ၾကားသိသမွ်

အကြမ်းဖက်စစ်တပ် ဖြိုခွဲခံနေရကြောင်း ဖက်ဆစ်ဒုခေါင်းဆောင် စိုးဝင်းပြော၊ တပ်များကို လှည့်လည်စည်းရုံးနေ

အကြမ်းဖက်စစ်တပ် ဖြိုခွဲခံနေရကြောင်း ဖက်ဆစ်ဒုခေါင်းဆောင် စိုးဝင်းပြော၊ တပ်များကို လှည့်လည်စည်းရုံးနေ

ရန်ကုန်၊ မတ် ၁၉

အကြမ်းဖက်စစ်တပ်ဒုခေါင်းဆောင် စိုးဝင်းက လက်ရှိတွင် စစ်တပ် ဖြိုခွဲခံနေရကြောင်း ယမန်နေ့ ရှမ်းပြည်နယ်၊ ကလောတပ်နယ်တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

လက်ရှိတွင် ပြည်တွင်းပြည်ပ ပူးပေါင်း၍ နိုင်ငံရေး၊ စီးပွားရေးကို ပိတ်ဆို့သည့် နည်းလမ်းများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်ခြင်း၊ ယန္တရားရပ်တန့်စေရန် ဝန်ထမ်းများ CDM ပြုလုပ်စေခြင်း၊ ဘဏ်စနစ်ပြိုလဲ၍ ငွေကြေးကမောက်ကမဖြစ်စေရန် ဖန်တီးခြင်း၊ အလုံးစုံ ပျက်သုဉ်းရေး လုပ်ဆောင်နေကြောင်း စိုးဝင်းက ပြောသည်။

ထို့ပြင် စစ်တပ်ကို ပြိုကွဲစေရန် လုပ်ဆောင်နေကြကြောင်း၊ CDM အရာရှိ၊ စစ်သည်များမှတစ်ဆင့် မီဒီယာနည်းလမ်းဖြင့် စစ်တပ်ကို ဖြိုခွဲနေကြောင်း၊ စစ်တပ် ဖြိုခွဲခံနေရကြောင်း ၊ စစ်ရေးအရ ဖိအားပေးခြိမ်း ခြောက်ရန်လည်း ကြိုးစားနေကြကြောင်း စိုးဝင်းက ပြောဆိုသည်။

တပ်ဘက်သတင်းရင်းမြစ်များ၏ အဆိုအရ လက်ရှိအခြေအနေတွင် စစ်တပ်တွင် ပြည်သူများ၏ ထောက် ခံမှုမရှိတော့သဖြင့် စစ်သည်များ စိတ်ဓာတ်ကျဆင်းခြင်း၊ အနာဂတ်ပျောက်လာခြင်းနှင့် သေဆုံးမှုမျာ းပြားခြင်းတို့ကြောင့် တပ်ကို စွန့်ခွာလိုသူများပြားနေကြောင်း၊ အဆက်အသွယ်နှင့်အချိတ်အဆက် မရှိ၍သာ စွန့်ခွာရန် ခက်ခဲနေကြသည်ဟု သိရှိရသည်။

အၾကမ္းဖက္စစ္တပ္ ၿဖိဳခြဲခံေနရေၾကာင္း ဖက္ဆစ္ဒုေခါင္းေဆာင္ စိုးဝင္းေျပာ၊ တပ္မ်ားကို လွည့္လည္စည္း႐ုံးေန
ရန္ကုန္၊ မတ္ ၁၉

အၾကမ္းဖက္စစ္တပ္ဒုေခါင္းေဆာင္ စိုးဝင္းက လက္ရွိတြင္ စစ္တပ္ ၿဖိဳခြဲခံေနရေၾကာင္း ယမန္ေန႔ ရွမ္းျပည္နယ္၊ ကေလာတပ္နယ္ေတြ႕ဆုံပြဲတြင္ ေျပာဆိုလိုက္သည္။

လက္ရွိတြင္ ျပည္တြင္းျပည္ပ ပူးေပါင္း၍ နိုင္ငံေရး၊ စီးပြားေရးကို ပိတ္ဆို႔သည့္ နည္းလမ္းမ်ားအပါအဝင္ နည္းလမ္းမ်ိဳးစုံျဖင့္ ေသြးထိုးလႈံ႔ေဆာ္ျခင္း၊ ယႏၲရားရပ္တန႔္ေစရန္ ဝန္ထမ္းမ်ား CDM ျပဳလုပ္ေစျခင္း၊ ဘဏ္စနစ္ၿပိဳလဲ၍ ေငြေၾကးကေမာက္ကမျဖစ္ေစရန္ ဖန္တီးျခင္း၊ အလုံးစုံ ပ်က္သုဥ္းေရး လုပ္ေဆာင္ေနေၾကာင္း စိုးဝင္းက ေျပာသည္။

ထို႔ျပင္ စစ္တပ္ကို ၿပိဳကြဲေစရန္ လုပ္ေဆာင္ေနၾကေၾကာင္း၊ CDM အရာရွိ၊ စစ္သည္မ်ားမွတစ္ဆင့္ မီဒီယာနည္းလမ္းျဖင့္ စစ္တပ္ကို ၿဖိဳခြဲေနေၾကာင္း၊ စစ္တပ္ ၿဖိဳခြဲခံေနရေၾကာင္း ၊ စစ္ေရးအရ ဖိအားေပးၿခိမ္း ေျခာက္ရန္လည္း ႀကိဳးစားေနၾကေၾကာင္း စိုးဝင္းက ေျပာဆိုသည္။

တပ္ဘက္သတင္းရင္းျမစ္မ်ား၏ အဆိုအရ လက္ရွိအေျခအေနတြင္ စစ္တပ္တြင္ ျပည္သူမ်ား၏ ေထာက္ ခံမႈမရွိေတာ့သျဖင့္ စစ္သည္မ်ား စိတ္ဓာတ္က်ဆင္းျခင္း၊ အနာဂတ္ေပ်ာက္လာျခင္းႏွင့္ ေသဆုံးမႈမ်ာ းျပားျခင္းတို႔ေၾကာင့္ တပ္ကို စြန႔္ခြာလိုသူမ်ားျပားေနေၾကာင္း၊ အဆက္အသြယ္ႏွင့္အခ်ိတ္အဆက္ မရွိ၍သာ စြန႔္ခြာရန္ ခက္ခဲေနၾကသည္ဟု သိရွိရသည္။