ၾကားသိသမွ်

အာဏာလု စစ်ခေါင်းဆောင် (သမိုင်းတရားခံ)အနာဂတ်တော်လှန်ရေးသမိုင်းဖတ်စာအုပ်စာမျက်နှာ

အာဏာလု စစ်ခေါင်းဆောင် (သမိုင်းတရားခံ)အနာဂတ်တော်လှန်ရေးသမိုင်းဖတ်စာအုပ်စာမျက်နှာ

မြန်မာပြည်သူတွေ အသက်အသေခံတော်လှန်နေတဲ့အာဏာလုစစ်ခေါင်းဆောင်တယောက်သည်ရွေးကောက်ခံသမ္မတနဲ့ရွေးကောက်ပွဲအနိုင်ရပါတီဥက္ကထ လူထုခေါင်းဆောင်ကိုလက်နက်အားကိုးခြိမ်းခြောက်ဖမ်းဆီးကာ

သမ္မတအိမ်တော် ရာဇပလ္လင်ရှေ့ ရွှေရောင်ကုလားထိုင်ကြီး၌ ဟန်ပါပါ ​မြိမ့်မြိမ့်ကြီးထိုင်လိုက် မတ်တပ်ရပ်လိုက်နဲ့ အရူးအမဲသားတုံးရသလို
ဗျာဗြာနေလေသည်။

ထိုနေရာ ရာဇပလ္လင်ရှေ့ ရွှေကောင်ကုလားထိုင်ကြီးပေါ်မှာ ထိုင်ခွင့်ရဖို့အရေး အာဏာလုစစ်ခေါင်းဆောင်ဟာ ပြည်သူလူထုများစွာကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။

အာဏာသိမ်းခြင်းကိုလက်မခံ၍ဆန္ဒဖော်ထုတ်ခဲ့ကြသော ကျောင်းသားလူငယ် ပညာရှင် ဆရာဝန် လယ်သမား ဘုန်းကြီးရဟန်း တနိုင်ငံလုံးမြို့ရွာတောမကျန် လမ်းမပေါ်မှာလူထုအပြည့်အင်အားပြဆန့်ကျင်ခဲ့ကြသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်သည် မျက်စိစုံမှိတ်အာဏာငမ်းဖမ်းကာ အကြမ်းဖက်နှိမ်နင်းဖမ်းဆီးသတ်ဖြတ်ခဲ့လေသည်။


၎င်းအာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အပေါင်းပါတစုတို့သည် တိုင်းပြည်အာဏာကိုမတရားရယူသိမ်းပိုက်လိုက်သည့်နေ့ရက်မှစတင်ကာ
လမ်းသွားလမ်းလာလူငယ်လူရွယ်တွေ့သမျှ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်နေတော့သည်။

မြို့ရွာလူထုများမှာ အထိတ်တလန့်နေထိုင်ရင်း ညအချိန်မတော် ၎င်းတို့ဝင်ချင်တဲ့အိမ်ဝင် ဖမ်းချင်တဲ့အိမ်ဖမ်း ဖျက်ဆီးချင်တဲ့အိမ်ဖျက်ဆီး လုယက် သတ်ဖြတ် ရွာလုံးကျွတ် မြို့လုံးကျွတ် မီးရှို့ခဲ့ကြသည်။

အာဏာလုစစ်ခေါင်းဆောင်သည် မိမိအာဏာတည်ရေးသာအဓိကထားကာ လူထုအား မီးရေဖြတ်တောက်ခြင်း ကုန်စျေးနှုန်းကြီးမြင့်စေခြင်း

အခြေခံအလုပ်အကိုင်အခွင့်အရေးများကိုဖျက်ဆိးခြင်း ဘဏ်အပ်နှံငွေကြေးများကိုထိန်းချုပ်ခြင်း နေအိမ်များချိတ်ပိတ်သိမ်းယူခြင်း ရပ်ကွက်များကိုကျူးကျော်သတ်မှတ်ကာ ဖျက်သိမ်းခြင်းမတရားနည်းလမ်းမျိုးစုံသုံးကာ လူထုကိုမတရားဖိနှိပ် နှိပ်ကွပ်ခဲ့သည်။

ရက်စက်မှုအပေါင်းသရဖူဆောင်းကာ စစ်ခေါင်းဆောင်သည် ရွှေရောင်ကုလားထိုင်၌ မိမိဘာသာ တရားမဝင်ထိုင်ခွင့်ရဖို့အရေး နည်းလမ်းပေါင်းစုံသုံးကာ လူထုကိုဖိနှိပ် အိုးအိမ်များကိုဖျက်ဆီးနေခဲ့တော့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သာမာန်အညတရမိသားစုဘဝမှလာရောက်သော်လည်းကြီးစွာစည်းစိမ်ခံလိုခြင်း စိတ်ထင်သမျှ လုပ်နိုင်ခွင့်ရရှိရေးအတွက် ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့သမ္မတနဲ့ခေါင်းဆောင်များကို ၎င်းကိုယ်ကို နိုင်ငံတော်မှတ်ထင်ကာ ၎င်းနုတ်ထွက်စကားကို ဥပဒေသတ်မှတ်ကာ ပုဒ်မမျိုးစုံတပ်ပြီး တရားစွဲထောင်ချခြင်းများကို လက်နက်အားကိုးကာ စိတ်ထင်တိုင်းခြယ်လှယ်နေတော့သည်။

