ၾကားသိသမွ်

မတ် ၂၇ နီးကပ်လာပြီး ရဲစခန်းများ တိုက်ခိုက်ခံရနိုင်သဖြင့် တစ်ဝက်အိပ် တစ်ဝက်နိုး ကင်းစောင့်ရန် စကစ လျှို့ဝှက်ညွှန်ကြား

မတ် ၂၇ နီးကပ်လာပြီး ရဲစခန်းများ တိုက်ခိုက်ခံရနိုင်သဖြင့် တစ်ဝက်အိပ် တစ်ဝက်နိုး ကင်းစောင့်ရန် စကစ လျှို့ဝှက်ညွှန်ကြား

မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့ နီးကပ်လာပြီဖြစ်သဖြင့် ရဲစခန်းများအနေဖြင့် ဘန်ကာ၊ ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းများတူး၍ စခန်းတစ်ခုလုံး တစ်ဝက်သာအိပ်ပြီး တစ်ဝက်ကင်းစောင့်စနစ် ကျင့်သုံးရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။

မတ် ၂၇ ကို စကစတပ်က တပ်မတော်နေ့ဟုခေါ်ဝေါ်ပြီး ယင်းနေ့နီးကပ်လာပြီဖြစ်သဖြင့် အင်အားနည်းပါးသော၊ အစွန်အဖျားရှိ ရဲစခန်း၊ ရဲကင်းစခန်းများအနေဖြင့် အလစ်အငိုက်တိုက်ခိုက်ခံရနိုင်ကြောင်း၊

ယင်းအတွက် လုံခြုံရေးသတိဖြင့် စခန်းတစ်ခုလုံးရှိအင်အားမှ တစ်ဝက်သာညအိပ်ပြီး ကျန်တစ်ဝက်က ကင်းစောင့်သည့်စနစ် တစ်ဝက်အိပ် တစ်ဝက်နိုးစနစ်ကျင့်သုံးရန် စကစတပ်က ညွှန်ကြားထားခြင်းဖြစ်ကြောင်း စကစရဲတပ်ဖွဲ့၏ လျှို့ဝှက်ကြေးနန်းအရသိရသည်။


ယင်းအပြင် ဘန်ကာများ၊ ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများတူး၍ လူ၊ လက်နက်၊ ခဲယမ်း၊ ယာဉ် အဆင်သင့်ပြင်ထားရန်လည်း ညွှန်ကြားထားသည်ကိုတွေ့ရသည်။

စကစရဲများအနေဖြင့် သက်ဆိုင်ရာ တပ်နယ်(စစ်တပ်)နှင့်ချိတ်ဆက်ဆောင်ရွက်ရန်စသဖြင့်လည်း ညွန်ကြားထားသည်ကိုတွေ့ရသည်။
News Ambassador ( ယခင်ပုံအဟောင်း )

မတ္ ၂၇ နီးကပ္လာၿပီး ရဲစခန္းမ်ား တိုက္ခိုက္ခံရနိုင္သျဖင့္ တစ္ဝက္အိပ္ တစ္ဝက္နိုး ကင္းေစာင့္ရန္ စကစ လၽွို႔ဝွက္ညႊန္ၾကား

မတ္လ ၂၇ ရက္ေန႔ ေတာ္လွန္ေရးေန႔ နီးကပ္လာၿပီျဖစ္သျဖင့္ ရဲစခန္းမ်ားအေနျဖင့္ ဘန္ကာ၊ ကတုတ္က်င္း၊ ဆက္သြယ္ေရးေျမာင္းမ်ားတူး၍ စခန္းတစ္ခုလုံး တစ္ဝက္သာအိပ္ၿပီး တစ္ဝက္ကင္းေစာင့္စနစ္ က်င့္သုံးရန္ စစ္ေကာင္စီက ညႊန္ၾကားထားေၾကာင္း သိရသည္။

မတ္ ၂၇ ကို စကစတပ္က တပ္မေတာ္ေန႔ဟုေခၚေဝၚၿပီး ယင္းေန႔နီးကပ္လာၿပီျဖစ္သျဖင့္ အင္အားနည္းပါးေသာ၊ အစြန္အဖ်ားရွိ ရဲစခန္း၊ ရဲကင္းစခန္းမ်ားအေနျဖင့္ အလစ္အငိုက္တိုက္ခိုက္ခံရနိုင္ေၾကာင္း၊ ယင္းအတြက္ လုံျခဳံေရးသတိျဖင့္ စခန္းတစ္ခုလုံးရွိအင္အားမွ တစ္ဝက္သာညအိပ္ၿပီး က်န္တစ္ဝက္က ကင္းေစာင့္သည့္စနစ္ တစ္ဝက္အိပ္ တစ္ဝက္နိုးစနစ္က်င့္သုံးရန္ စကစတပ္က ညႊန္ၾကားထားျခင္းျဖစ္ေၾကာင္း စကစရဲတပ္ဖြဲ႕၏ လၽွို႔ဝွက္ေၾကးနန္းအရသိရသည္။

ယင္းအျပင္ ဘန္ကာမ်ား၊ ကတုတ္က်င္းမ်ား၊ ဆက္သြယ္ေရးေျမာင္းမ်ားတူး၍ လူ၊ လက္နက္၊ ခဲယမ္း၊ ယာဥ္ အဆင္သင့္ျပင္ထားရန္လည္း ညႊန္ၾကားထားသည္ကိုေတြ႕ရသည္။

စကစရဲမ်ားအေနျဖင့္ သက္ဆိုင္ရာ တပ္နယ္(စစ္တပ္)ႏွင့္ခ်ိတ္ဆက္ေဆာင္ရြက္ရန္စသျဖင့္လည္း ညြန္ၾကားထားသည္ကိုေတြ႕ရသည္။
News Ambassador ( ယခင္ပုံအေဟာင္း )