ၾကားသိသမွ်

ခွင့်သာခိုက် ဩဇီမလိုက်တဲ့ စစ်ခွေးငမိုက်တွေကတော့ ကိုယ့်တွင်းကိုယ်တူးထားကြပေ တော့ တဲ့ပြောပြီ

တွေးကြည့်တာပေါ့နော်။ မှန်ရင်လည်း မှန်မယ်။ မှားရင်လည်း မှားမယ်။

ပြီးခဲ့တဲ့ရက်က စစ်သားCDM တွေကို ဩဇီက လက်ခံလိုက်တဲ့ကိစ္စဟာ လပ်တီးဘက်မှာ အတော်ဂယက်ရိုက်သွားတယ်။ ပြည်သူ့ရင်ခွင်ရဲ့ Telegram မှာ ဆက်သွယ်လာသူတွေ များလွန်းလို့ ဖြေမနိုင်ပဲ။ ကိုယ့်ဆီ လာမေးတာကို မနည်းဘူး။

ဒုဗိုလ်မှူးကြီးအဆင့်တွေ CDM ဝင်လာတယ်။ လပ်တီးဟာ နည်းအမျိုးမျိုးနဲ့ ဖြိုခွဲခံနေရပြီလို့ စိုးဝင်းက ငိုသံကြီးနဲ့ ထုတ်ပြောတဲ့အထိပဲ။

အခု မော်ခီးက ခလရ၅၅၅ စခန်းသိမ်းခံလိုက်ရတဲ့သတင်းက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေက မနည်းမနော။ ဒါတွေ ဒီလောက်ရှိနေတာ ပြန်မခုခံဘူးဆိုတာ ထူးဆန်းတယ်။ မြေပြင်သတင်းတွေမှာ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်တဲ့သတင်းမျိုး တက်မလာဘူး။ KIC ဘက်ကလည်း အသေအပျောက်စာရင်း မထုတ်ပြန်ဘူး။ အရှင်မိသူလည်း မရှိဘူးဆိုတဲ့သဘောမျိုး။

မော်ခီးဆိုတာ မြဝတီဘက် ဝေါလေကဆိုတော့ နယ်စပ်နားပဲ။ ဟိုဘက်ကမ်းရောက်ကုန်ကြပြီ ထင်ရဲ့။ တကယ်စခန်းကျတာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်တော့ ဒါ တပ်ရင်းလိုက်CDM တာပဲ။

KNU ကလည်း အရှင်မိတဲ့ကောင်တွေကို ကြွေပန်းကန်နဲ့ ထမင်းကျွေးပြထားတာဆိုတော့ နောက်ဆို KNU ဘက် ဝင်လာသမျှ စစ်ကြောင်းတွေ၊ တပ်ရင်းတွေ အကြောင်းလိုက် အရင်းလိုက် ဒေးဗစ်ကော့ပါးဖီးလ် မျက်လှည့်လို ဖြစ်ကုန်ကြတော့မယ် ထင်တယ်။ လပ်တီးမှာလည်း KNU ဘက် စစ်ကြောင်းထွက်ချင်ရင် ဘယ်နှပုံးဂါရမယ် စျေးကွက်တောင် ဖြစ်လာနိုင်တယ်။

ဩဇီမှာ ပရော်ပရီလေး သာသာယာယာနေမယ်ဆို ဥာဏ်ကောင်းကြဖို့တော့ လိုပြီ ဂေါင်းကြီးတို့ရဲ့။

စောက်စေတနာတော့ တစ်စက်မှ မရှိဘူးပေါ့ကွာ။ ငါတို့ လူငယ်PDF လေးတွေ အထိအခိုက်အကျအဆုံး လျှော့ချဖို့ ဒီနည်းလမ်းဟာ ဗျူဟာမြောက်နေတာမို့လေ။ PDF တွေပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာ၊ နင်တို့ကို ထားတဲ့ ချစ်ခြင်းမေတ္တာ မဟုတ်ဘူး။

