ၾကားသိသမွ်

မြစ်ကြီးနား၂၁ မိုင်ဂိတ် တိုက်ခိုက်ဖျက်ဆီးခံရ

မြစ်ကြီးနား၂၁ မိုင်ဂိတ် တိုက်ခိုက်ဖျက်ဆီးခံရ

March 19, 2022/ KNG

မြစ်ကြီးနားမြို့အဝင် မရမ်းကျေးရွာ ၂၁ မိုင် စုပေါင်းဂိတ်ကို ယနေ့ နံနက် ၄ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“၂၁ မိုင် ဂိတ်ကိုတော့ ဖျက်ဆီးလိုက်ပြီ။ မြစ်ကြီးနားကနေ လေယာဥ်နဲ့လာတိုက်လို့ နောက်ဆုတ်သွားတယ်။ စုပေါင်းဂိတ်မှာရှိတဲ့ သူတို့တွေရဲ့ထိခိုက်မှုကိုတော့ အသေးစိတ်မပြောနိုင်သေးဘူး။ ထိခိုက်သေဆုံးမှုတော့ရှိတယ်” ဟု KIA သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကို အတည်ပြု ပြောဆိုသည်။

တိုက်ခိုက်ခံရသည့် ၂၁ မိုင် စုပေါင်းဂိတ်တွင် ၃ နာရီခန့်အကြာ အပြန်အလှန်တိုက်ခိုက်ပြီးနောက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီဘက်မှ ရဟတ်ယာဥ် ၂စီးဖြင့် ၅ကြိမ်ထက်မနည်း လာရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“၄ နာရီအစောပိုင်းကတည်းကနေ လက်နက်ကြီးသံ လက်နက်ငယ်သံ အကုန်ကြားရတယ်။ အခုတောင် တစ်ချက်ချက်ကြားရသေးတယ်။ လေယာဥ်နဲ့လာပစ်တာတောင် ၅ခေါက်ရှိပြီ။ လက်နက်ကြီးထိမှန်တာတော့ မကြားမိဘူး”ဟု ၂၁ မိုင်ဂိတ်အနီးရှိ မရမ်းဒေသခံတစ်ဦး ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ၂၁ မိုင်ဂိတ်အနီးရှိ ခလရ ၂၆၀ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် KIA နှင့် PDF ရှိသည့်ဘက်သို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ၂၁ မိုင်ဂိတ် တိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ၂၀၂၁ခုနှစ် ဇွန်လ တွင်ဖြစ်သည်။
၂၁ မိုင် စုပေါင်းဂိတ်တွင် ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းမှု အတင်းအကြပ် ပုံမှန်လုပ်ဆောင်နေသောကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

မစ္ႀကီးနား၂၁ မိုင္ဂိတ္ တိုက္ခိုက္ဖ်က္ဆီးခံရ
March 19, 2022/ KNG

ျမစ္ႀကီးနားၿမိဳ႕အဝင္ မရမ္းေက်းရြာ ၂၁ မိုင္ စုေပါင္းဂိတ္ကို ယေန႔ နံနက္ ၄ နာရီဝန္းက်င္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ PDF ပူးေပါင္းတပ္တို႔ သြားေရာက္တိုက္ခိုက္ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

“၂၁ မိုင္ ဂိတ္ကိုေတာ့ ဖ်က္ဆီးလိုက္ၿပီ။ ျမစ္ႀကီးနားကေန ေလယာဥ္နဲ႔လာတိုက္လို႔ ေနာက္ဆုတ္သြားတယ္။ စုေပါင္းဂိတ္မွာရွိတဲ့ သူတို႔ေတြရဲ့ထိခိုက္မႈကိုေတာ့ အေသးစိတ္မေျပာနိုင္ေသးဘူး။ ထိခိုက္ေသဆုံးမႈေတာ့ရွိတယ္” ဟု KIA သတင္းအရင္းအျမစ္တစ္ဦးက KNG သတင္းဌာနကို အတည္ျပဳ ေျပာဆိုသည္။

တိုက္ခိုက္ခံရသည့္ ၂၁ မိုင္ စုေပါင္းဂိတ္တြင္ ၃ နာရီခန္႔အၾကာ အျပန္အလွန္တိုက္ခိုက္ၿပီးေနာက္ ၆ နာရီခြဲဝန္းက်င္တြင္ စစ္ေကာင္စီဘက္မွ ရဟတ္ယာဥ္ ၂စီးျဖင့္ ၅ႀကိမ္ထက္မနည္း လာေရာက္ တိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။

“၄ နာရီအေစာပိုင္းကတည္းကေန လက္နက္ႀကီးသံ လက္နက္ငယ္သံ အကုန္ၾကားရတယ္။ အခုေတာင္ တစ္ခ်က္ခ်က္ၾကားရေသးတယ္။ ေလယာဥ္နဲ႔လာပစ္တာေတာင္ ၅ေခါက္ရွိၿပီ။ လက္နက္ႀကီးထိမွန္တာေတာ့ မၾကားမိဘူး”ဟု ၂၁ မိုင္ဂိတ္အနီးရွိ မရမ္းေဒသခံတစ္ဦး ေျပာဆိုသည္။

တိုက္ပြဲျဖစ္ပြားေနစဥ္ ၂၁ မိုင္ဂိတ္အနီးရွိ ခလရ ၂၆၀ တပ္ရင္းမွလည္း လက္နက္ႀကီးမ်ားျဖင့္ KIA ႏွင့္ PDF ရွိသည့္ဘက္သို႔ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

အာဏာသိမ္းၿပီးေနာက္ ၂၁ မိုင္ဂိတ္ တိုက္ခိုက္ခံရမႈမွာ ဒုတိယအႀကိမ္ျဖစ္ၿပီး ပထမအႀကိမ္မွာ ၂၀၂၁ခုႏွစ္ ဇြန္လ တြင္ျဖစ္သည္။
၂၁ မိုင္ စုေပါင္းဂိတ္တြင္ ခရီးသြားျပည္သူမ်ားကို စစ္ေဆးေမးျမန္းမႈ အတင္းအၾကပ္ ပုံမွန္လုပ္ေဆာင္ေနေသာေၾကာင့္ သြားေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု သိရပါသည္။