ဤသို့ယုတ်မာရိုင်းစိုင်းလူမဆန်သော စစ်ခေါင်းဆောင်လုပ်ရပ်များကို ခါးသီးရွံ့ရှာနေသော ပြည်သူလူထုတ်ု့မှာ ရရာလက်နက်များကိုင်စွဲကာပလ္လင်ပေါ် ခွေးရူးတက်သလို ပြင်းထန်စွာ မခံမရပ်နိုင်ဖြစ်ကာ တော်လှန်ခဲ့ကြတော့သည်။


တော်လှန်ရာ၌ ကလေးလူကြီး၊ကျောင်းဆရာ၊ဆရာဝန်၊အနုပညာရှင်၊တောင်သူလယ်သမား၊ဝန်ထမ်းများ၊အလုပ်သမားများမှာ သူဌေးသူကြွယ်များအထိ လူထုအလွှာစုံတော်လှန်ရေးကြီးနိုင်ငံအနှံ့ပေါ်ပေါက်ခဲ့ကြတော့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အာဏာရှင်အပေါင်းပါတစုတို့သည် ယုတ်မာရက်စက်သော နည်းလမ်းမျိုးစုံသုံးပြီး တော်လှန်ရေးကြီးကိုဖိနှိပ်ခဲ့ကြသော်လည်း နိုင်ငံအဝန်းပေါ်ပေါက်နေသော လူထုဆန့်ကျင်မှုများကို မနှိမ်နင်းနိုင်ခဲ့ကြတော့ပါ။

၎င်းစစ်ခေါင်းဆောင်လက်အောက်ရှိ လက်အောက်ငယ်သားများကို တပ်တွင်းအကျယ်ချုပ်ချုပ်ကာမိသားစုကိုထိန်းချုပ်ပြီးရှေ့တန်းထွက်အသက်စွန့်ခိုင်းနေခြင်းများကို နာကျည်းလာကြသော တပ်တွင်းသြဇာခံများ တဖြည်းဖြည်းထွက်ပြေးကာ အင်အားချိ့နဲ့လာတော့သည်။

ထို့နောက် မကြာမီ တော်လှန်ရေးကြီး အရှိန်အဟုန်မြင့်မားပြင်းထန်လာကာ ပလ္လင်ရှေ့ထိုင်ရင်း မျောက်မီးခဲဖင်ခုနေသလို အာဏာသိမ်းစစ်ဘီလူးမှာ အရူးမီးဝိုင်းဖြစ်လာနေတော့သည်။

တရားသောစစ်အောင်နိုင်ရမည်ဆိုသည့်အတိုင်း လူထုကိုမတရားသတ်ဖြတ်ပြီး အာဏာသိမ်းကာပလ္လင်ပေါ်ထိုင်နေသော စစ်ခေါင်းဆောင်သည်ကျဆုံးရမည်သာဖြစ်သည်။

တနိုင်ငံလုံးသာမက ကမ္ဘာကပါလက်မခံသောစစ်အာဏာရှင်တို့မှာ နေဝင်ခါနီးအမျှ သာ၍ယုတ်မာရိုင်းစိုင်းခဲ့ကြလေသောအခါ
တောရွာမြို့ကြီးမကျန် လူထုမှ တရားသောစစ်ကိုဆင်နွှဲကာ မတရားအာဏာသိမ်းအား ပလ္လင်ရှေ့ ရွှေရောင်ကုလားထိုင်ကြီးမှာ ဆွဲချကာ
တတိုင်းပြည်လုံးပြည်သူတွေရှေ့ လူသတ်တရားခံ၊

အိမ်မီးရှို့ရွာမီးရှို့တရားခံ၊ မတရားလုယက်သိမ်းဆည်းမုဒိန်းကျင့်တဲ့တရားခံအဖြစ် တံတွေးနဲ့ဝိုင်းထွေးကာ ကြိုးစင်ပို့ခဲ့ကြတော့သည်။
ဤကား မြန်မာ့သမိုင်း၏ အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ နိဂုံးချုပ်ခြင်းသမိုင်းဖြစ်၏။

လူထုညီက ဘယ်စစ်သည်မှတောင့်မခံနိုင်။ပြည်တင်းက ဘယ်မင်းမှမခံနိုင်။
မတရားစစ်အုပ်ချုပ်ရေးသည် လူထုစုပေါင်းတော်လှန်ခြင်းမှအမြစ်ပြတ်နိဂုံးဖြစ်လာမည်သာဖြစ်၏။

#အရေးတော်ပုံအောင်နေပြီ။
19.3.2022
#မိုးပွင့်သည်း