ၾကားသိသမွ်

ရခိုင်နဲ့မြစ်ဝကျွန်းပေါ်ကိုအပူပိုင်းမုန်တိုင်းဝင်ရောက်နိုင်ကြောင်းNUGသတိပေးထုတ်ပြန်

ရခိုင်နဲ့မြစ်ဝကျွန်းပေါ်ကိုအပူပိုင်းမုန်တိုင်းဝင်ရောက်နိုင်ကြောင်းNUGသတိပေးထုတ်ပြန်

Mar20

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာမဲ့ အပူပိုင်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို ဝင်ရောက် နိုင်ခြေရှိနေပြီး ဧရာဝတီနဲ့ ရခိုင်ဒေသကို ဖြတ်ပြီး ဝင်ရောက်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန် ပါတယ်။


NUG မှတာဝန်ရှိသူတစ်ဦးကတော့ “ မုန်တိုင်းအဓိကသက်ရောက်နိုင်တဲ့နေရာတွေကတော့ ဧရာဝတီ မြစ်ဝကျွန်း ပေါ်ဒေသမှာဆိုရင် မော်တင်စွန်းထိပ်နဲ့ ရခိုင်ကမ်းရိုးတန်းဒေသဆိုရင်တော့ စစ်တွေနဲ့ ကျောက်ဖြူကြားဝင်ရောက်လာနိုင်တယ်။

ဒါကြောင့် အဲဒီဒေသကလူတွေအနေနဲ့ ယခုရက်ပိုင်းမှာ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းတာမျိုး ပင်လယ်ပြင် ခရီးသွားလာတာများကို ရှောင်ရှားသင့်တယ်။

ကမ်းရိုးတန်းအနီး မြေနိမ့်တဲ့နေရာမှာ နေထိုင်တဲ့ ဒေသခံ ပြည်သူများအနေနဲ့ ဒီရေမြင့်တက်လာနိုင် သည့်အန္တရာယ်ကိုလည်း သတိပြုနေထိုင်ဖို့လိုတယ်” လို‌ပြောပါတယ်။


၂၄ နာရီအတွင်းလေးဖိအားနည်းရပ်ဝန်းမှမုန်တိုင်းအဖြစ်အားကောင်းလာနိုင်တဲ့ အပူပိုင်းမုန်တိုင်းဟာ မတ်လ၊ (၂၂) ရက်မှာ မြန်မာနိုင်ငံ မော်တင်စွန်း အထက်နားကနေဖြတ်ကျော်ပြီး (၂၃) ရက်မှာတော့ စစ်တွေနဲ့ ကျောက်ဖြူ မြို့ကြားမှ ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန မတ်လ ၁၉ရက်ညက သတိပေးချက်ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

မုန်တိုင်းကမ်းရိုးတန်းသို့ မဝင်မီ မတ်လ ၂၀၊၂၁ရက်မှာ ပင်လယ်ပြင်မှာ မိုးနှင့်လေပြင်း အလွန်အားပြင်းနိုင်တယ်လို့လည်း အိန္ဒိယမိုးလေဝသဌာန(IMD)က သတိပေး ထားပါတယ်။

BVJ

ရခိုင္နဲ႔ျမစ္ဝကၽြန္းေပၚကိုအပူပိုင္းမုန္တိုင္းဝင္ေရာက္နိုင္ေၾကာင္းNUGသတိေပးထုတ္ျပန္
Mar20

ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ေပၚလာမဲ့ အပူပိုင္းမုန္တိုင္းဟာ ျမန္မာနိုင္ငံကို ဝင္ေရာက္ နိုင္ေျခရွိေနၿပီး ဧရာဝတီနဲ႔ ရခိုင္ေဒသကို ျဖတ္ၿပီး ဝင္ေရာက္နိုင္တယ္လို႔ အမ်ိဳးသားညီညြတ္ေရး အစိုးရ၊ လူသားခ်င္း စာနာေထာက္ထားေရးႏွင့္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရးဝန္ႀကီးဌာနက သတိေပးခ်က္ထုတ္ျပန္ ပါတယ္။

NUG မွတာဝန္ရွိသူတစ္ဦးကေတာ့ “ မုန္တိုင္းအဓိကသက္ေရာက္နိုင္တဲ့ေနရာေတြကေတာ့ ဧရာဝတီ ျမစ္ဝကၽြန္း ေပၚေဒသမွာဆိုရင္ ေမာ္တင္စြန္းထိပ္နဲ႔ ရခိုင္ကမ္းရိုးတန္းေဒသဆိုရင္ေတာ့ စစ္ေတြနဲ႔ ေက်ာက္ျဖဴၾကားဝင္ေရာက္လာနိုင္တယ္။

ဒါေၾကာင့္ အဲဒီေဒသကလူေတြအေနနဲ႔ ယခုရက္ပိုင္းမွာ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းတာမ်ိဳး ပင္လယ္ျပင္ ခရီးသြားလာတာမ်ားကို ေရွာင္ရွားသင့္တယ္။ ကမ္းရိုးတန္းအနီး ေျမနိမ့္တဲ့ေနရာမွာ ေနထိုင္တဲ့ ေဒသခံ ျပည္သူမ်ားအေနနဲ႔ ဒီေရျမင့္တက္လာနိုင္ သည့္အႏၲရာယ္ကိုလည္း သတိျပဳေနထိုင္ဖို႔လိုတယ္” လို‌ေျပာပါတယ္။

၂၄ နာရီအတြင္းေလးဖိအားနည္းရပ္ဝန္းမွမုန္တိုင္းအျဖစ္အားေကာင္းလာနိုင္တဲ့ အပူပိုင္းမုန္တိုင္းဟာ မတ္လ၊ (၂၂) ရက္မွာ ျမန္မာနိုင္ငံ ေမာ္တင္စြန္း အထက္နားကေနျဖတ္ေက်ာ္ၿပီး (၂၃) ရက္မွာေတာ့ စစ္ေတြနဲ႔ ေက်ာက္ျဖဴ ၿမိဳ႕ၾကားမွ ျဖတ္ေက်ာ္ ဝင္ေရာက္နိုင္တယ္လို႔ လူသားခ်င္းစာနာ ေထာက္ထားေရးႏွင့္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရးဝန္ႀကီးဌာန မတ္လ ၁၉ရက္ညက သတိေပးခ်က္ထုတ္ျပန္ထားတာလည္းျဖစ္ပါတယ္။

မုန္တိုင္းကမ္းရိုးတန္းသို႔ မဝင္မီ မတ္လ ၂၀၊၂၁ရက္မွာ ပင္လယ္ျပင္မွာ မိုးႏွင့္ေလျပင္း အလြန္အားျပင္းနိုင္တယ္လို႔လည္း အိႏၵိယမိုးေလဝသဌာန(IMD)က သတိေပး ထားပါတယ္။
BVJ