တပ် ကပြောင်းရွှေ့လာတာလို့ ကပစ ၇ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မတ်လ ၂၂ ရက်နေ့ကလည်း ကလေးမြို့စစ်ဆေးရုံ ကုတင်(၁၀၀)က စစ်သူနာပြု(Brother) ဗိုလ်ကြီး ချမ်းမြေ့အောင်လည်း ကိုယ့်ကိုကိုယ် လုပ်ကြံလို့ သေဆုံးခဲ့ပါသေးတယ်။

ဓာတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး ရန်နိုင် (အနောက်)(ကပစ ၂၅ တွင်တာဝန်ထမ်းဆောင်စဥ်ပုံဟောင်း)
ဧရာဝတီတိုင်းမ်

ျပည္ၿမိဳ႕မွာ နာေရးကျပန္လာတဲ့ ဗိုလ္ႀကီး ကားနဲ႔တိုက္မိလို႔ ပြဲခ်င္းပီးေသဆုံး
မတ္လ ၂၄ ရက္

ပဲခူးတိုင္း၊ျပည္ၿမိဳ႕၊ နဝေဒးလမ္းမေပၚတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အရာရွိတဦး ဒီကေန႔မနက္ ၁၁ နာရီဝန္းက်င္မွာ ကားနဲ႔တိုက္မိလို႔ ပြဲခ်င္းၿပီးေသဆုံးခဲ့တယ္လို႔ ေဒသခံေတြဆီကသိရပါတယ္။

ေသဆုံးခဲ့တဲ့အရာရွိဟာ နာေရးတခုကေနျပန္လာတာျဖစ္ၿပီး နဝေဒးလမ္းေပၚမွာကားကိုဆိုင္ကယ္နဲ႔ေက်ာ္တက္ရာကေန မ်က္ႏွာခ်င္းဆိုင္ကလာတဲ့ ကားနဲ႔တိုက္မိၿပီး ေသ ဆုံးခဲ့တာလို႔ သိရပါတယ္။

အဲ့ဒီအရာရွိဟာ စစ္ေကာင္စီတပ္ရဲ့.ေအာင္လံၿမိဳ႕နယ္ ေက်ာ္စြာၿမိဳ႕အေျခစိုက္ အမွတ္ ၇ ကာကြယ္ေရးပစၥည္းစက္႐ုံ(ကပစ-၇)က ဗိုလ္ႀကီး ရန္နိုင္ဆိုသူျဖစ္ၿပီး ျပည္ၿမိဳ႕မွာတပ္စြဲေနတာလို႔သိရပါတယ္။

” သူက နာေရးတခုကျပန္လာတာ။ သူကျပည္မွာ လုံ ျခဳံေရးဝင္ေနတာ။နာေရးကအျပန္ အဲ့လမ္းေပၚမွာ ကားကိုဆိုင္ကယ္နဲ႔ေက်ာ္တက္လို႔ မ်က္ႏွာခ်င္းဆိုင္က ကားနဲ႔ဝင္တိုက္မိလို႔ေသတာ” လို႔ အဲ့ဒီတပ္နဲ႔နီးစပ္တဲ့ေဒသခံတဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္။

အဲ့ဒီဗိုလ္ႀကီး ရန္နိုင္ဟာစစ္နည္းပညာတကၠသိုလ္(DSTA) အပတ္စဥ္ ၁၅ ဆင္းအရာရွိတဦးျဖစ္ၿပီး မၾကာေသးမီက ေလာင္းရွည္အေျခစိုက္ ကပစ ၂၅တပ္ ကေျပာင္းေရႊ႕လာတာလို႔ ကပစ ၇ တပ္တြင္းသတင္းရင္းျမစ္ေတြဆီက သိရပါတယ္။

မတ္လ ၂၂ ရက္ေန႔ကလည္း ကေလးၿမိဳ႕စစ္ေဆး႐ုံ ကုတင္(၁၀၀)က စစ္သူနာျပဳ(Brother) ဗိုလ္ႀကီး ခ်မ္းေျမ့ေအာင္လည္း ကိုယ့္ကိုကိုယ္ လုပ္ႀကံလို႔ ေသဆုံးခဲ့ပါေသးတယ္။

ဓာတ္ပုံ – စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ဗိုလ္ႀကီး ရန္နိုင္ (အေနာက္)(ကပစ ၂၅ တြင္တာဝန္ထမ္းေဆာင္စဥ္ပုံေဟာင္း)
ဧရာဝတီတိုင္းမ္