ၾကားသိသမွ်

အတွင်းကြေ (ဩစီရဲ့ အကူညီဟာစစ်တပ်ထဲကို ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးပစ်ချလိုက်သလိုပါပဲ)

အတွင်းကြေ

ထွန်းထွန်းမင်းပွဲ ကြည့်ဘူးကြတယ် မှတ်လား အပေါ်ကို ဟန်ပြထိုးပြီး အောက်ခြေပဲ ခြေခတ်ဖြိုတာ တဖက်လူ ခြေတောင် မထောက်နိုင်ပဲ ဒုချီလောက်နဲ့ ပြိုလဲသွားတယ် ခုလည်း ဒီသဘောတရားပဲ

ခု ဩစီရဲ့ အကူညီဟာ စစ်လက်နက်မပြောနဲ့ နူထက်တောင် တန်ဖိုးကြီးပြီး ပိုထိရောက်ပါတယ် ပြောရရင် စစ်တပ်ထဲကို ဟိုက်ဒရိုဂျင်ဗုံးတလူံး ပစ်ချလိုက်သလိုပါပဲ စစ်တပ်လည်း ဘာမှကို မတတ်နိုင်ပဲ လက်နက်ချ အရှုံးပေးရမည့်ကိန်းပါပဲ

သေချာတာက ဒီသတင်းကို အသေလည်း လိုက်ဖုံးပေမယ့် မရတော့ပါဘူး စိုး၀င်းကိုယ်၌ပြာပြီး ပြည်တွင်းပြည်ပ သူ့စစ်တပ်ကို ဖြိုခွဲနေတယ်ဆိုပြီး လိုက်လံစည်းရုံးနေရာတဲ့အထိ ဖြစ်နေပါပြီ

ဒီတော့ နဂိုထဲကမှ အသေမခံချင်လို့ ထွက်ချင်နေသူများနေတာကို ခုလို ဩစီက တရား၀င်ဗီဇာပေးနေတယ် လာလို့ရကြောင်း ကြေငြာလိုက်တော့ တပ်ဟာ ပျက်နေရာကနေ ပြိုတော့မည့်ကိန်း အခြေနေနဲ့

NUG ရဲ့ သံတမန်ရေး အောင်မြင်မှု ဩစီရဲ့ စစ်လက်နက်ထက် ထိရောက်တဲ့ ကူညီမှုနဲ့ စစ်တပ်ကို ပညာသားပါစွာ ဖြိုခွင်းမှုတွေဟာပြည်သူအပေါ် အကြမ်းဖက် ယုတ်မာနေတဲ့ စစ်တပ်အတွက် ထိုက်တန်ပြီး မျက်ကလည်းဆန်ပြာဖြစ်တဲ့အထိ ကြောက်ရွံ့သွားအောင် လုပ်နိုင်တဲ့အတွက် လက်နက်ထက် ထိရောက်သလို ဘာမှလည်း စောတကတက်ခွင့် မရှိပါဘူး

ဒီတော့ စစ်တပ်ဟာ ကိုယ့်လူကိုထိန်းနေရတာနဲ့တင် ရှေ့တန်းလွှတ် ဗူံးကျဲစေဖို့ပါ ခက်လာတော့မှာပါဆိုတာ သိစေချင်သည်
ဒီတော့ ခုလိုအခြေနေမှာ ပြည်သူတွေရဲ့ လေယာဉ်ပစ်ကမ်ပိန်းနဲ့ NUG ရဲ့ လက်နက်ထောက်ပံ့မှုတွေသာ အလုံးစုံ အိုကေပြီဆို ကျန် US ငွေက ပြည်သူအတွက်အသာထားလို့

တော်လှန်ရေးဟာ ပြီးဆုံးဖို့ ခရီးဆုံးနားရောက်ပြီလို့တောင် ပြောလို့ရနိုင်ကြောင်းနဲ့ ထိုထက် အခြားနိုင်ငံတွေမှလည်း အသိမှတ်ပြု ကူညီပြိဆို ခု မအလတို့လုပ်နေတဲ့ အရာတွေဟာ ပေါ်ပင်အဖြစ်နဲ့သာ လစ်ရတော့မည် ဖြစ်ကြောင်း အသိပေးလိုသည်

အကြောင်းသည် မည်သူမျှ အဖက်မလုပ်ခံရသော စစ်တပ်သည် အတွင်းနဲ့အောက်ခြေဟာ ပြိုလိုနီးပါး ဖြစ်နေသည်ကိုတွေ့ရပြီး ပြိုမှုသာလျင် ဒီပွဲရဲ့ အဆုံးအဖြတ် အနိုင်အရှုံး အဖြေဆိုတာ သိလျှင် ပြည်သူဘက်မှ အချိန်အနည်းငယ်သာ ထပ်ပေးပြီး

ယခုလို ခြွေစစ်နဲ့ တိုက်ရင်ကို အောင်ပွဲဟာ နောင်မလဲသည့်အထိ စစ်တပ်ကို အသာယာနဲ့ အလဲထိုး အနိုင်ယူနိုင်မည်ဖြစ်ကြောင်း အသိပေးရင်းစစ်သားမရှိတဲ့ စစ်တပ်စိတ်ဓာတ်မရှိတဲ့ အင်အားပျက်ပြားနေတဲ့ အဖွဲ့စည်းအတွက်

အပေါ်မှာ ဟန်နဲ့ထိန်း လျောက်လုပ်ပြ ဖိန့်နေသော်လည်း အဓိက ဖြစ်တဲ့ အတွင်းနဲ့ အောက်ခြေ ပြိုပျက်မှုကြောင့် မကြာမီအချိန်အတွင်း မအလနဲ့ အလံတိုင်ပဲ ကျန်မည်ဆိုတဲ့ တပ်တွင်း စကားဟာ မှန်လာနေပြီဟုဆိုရမလိုဖြစ်ပြီး

ပြည်သူ့အောင်ပွဲတော်လှန်ရေးဟာလည်း တဖြေးဖြေးပြီးဆုံးဖို့ နီးကပ်လာသည်ဟု ခံစားမြင်မိပါကြောင်း ထပ်လောင်းအသိပေး ပြောကြားအပ်ပါသည်ခဗျာ ထိုအတွက် စိတ်ရှည် သီးခံ တောင့်ခံရန် အောင်ပွဲဟာ ပြည်သူ့လက်ထဲမှာပါဟုသာ !

#မင်းကြည်ညိုနေ 🕊️