ၾကားသိသမွ်

ပုဒ်မ ၅၀၅ အမှုသည်များထံမှ ငွေညှစ်နေသည့် ရှေ့နေ မပစ်ခတ်ရှင်းလင်းခံရ

ပုဒ်မ ၅၀၅ အမှုသည်များထံမှ ငွေညှစ်နေသည့် ရှေ့နေ ပစ်သတ်ခံရ

#Mar23_UpToDate

မန္တလေးတိုင်းကျောက်ဆည်ခရိုင်ကူမဲမြို့ရှိ ပုဒ်မ ၅၀၅ ဖြင့် အဖမ်းခံထားရသည့် အမှုသည်များထံမှ ငွေညှစ်နေသည်ဟုဆိုသော ရှေ့နေ တစ်ဦးပစ်သတ်ခံရကြောင်း သိရသည်။

ယင်းပစ်ခတ်မှုကို ဒေါင်းညီနောင် ဒေသကာကွယ်ရေးတပ်က ဆောင်ရွက်ခြင်းဖြစ်ကာကူမဲမြို့ ၂၁မိုင်ရှိ ရှေ့နေ ဒေါ်သိင်္ဂီညွှန့်ဆိုသူမှာ ပုဒ်မ ၅၀၅ အမှုသည်များထံမှ ငွေညှစ်ခြင်းခြိမ်းခြောက်ငွေတောင်းခံခြင်းများ ပြုလုပ်နေကြောင်းဒေါင်းညီနောင်တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းသို့ဆောင်ရွက်ချက်များကို အမှုသည်ပြည်သူများက တိုင်ကြားသိရှိရသည့်အတွက် ဒေါင်းညီနောင်PDFမှ ဗိုလ် PK ဦးဆောင်သော အဖွဲ့က ယနေ့နံနက်ပိုင်းက ပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်လာသည်။

သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ရှေ့နေ ဒေါ်သိင်္ဂီညွှန့်သည် လည်ပင်းကျည်ထိမှန်ဒဏ်ရာဖြင့် နေရာမှတင် သေဆုံးသွားကြောင်း ဒေါင်းညီနောင် PDF ကထုတ်ပြန်ထားသည်။


#Mar23_UpToDate



