ၾကားသိသမွ်

”ရိုဟင်ဂျာတွေအပေါ် ကို အာဏာသိမ်းမြန်မာစစ်တပ်က လူမျိူးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို အမေရိကန်အစိုးရက ဒီကနေ့ တရားဝင်ကြေညာမယ်”

”ရိုဟင်ဂျာတွေအပေါ် ကို အာဏာသိမ်းမြန်မာစစ်တပ်က လူမျိူးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို အမေရိကန်အစိုးရက ဒီကနေ့ တရားဝင်ကြေညာမယ်”(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန)

—People’s Spring

ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု (genocide)နှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သောရာဇဝတ်မှုများ(crimes against humanity)ကို မြန်မာစစ်တပ်ကျူးလွန်ခဲ့ကြောင်း အမေရိကန် အစိုးရက ယနေ့တရားဝင်ကြေငြာမည်ဟု CNN သတင်းဌာနက ဖော်ပြ သည်။

နှစ်ပေါင်းများစွာကြာ လူ့အခွင့်အရေးအဖွဲ့များတောင်းဆိုနေခဲ့သော အထက်ပါ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဝါရှင်တန်မြို့တော်ရှိ US Holocaust Memorial Museum ၌ လူသိရှင်ကြားထုတ်ပြန်ကြေညာမည်ဟု ဆိုသည်။

“နောက်ဆုံးမှာ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ရက်စက်ယုတ်မာမှုတွေကို ဂျီနိုဆိုက်အဖြစ် သတ်မှတ်ခဲ့တာအတွက် ဘိုင်ဒန်အစိုးရကို ကျွန်တော်ချီးကျူးပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အချိန် နှောင်းနေပြီဖြစ်ပေမယ့် ဒီလူမဆန်တဲ့(စစ်)အစိုးရကို အရေးယူဖို့ အားကောင်းပြီး အလွန်အရေး ကြီးတဲ့ခြေလှမ်းဖြစ်ပါတယ်”ဟု အမေရိကန်အထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီဝင် ဂျက်ဖ်မက်ကလီက ပြောသည်။

၂၀၁၈ တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိတ်တဆိတ်ထုတ်ပြန်ခဲ့သော အစီရင်ခံစာ ၌ ‘ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုသည် ပြင်းထန်စွာ၊ ကြီးမားကျယ်ပြန့်စွာ၊ လူထုကို အကြမ်းဖက်ပြီး ဌာနေရိုဟင်ဂျာများကို မောင်းထုတ်ခြင်း သက်ရောက်ခဲ့ကြောင်း’ ဖော်ပြထားသည်။

အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိမှုဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စစ်တပ်ထိပ်တန်းအရာရှိများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပိတ်ဆို့ ဒဏ်ခတ်အရေးယူခဲ့သည်။
ဓာတ်ပုံ – CNN

”ရိုဟင္ဂ်ာေတြအေပၚ ကို အာဏာသိမ္းျမန္မာစစ္တပ္က လူမ်ိဴးတုန္းသတ္ျဖတ္မႈက်ဴးလြန္ခဲ့တယ္ဆိုတာကို အေမရိကန္အစိုးရက ဒီကေန႔ တရားဝင္ေၾကညာမယ္”(အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာန)

—People’s Spring

ရိုဟင္ဂ်ာမ်ားအေပၚ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ (genocide)ႏွင့္ လူသားမ်ိဳးႏြယ္ကို ဆန႔္က်င္ေသာရာဇဝတ္မႈမ်ား(crimes against humanity)ကို ျမန္မာစစ္တပ္က်ဴးလြန္ခဲ့ေၾကာင္း အေမရိကန္ အစိုးရက ယေန႔တရားဝင္ေၾကျငာမည္ဟု CNN သတင္းဌာနက ေဖာ္ၿပ သည္။

ႏွစ္ေပါင္းမ်ားစြာၾကာ လူ႔အခြင့္အေရးအဖြဲ႕မ်ားေတာင္းဆိုေနခဲ့ေသာ အထက္ပါ ဆုံးျဖတ္ခ်က္ကို အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္က ဝါရွင္တန္ၿမိဳ႕ေတာ္ရွိ US Holocaust Memorial Museum ၌ လူသိရွင္ၾကားထုတ္ျပန္ေၾကညာမည္ဟု ဆိုသည္။

“ေနာက္ဆုံးမွာ ရိုဟင္ဂ်ာေတြအေပၚက်ဴးလြန္ခဲ့တဲ့ရက္စက္ယုတ္မာမႈေတြကို ဂ်ီနိုဆိုက္အျဖစ္ သတ္မွတ္ခဲ့တာအတြက္ ဘိုင္ဒန္အစိုးရကို ကၽြန္ေတာ္ခ်ီးက်ဴးပါတယ္။ ဒီဆုံးျဖတ္ခ်က္ဟာ အခ်ိန္ ေႏွာင္းေနၿပီျဖစ္ေပမယ့္ ဒီလူမဆန္တဲ့(စစ္)အစိုးရကို အေရးယူဖို႔ အားေကာင္းၿပီး အလြန္အေရး ႀကီးတဲ့ေျခလွမ္းျဖစ္ပါတယ္”ဟု အေမရိကန္အထက္လႊတ္ေတာ္နိုင္ငံျခားေရးေကာ္မတီဝင္ ဂ်က္ဖ္မက္ကလီက ေျပာသည္။

၂၀၁၈ တြင္ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာနက တိတ္တဆိတ္ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာ ၌ ‘ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ ရိုဟင္ဂ်ာမ်ားအေပၚ အၾကမ္းဖက္မႈသည္ ျပင္းထန္စြာ၊ ႀကီးမားက်ယ္ျပန႔္စြာ၊ လူထုကို အၾကမ္းဖက္ၿပီး ဌာေနရိုဟင္ဂ်ာမ်ားကို ေမာင္းထုတ္ျခင္း သက္ေရာက္ခဲ့ေၾကာင္း’ ေဖာ္ျပထားသည္။

အဆိုပါ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအတြက္ တာဝန္ရွိမႈျဖင့္ စစ္ေခါင္းေဆာင္မင္းေအာင္လွိုင္အပါအဝင္ စစ္တပ္ထိပ္တန္းအရာရွိမ်ားကို အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာနက ပိတ္ဆို႔ ဒဏ္ခတ္အေရးယူခဲ့သည္။
ဓာတ္ပုံ – CNN