ခွင့်သာခိုက် ဩဇီမလိုက်တဲ့ စစ်ခွေးမိုက်တွေကတော့ ကိုယ့်တွင်းကိုယ်ရွေးထားကြလေ။

ေတြးၾကည့္တာေပါ့ေနာ္။ မွန္ရင္လည္း မွန္မယ္။ မွားရင္လည္း မွားမယ္။

ၿပီးခဲ့တဲ့ရက္က စစ္သားCDM ေတြကို ဩဇီက လက္ခံလိုက္တဲ့ကိစၥဟာ လပ္တီးဘက္မွာ အေတာ္ဂယက္ရိုက္သြားတယ္။ ျပည္သူ႔ရင္ခြင္ရဲ့ Telegram မွာ ဆက္သြယ္လာသူေတြ မ်ားလြန္းလို႔ ေျဖမနိုင္ပဲ။ ကိုယ့္ဆီ လာေမးတာကို မနည္းဘူး။

ဒုဗိုလ္မႉးႀကီးအဆင့္ေတြ CDM ဝင္လာတယ္။ လပ္တီးဟာ နည္းအမ်ိဳးမ်ိဳးနဲ႔ ၿဖိဳခြဲခံေနရၿပီလို႔ စိုးဝင္းက ငိုသံႀကီးနဲ႔ ထုတ္ေျပာတဲ့အထိပဲ။

အခု ေမာ္ခီးက ခလရ၅၅၅ စခန္းသိမ္းခံလိုက္ရတဲ့သတင္းက သိမ္းဆည္းရမိတဲ့ လက္နက္ခဲယမ္းေတြက မနည္းမေနာ။ ဒါေတြ ဒီေလာက္ရွိေနတာ ျပန္မခုခံဘူးဆိုတာ ထူးဆန္းတယ္။ ေျမျပင္သတင္းေတြမွာ ျပင္းျပင္းထန္ထန္တိုက္ပြဲျဖစ္တဲ့သတင္းမ်ိဳး တက္မလာဘူး။ KIC ဘက္ကလည္း အေသအေပ်ာက္စာရင္း မထုတ္ျပန္ဘူး။ အရွင္မိသူလည္း မရွိဘူးဆိုတဲ့သေဘာမ်ိဳး။

ေမာ္ခီးဆိုတာ ျမဝတီဘက္ ေဝါေလကဆိုေတာ့ နယ္စပ္နားပဲ။ ဟိုဘက္ကမ္းေရာက္ကုန္ၾကၿပီ ထင္ရဲ့။ တကယ္စခန္းက်တာ ျဖစ္ရင္ျဖစ္၊ မျဖစ္ရင္ေတာ့ ဒါ တပ္ရင္းလိုက္CDM တာပဲ။

KNU ကလည္း အရွင္မိတဲ့ေကာင္ေတြကို ေႂကြပန္းကန္နဲ႔ ထမင္းေကၽြးျပထားတာဆိုေတာ့ ေနာက္ဆို KNU ဘက္ ဝင္လာသမၽွ စစ္ေၾကာင္းေတြ၊ တပ္ရင္းေတြ အေၾကာင္းလိုက္ အရင္းလိုက္ ေဒးဗစ္ေကာ့ပါးဖီးလ္ မ်က္လွည့္လို ျဖစ္ကုန္ၾကေတာ့မယ္ ထင္တယ္။ လပ္တီးမွာလည္း KNU ဘက္ စစ္ေၾကာင္းထြက္ခ်င္ရင္ ဘယ္ႏွပုံးဂါရမယ္ ေစ်းကြက္ေတာင္ ျဖစ္လာနိုင္တယ္။

ဩဇီမွာ ပေရာ္ပရီေလး သာသာယာယာေနမယ္ဆို ဉာဏ္ေကာင္းၾကဖို႔ေတာ့ လိုၿပီ ေဂါင္းႀကီးတို႔ရဲ့။

ေစာက္ေစတနာေတာ့ တစ္စက္မွ မရွိဘူးေပါ့ကြာ။ ငါတို႔ လူငယ္PDF ေလးေတြ အထိအခိုက္အက်အဆုံး ေလၽွာ့ခ်ဖို႔ ဒီနည္းလမ္းဟာ ဗ်ဴဟာေျမာက္ေနတာမို႔ေလ။ PDF ေတြေပၚ ထားတဲ့ ခ်စ္ျခင္းေမတၱာ၊ နင္တို႔ကို ထားတဲ့ ခ်စ္ျခင္းေမတၱာ မဟုတ္ဘူး။

ခြင့္သာခိုက္ ဩဇီမလိုက္တဲ့ စစ္ေခြးမိုက္ေတြကေတာ့ ကိုယ့္တြင္းကိုယ္ေရြးထားၾကေလ။