ၾကားသိသမွ်

စားမေးပွဲခန်း စောင့်မည့် Non_CDM ကျောင်းဆရာ/ဆရာမများအချုပ်ကားစီးနေရ

စားမေးပွဲခန်း စောင့်မည့် Non_CDM ကျောင်းဆရာ/ဆရာမများအား အချုပ်ကားများ ဖြင့် အကြိုအပို့လုပ်နေ

ယခုရက်ပိုင်းအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေကြောင်း စကစ လော်ဘီ မီဒီယာများတွင် ဖော်ပြလျှက်ရှိနေသည်။

သို့သော်လည်း နိုင်ငံတစ်ဝန်း စစ်မီးတောက်လောင်နေပြီး တိုင်းနှင့်ပြည်နယ်များအပါအဝင် မြို့ကြီးအချို့တွင် CDM ကျောင်းသားဦးရေ အများအပြားရှိနေပြီး ကျောင်းအချို့မှာလည်း ပိတ်ထားရကြောင်းသိရပါတယ်။

ယခုတစ်ပတ်မှစတင်ကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေကြပြီး စာမေးပွဲအခန်းစောင့်ဆရာ /ဆရာမများအား အချုပ်ကားများဖြင့် အကြိုအပို့လုပ်နေရကြောင်း ပြည်သူတစ်ဦးမှ သတင်းပေးပို့ထားပါတယ်။


“မြေနီကုန်းဘက်မှာတွေ့လိုက်တာဗျ ဟီးနိုးကား ၂စီး နဲ့ အချုပ်ကားတစ်စီးတွေ့တယ် အဲ့မှာ အချုပ်ကားထဲမှာ လူတွေကိုမြင်တော့ နိုင်/ကျဉ်း တွေထင်လို့ လက်သုံးချောင်းထောင်ပြမလို့ ဘယ်ဟုတ်မလဲဗျာအဖြူအစိမ်းနဲ့ ဆရာ/ဆရာမတွေ ဗျာ ..

သံဇကာတွေနဲ့ဗျာ အပေါက်ကိုလည်း သော့ခတ်ထားသေးတယ် ဟီးနိုးပေါ်က လူတွေကတော့ အရပ်ဝတ်တွေပဲ ဆရာ/ဆရာမတွေ ဖြစ်နိုင်သလို စကစ အဖွဲ့သားတွေလည်း ဖြစ်နိုင်တယ်ဗျ “ဟု မျက်မြင်တွေ့ရှိသူပြည်သူ တစ်ဦးမှ အတည်ပြုထားပါတယ်။

သွေးစွန်းပညာရေးအား သပိတ်မှောက်ကြရန် ကျောင်းသား သမဂ္ဂပေါင်းစုံမှ ဆော်ဩထားသည်။

ဓာတ်ပုံ_ပုံဟောင်း
#spt_information

စားေမးပြဲခန္း ေစာင့္မည့္ Non_CDM ေက်ာင္းဆရာ/ဆရာမမ်ားအား အခ်ဳပ္ကားမ်ား ျဖင့္ အႀကိဳအပို႔လုပ္ေန

ယခုရက္ပိုင္းအတြင္း တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ တကၠသိုလ္ဝင္တန္း ေျဖဆိုေနေၾကာင္း စကစ ေလာ္ဘီ မီဒီယာမ်ားတြင္ ေဖာ္ျပလၽွက္ရွိေနသည္။

သို႔ေသာ္လည္း နိုင္ငံတစ္ဝန္း စစ္မီးေတာက္ေလာင္ေနၿပီး တိုင္းႏွင့္ျပည္နယ္မ်ားအပါအဝင္ ၿမိဳ႕ႀကီးအခ်ိဳ႕တြင္ CDM ေက်ာင္းသားဦးေရ အမ်ားအျပားရွိေနၿပီး ေက်ာင္းအခ်ိဳ႕မွာလည္း ပိတ္ထားရေၾကာင္းသိရပါတယ္။

ယခုတစ္ပတ္မွစတင္ကာ တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုေနၾကၿပီး စာေမးပြဲအခန္းေစာင့္ဆရာ /ဆရာမမ်ားအား အခ်ဳပ္ကားမ်ားျဖင့္ အႀကိဳအပို႔လုပ္ေနရေၾကာင္း ျပည္သူတစ္ဦးမွ သတင္းေပးပို႔ထားပါတယ္။

“ေျမနီကုန္းဘက္မွာေတြ႕လိုက္တာဗ် ဟီးနိုးကား ၂စီး နဲ႔ အခ်ဳပ္ကားတစ္စီးေတြ႕တယ္ အဲ့မွာ အခ်ဳပ္ကားထဲမွာ လူေတြကိုျမင္ေတာ့ နိုင္/က်ဥ္း ေတြထင္လို႔ လက္သုံးေခ်ာင္းေထာင္ျပမလို႔ ဘယ္ဟုတ္မလဲဗ်ာအျဖဴအစိမ္းနဲ႔ ဆရာ/ဆရာမေတြ ဗ်ာ ..

သံဇကာေတြနဲ႔ဗ်ာ အေပါက္ကိုလည္း ေသာ့ခတ္ထားေသးတယ္ ဟီးနိုးေပၚက လူေတြကေတာ့ အရပ္ဝတ္ေတြပဲ ဆရာ/ဆရာမေတြ ျဖစ္နိုင္သလို စကစ အဖြဲ႕သားေတြလည္း ျဖစ္နိုင္တယ္ဗ် “ဟု မ်က္ျမင္ေတြ႕ရွိသူျပည္သူ တစ္ဦးမွ အတည္ျပဳထားပါတယ္။

ေသြးစြန္းပညာေရးအား သပိတ္ေမွာက္ၾကရန္ ေက်ာင္းသား သမဂၢေပါင္းစုံမွ ေဆာ္ဩထားသည္။
ဓာတ္ပုံ_ပုံေဟာင္း

#spt_information