ၾကားသိသမွ်

ကျောက်ကြီးမြို့ ခမရ (၃၅၁) တပ်ရင်းမှူး စစ်တပ်ကိုစွန့်ခွာထွက်ပြေး၊ တိုက်ပွဲတွင်ကျဆုံးသည်ဟု စစ်ကောင်စီ သတင်းလွှင့်ထား

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၅၁ တပ်ရင်းမှ တပ် ရင်းမှူး ရှေ့တန်းစစ်ဆင်ရေးထွက်နေရာမှ ဖေဖော်ဝါရီလအတွင်းကစစ်ကောင်စီတပ်ကို စွန့်ခွာထွက်ပြေးနေကြောင်း ၎င်းနှင့်နီးစပ်သူတဦးထံကသိရသည်။

စစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးနေသူ တပ်ရင်းမှူးမှာ ဒု-ဗိုလ်မှူးကြီး မျိုးမင်းထွန်း ဆိုသူဖြစ်ပြီး KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေရာမှ စစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးသွားခြင်းဖြစ် သည်။

အဆိုပါဒု-ဗိုလ်မှူးကြီး မျိုးမင်းထွန်းမှာ ယခင်က ကော့သောင်းမြို့အခြေစိုက် ကမ်းရိုးတန်ဒေသတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ ခမရ ၄၃၁ တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဖြစ်ပြီးဇန်နဝါရီလဆန်းပိုင်းတွင် ရာထူးတိုးဖြင့် ဒု-ဗိုလ် မှူးကြီးအဆင့်ရရှိကာ ကျောက်ကြီး ခမရ ၃၅၁ တပ်ရင်းသို့ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း သိရသည်။


” သူက အရင်က ကော့သောင်း ၄၃၁ က ဒု-တပ်ရင်းမှူး။ အဲ့ဒီကနေ တပ်ရင်းမှူးဖြစ်ပြီး ကျောက်ကြီး ၃၅၁ ကိုပြောင်းသွားတာ ၁လပိုင်းထဲကမှ။ အဲ့ဒီတပ်ကနေ မှ KNU တပ်မဟာ ၃ နဲ့ ၅ ကြားမှာ စစ်ဆင်ရေးထွက်ရင်းအဲ့ဒီကနေမှ ထွက်သွားတာ” ဟု ၎င်း ဒု-ဗိုလ်မှူးကြီးနှင့် နီးစပ်သည့် ကော့သောင်းမြို့ခံတဦးက ပြောဆိုကြောင်း ဧရာဝတီတိုင်းမ် သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ ဒု-ဗိုလ်မှူးကြီးမှာ စစ်ကိုင်းတိုင်းဇာတိဖြစ်ပြီး စစ် ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်မှမီးရှို့ သတ်ဖြတ်နေသဖြင့် ၎င်း၏မိဘများလည်းစစ်ဘေးရှောင်ဒေသများတွင်နေထိုင်နေရကြောင်း သိရသည်။

ဒု-ဗိုလ်မှူးကြီး စစ်ကောင်စီတပ်ကိုစွန့်ခွာသွားမှုကို စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲအတွင်းကျဆုံးသွားသည်ဟု သတင်းလွှင့်ထားကြောင်း သိရသည်။

” သူ့အရင်တပ် ကော့သောင်း ၄၃၁ ထဲမှာတောင် အရင် 2IC(ဒု-တပ်ရင်းမှူး) တိုက်ပွဲကျသွားတယ်လို့ဘဲ သိထားတာ။ သူ့ကို သေပြီလို့သတင်းလွှင့်ထားတယ် ။ ဒီလိုတပ်ကိုစွန့်ခွာသွားတယ်လို့မသိကြဘူး ” ၎င်း ကော့သောင်းမြို့ခံက ပြောသည်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းအစောပိုင်းကာလအတွင်း CDM လှုပ်ရှားမှူများစတင်ချိန်တွင် ကော့သောင်းမြို့ အခြေစိုက် ခမရ ၄၃၁ မှ အသက်၂၁ နှစ်အရွယ် ဗိုလ် ချမ်းမြသူ သည် CDM လှုပ်ရှားမှုအစောပိုင်းပါဝင်လာခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ CDM တွင်ပါဝင်လာသည့် တပ်မတော်သားအရာရှိများတွင် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင်ဖြင့် ပါဝင်လာသူ ၃ ဦး ရှိပြီဖြစ်ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ဝင် CDM တပ်မတော်သားအရာရှိများဘက်မှဖေဖော်ဝါရီ လအတွင်း ပြောဆိုထားပြီးအဆိုပါ ဒု-ဗိုလ်မှူးကြီးနှင့် ပတ် သက်၍ တစုံတရာထုတ်ပြန်ခြင်းမျိုး မရှိသေးပါ။