ၾကားသိသမွ်

ဦးတိုးနိုင်မန်းနဲ့ ဒု- ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ ဒီနေ့တညထဲ ဖမ်းဆီးခံရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းပြော

ဦးတိုးနိုင်မန်းနဲ့ ဒု- ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ ဒီနေ့တညထဲ ဖမ်းဆီးခံရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းပြော

မတ် ၂၄၊ ၂ဝ၂၂

ယမန်နေ့က ဇေကမ္ဘာ ဦးခင်ရွှေသားအဖ ဖမ်းဆီးခံရပြီးနောက် သူရ ရွှေမန်း၏ သား ဦးတိုးနိုင်မန်းနဲ့ ပြည်ထဲရေးဝန် ကြီးဟောင်းဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ကို မတ် ၂၃ ရက်တညထဲမှာဘဲ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်း သိမ်းထားတယ်လို့ သိရပါတယ်။


အဆိုပါဦးတိုးနိုင်မန်းနဲ့ ဒု-ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ဖမ်းဆီးခံထားရတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ်မှာ နေပြည်တော်နဲ့ ရန်ကုန်တိုင်းပြည်ထဲရေးဝန် ကြီးဌာနလက်အောက် ရဲတပ်ဖွဲ့ဝင် အရာရှိတချို့က ဖမ်း ဆီးခံရတာမှန်ကန်တယ်လို့ ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့အကြောင်းအရင်းကို အ သေးစိတ်မသိရသေးတဲ့အပြင် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြောကြားချက်ကို ဧရာဝတီတိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးဘဲ ဆက်လက် စုံစမ်းအတည်ပြုနေဆဲဖြစ်ပါတယ်။

ဒီကနေ့ညပိုင်းမှာဘဲ ရန်ကုန်တိုင်းက စစ်ကောင်စီခန့်ဌာနဆိုင်ရာဝန်ကြီးတချို့ဖမ်းဆီးခံရပြီးတဲ့နောက်မှာ ဝန်ကြီးဟောင်းတွေနဲ့ လက်ရှိဖမ်းဆီးခံထားရတဲ့ ဇေကမ္ဘာဦးခင်ရွှေရဲ့ သမက် တိုးနိုင်မန်းတို့ကို ဆက်လက်ဖမ်းဆီးခဲ့တာပါ။

ဦးတိုးနိုင်မန်းဟာ စစ်ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းရဲ့ သားဖြစ်ပြီး ဇေကမ္ဘာ ဦးခင်ရွှေရဲ့ သမီး ဇေဇင်လတ်ရဲ့အမျိုးသား ဦးခင်ရွှေရဲ့သမက် တော်စပ်တာပါ။


ပြည်ထဲရေးဝန်ကြီးဟောင်းဖြစ်တဲ့ ဒုတိယ-ဗိုလ်ချုပ်ကြီးကျော်ဆွေဟာ အရပ်သားအစိုးရလက်ထက်က နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ဆက်ဆံမှုတွေရင်းနှီးခဲ့လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၄င်းကို ပြည်ထဲရေးဝန် ကြီးရာထူးကနေဖယ်ရှားခဲ့ပြီး

ခုလက်ရှိ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့အစားထိုးခဲ့သလို ဒု-ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးနေရာမှာ ခုလက်ရှိ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို အစား ထိုးပြီး အတွဲလိုက်အချိန်းအပြောင်းလုပ်ခဲ့တာပါ။

#AyeyarwaddyTimes

ဦးတိုးနိုင္မန္းနဲ႔ ဒု- ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြတို႔ ဒီေန႔တညထဲ ဖမ္းဆီးခံရတယ္လို႔ ရဲတပ္ဖြဲ႕အသိုင္းအဝိုင္းေျပာ
မတ္ ၂၄၊ ၂ဝ၂၂

ယမန္ေန႔က ေဇကမၻာ ဦးခင္ေရႊသားအဖ ဖမ္းဆီးခံရၿပီးေနာက္ သူရ ေရႊမန္း၏ သား ဦးတိုးနိုင္မန္းနဲ႔ ျပည္ထဲေရးဝန္ ႀကီးေဟာင္းျဖစ္သူ ဒု-ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြတို႔ကို မတ္ ၂၃ ရက္တညထဲမွာဘဲ အာဏာသိမ္းစစ္ေကာင္စီက ဖမ္းဆီးထိန္း သိမ္းထားတယ္လို႔ သိရပါတယ္။

အဆိုပါဦးတိုးနိုင္မန္းနဲ႔ ဒု-ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြတို႔ဖမ္းဆီးခံထားရတယ္လို႔ သတင္းေတြထြက္ေပၚေနတဲ့အေပၚမွာ ေနျပည္ေတာ္နဲ႔ ရန္ကုန္တိုင္းျပည္ထဲေရးဝန္ ႀကီးဌာနလက္ေအာက္ ရဲတပ္ဖြဲ႕ဝင္ အရာရွိတခ်ိဳ႕က ဖမ္း ဆီးခံရတာမွန္ကန္တယ္လို႔ ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္။

ဖမ္းဆီးထိန္းသိမ္းခံရတဲ့အေၾကာင္းအရင္းကို အ ေသးစိတ္မသိရေသးတဲ့အျပင္ ရဲတပ္ဖြဲ႕ဝင္ေတြရဲ့ ေျပာၾကားခ်က္ကို ဧရာဝတီတိုင္းမ္အေနနဲ႔ သီးျခားအတည္မျပဳနိုင္ေသးဘဲ ဆက္လက္ စုံစမ္းအတည္ျပဳေနဆဲျဖစ္ပါတယ္။

ဒီကေန႔ညပိုင္းမွာဘဲ ရန္ကုန္တိုင္းက စစ္ေကာင္စီခန္႔ဌာနဆိုင္ရာဝန္ႀကီးတခ်ိဳ႕ဖမ္းဆီးခံရၿပီးတဲ့ေနာက္မွာ ဝန္ႀကီးေဟာင္းေတြနဲ႔ လက္ရွိဖမ္းဆီးခံထားရတဲ့ ေဇကမၻာဦးခင္ေရႊရဲ့ သမက္ တိုးနိုင္မန္းတို႔ကို ဆက္လက္ဖမ္းဆီးခဲ့တာပါ။

ဦးတိုးနိုင္မန္းဟာ စစ္ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သူရေရႊမန္းရဲ့ သားျဖစ္ၿပီး ေဇကမၻာ ဦးခင္ေရႊရဲ့ သမီး ေဇဇင္လတ္ရဲ့အမ်ိဳးသား ဦးခင္ေရႊရဲ့သမက္ ေတာ္စပ္တာပါ။

ျပည္ထဲေရးဝန္ႀကီးေဟာင္းျဖစ္တဲ့ ဒုတိယ-ဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြဟာ အရပ္သားအစိုးရလက္ထက္က နိုင္ငံ ေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ဆက္ဆံမႈေတြရင္းႏွီးခဲ့လို႔ စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္က ၄င္းကို ျပည္ထဲေရးဝန္ ႀကီးရာထူးကေနဖယ္ရွားခဲ့ၿပီး ခုလက္ရွိ ဒုဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္နဲ႔အစားထိုးခဲ့သလို ဒု-ဝန္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္စိုးေနရာမွာ ခုလက္ရွိ ဒု-ဗိုလ္ခ်ဳပ္ႀကီး သန္းလွိုင္ကို အစား ထိုးၿပီး အတြဲလိုက္အခ်ိန္းအေျပာင္းလုပ္ခဲ့တာပါ။

#AyeyarwaddyTimes