ၾကားသိသမွ်

ရန်ကုန်တိုင်းအတွင်း တပ်မဟာတစ်ခုအဖြစ် တော်လှန်ရေး ၁၁ ဖွဲ့ စုစည်း

ရန်ကုန်တိုင်းအတွင်း တပ်မဟာတစ်ခုအဖြစ် တော်လှန်ရေး ၁၁ ဖွဲ့ စုစည်း

ရန်ကုန်တိုင်းအတွင်း တပ်မဟာတစ်ခုအဖြစ် ပိုမိုထိရောက်အားကောင်းတဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်ဖို့ တော်လှန်ရေးအင်အားစု ၁၁ ဖွဲ့ကို မဟာမိတ် ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။

အဲဒီအဖွဲ့၁၁ ဖွဲ့ထဲမှာ မြို့နယ်အခြေပြုအဖွဲ့တွေနဲ့ မြို့ပြယူဂျီပြောက်ကျားအဖွဲ့တွေ ပါဝင်ပြီး ရှေ့လုပ်ငန်းစဉ်တွေကို လူသူလက်နက်နဲ့ ဉာဏ်စွမ်းပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

‘ကျွန်တော်တို့ ရာနှုန်းပြည့် ယုံကြည်မှုရှိကြတဲ့ အဖွဲ့တွေဦးစားပေးစုစည်းပြီး ရန်ကုန်တိုင်းအတွက် တပ်မဟာတစ်ခုအနေနဲ့ စတင်လိုက်တာပါ။ နောင်လည်း ရသလောက်ကို စုစည်းသွားမယ်’ လို့ ရန်ကုန်တိုင်း သုံးခွမြို့အခြေစိုက် Thongwa Youth Force ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


မဟာမိတ်အဖွဲ့ ၁၁ ဖွဲ့ထဲမှာ (၁) Wolf Warriors STF (WWSTF)၊ (၂) God´s Hand Forces (GHF)၊ (၃) Thongwa Youth Force (T.Y.F)၊ (၄) Kyauktan PDF (KPDF)၊ (၅) Scorpion Force Underground (SFU)၊ (၆) Bahan´s Guerrilla Force (B-PDF)၊

(၇) Secret Underground Force – Kyauktan (SUF-Kyauktan)၊ (၈)Burmese Final Revolution Amred Force (BFRAF)၊ (၉) ဒို့ရိုးရာ ညီနောင်ပျောက်ကျားတပ်ဖွဲ့ (TYY)၊ (၁၀) Special Nway Oo (SNO) နဲ့ (၁၁) Thaketa´s Urban Guerrilla Force (TUGF) တို့ ပါဝင်ပါတယ်။

DNA

ရန္ကုန္တိုင္းအတြင္း တပ္မဟာတစ္ခုအျဖစ္ ေတာ္လွန္ေရး ၁၁ ဖြဲ႕ စုစည္း

ရန္ကုန္တိုင္းအတြင္း တပ္မဟာတစ္ခုအျဖစ္ ပိုမိုထိေရာက္အားေကာင္းတဲ့ စစ္ဆင္ေရးေတြ ေဆာင္ရြက္နိုင္ဖို႔ ေတာ္လွန္ေရးအင္အားစု ၁၁ ဖြဲ႕ကို မဟာမိတ္ ဖြဲ႕စည္းလိုက္ေၾကာင္း သိရပါတယ္။

အဲဒီအဖြဲ႕၁၁ ဖြဲ႕ထဲမွာ ၿမိဳ႕နယ္အေျချပဳအဖြဲ႕ေတြနဲ႔ ၿမိဳ႕ျပယူဂ်ီေျပာက္က်ားအဖြဲ႕ေတြ ပါဝင္ၿပီး ေရွ႕လုပ္ငန္းစဥ္ေတြကို လူသူလက္နက္နဲ႔ ဉာဏ္စြမ္းပူးေပါင္းၿပီး ေဆာင္ရြက္သြားမယ္လို႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

‘ကၽြန္ေတာ္တို႔ ရာႏႈန္းျပည့္ ယုံၾကည္မႈရွိၾကတဲ့ အဖြဲ႕ေတြဦးစားေပးစုစည္းၿပီး ရန္ကုန္တိုင္းအတြက္ တပ္မဟာတစ္ခုအေနနဲ႔ စတင္လိုက္တာပါ။ ေနာင္လည္း ရသေလာက္ကို စုစည္းသြားမယ္’ လို႔ ရန္ကုန္တိုင္း သုံးခြၿမိဳ႕အေျခစိုက္ Thongwa Youth Force ရဲ့ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

မဟာမိတ္အဖြဲ႕ ၁၁ ဖြဲ႕ထဲမွာ (၁) Wolf Warriors STF (WWSTF)၊ (၂) God´s Hand Forces (GHF)၊ (၃) Thongwa Youth Force (T.Y.F)၊ (၄) Kyauktan PDF (KPDF)၊ (၅) Scorpion Force Underground (SFU)၊ (၆) Bahan´s Guerrilla Force (B-PDF)၊ (၇) Secret Underground Force – Kyauktan (SUF-Kyauktan)၊ (၈)Burmese Final Revolution Amred Force (BFRAF)၊ (၉) ဒို႔ရိုးရာ ညီေနာင္ေပ်ာက္က်ားတပ္ဖြဲ႕ (TYY)၊ (၁၀) Special Nway Oo (SNO) နဲ႔ (၁၁) Thaketa´s Urban Guerrilla Force (TUGF) တို႔ ပါဝင္ပါတယ္။

DNA