ၾကားသိသမွ်

အမေရိကန်ရပ်တည်ချက် ရှင်းရှင်းလင်းလင်းမရှိဟု နိုင်ငံခြားရေး၀န်ကြီး ထောက်ပြ

အမေရိကန်ရပ်တည်ချက် ရှင်းရှင်းလင်းလင်းမရှိဟု နိုင်ငံခြားရေး၀န်ကြီး ထောက်ပြ

🔻 သူတို့ (အမေရိကန်)ကတော့ သံတမန်ရေးဖက်က အကြောင်းပြကြတာပေါ့နော်။ လက်ရှိမှာ နိုင်ငံ state ပေါ့လေ။ အဲ့တာနဲ့ပဲ ဆက်ဆံနေတယ်။ အစိုးရနဲ့က ဆက်ဆံနေစရာ တကယ်တမ်း မလိုသေဖူး လို့ ပြောကြပါတယ်။

🔻 မြန်မာအစိုးရကို အမေရိကန်က အခုထိ တရားဝင် အသိအမှတ်မပြုသေးပေမယ့် ကျမတို့ရဲ့ ဒီမိုကရေစီပြန်လည်ရရှိရေး အတွက် ရုန်းကန်နေမှုကိုတော့ အလေးအနက် အသိအမှတ်ပြုထားကြပါတယ်။

🔻 သူတို့ရဲ့ ရပ်တည်ချက်က ရှင်းရှင်းလင်းလင်း မရှိလှသေးဖူးလို့တော့ ကျမ ဝန်ခံရမှာပါပဲ။ ဒါပေမယ့် ကျမတို့ရဲ့ ကြိုးပမ်းနေတာတွေကိုတော့ လက်ခံကြပါတယ်။

🔻 တရားဝင် အသိအမှတ်ပြုလာမယ်ဆိုရင်တော့ အခုလို စိတ်ဓါတ်ရေးရာအရ ထောက်ခံမှုပေးနေတာနဲ့ စာရင်တော့ အများကြီးအကျိုးရှိလာနိုင်ပါတယ်။ ဥပမာပြောရရင် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ‌‌ပေးတာမျိုးတွေအတွက် ရံပုံငွေ ရလာနိုင်ပါတယ်။

🔻 ပြီးတော့ အမေရိကန်မှာ ထိန်းချုပ်ခံနေရတဲ့ ကျမတို့ရဲ့ ဒေါ်လာဝမ်းဘီလီယံကိုလည်း ကျမတို့ ထုတ်ယူသုံးစွဲနိုင်ခွင့် ရလာမှာ ဖြစ်ပါတယ်။ အဲ့လို ရလာရင် ကျမတို့ တော်လှန်ရေးကြီး အတွက် အလှည့်အပြောင်းကြီး ဖြစ်လာဖို့ ပိုပြီး နီးစပ်လာနိုင်ပါတယ်။

🔻 ကျမတို့ တော်လှန်ရေးအတွက် အထောက်အပံ့ဆိုလို့ ဘယ်နိုင်ငံဆီကမှ ခုထိ တပြားတချပ် မရခဲ့သေးပါဘူး။ ကျမတို့ ပြည်သူ‌တွေ့ ရဲ့ အထောက်အပံ့နဲ့ပဲ ရှေဆက်လှုပ်ရှားနေကြရတာပါ။ ဒီနေရာမှာ စစ်အတွက်တင်မဟုတ်ပဲ၊ ဆန္ဒပြပွဲတွေ၊ သပိတ်တိုက်ပွဲ‌တွေကိုပါ ဆိုလိုတာပါ။

🔻 ကျမတို့ အစိုးရငွေတိုက်စာချုပ်တွေ ရောင်းနေရတာ သိမှာပါ။ ကျမတို့ တော်လှန်ရေးအတွက် ရံပုံငွေ ရအောင်နဲ့ မြေပြင်မှာ အခြားအကျိူးပြုလုပ်ငန်းတွေ လုပ်နိုင်အောင် ကမ္ဘာတဝှမ်းမှာရှိတဲ့ ကျမတို့ မြန်မာ လူမျိုးတွေဆီက ဒေါ်လာ သန်းချီပြီး စုဆောင်းနေရတာပါ။

🔻 ကျမတို့ မြန်မာပြည်သူ‌တွေ အခုဆို စစ်တပ်ကိုတိုက်ဖို့ ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့ပြီး သူတို့ကို တ‌ဖြေးဖြေးနဲ့ အမှည့်ချွေလာနိုင်ပါပြီ။ ကျမတို့သာ ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေရနိုင်မယ်ဆိုရင် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ‌တွေ ကျမတို့တပ်ဖွဲ့တွေ အတွက် စားနပ်ရိက္ခာနဲ့ အခြား အထောက်အပံ့တွေ အများကြီး ပေးနိုင်မှာပါ။

ဒေါ်ဇင်မာအောင်
နိုင်ငံခြား‌ရေး၀န်ကြီး
(၂၀၂၂၊ မတ်လ ၁၅ ရက်နေ့ အမေရိကန် The World ရေဒီယို ၏ ကမ္ဘာ‌နိုင်ငံရေး ကဏ္ဍမှ ထုတ်လွှင့်ခဲ့သော တွေ့ဆုံမေးမြန်းခန်း)

#WhatsHappeningInMyanmar

အေမရိကန္ရပ္တည္ခ်က္ ရွင္းရွင္းလင္းလင္းမရွိဟု နိုင္ငံျခားေရး၀န္ႀကီး ေထာက္ျပ

🔻 သူတို႔ (အေမရိကန္)ကေတာ့ သံတမန္ေရးဖက္က အေၾကာင္းျပၾကတာေပါ့ေနာ္။ လက္ရွိမွာ နိုင္ငံ state ေပါ့ေလ။ အဲ့တာနဲ႔ပဲ ဆက္ဆံေနတယ္။ အစိုးရနဲ႔က ဆက္ဆံေနစရာ တကယ္တမ္း မလိုေသဖူး လို႔ ေျပာၾကပါတယ္။

🔻 ျမန္မာအစိုးရကို အေမရိကန္က အခုထိ တရားဝင္ အသိအမွတ္မျပဳေသးေပမယ့္ က်မတို႔ရဲ့ ဒီမိုကေရစီျပန္လည္ရရွိေရး အတြက္ ႐ုန္းကန္ေနမႈကိုေတာ့ အေလးအနက္ အသိအမွတ္ျပဳထားၾကပါတယ္။

🔻 သူတို႔ရဲ့ ရပ္တည္ခ်က္က ရွင္းရွင္းလင္းလင္း မရွိလွေသးဖူးလို႔ေတာ့ က်မ ဝန္ခံရမွာပါပဲ။ ဒါေပမယ့္ က်မတို႔ရဲ့ ႀကိဳးပမ္းေနတာေတြကိုေတာ့ လက္ခံၾကပါတယ္။

🔻 တရားဝင္ အသိအမွတ္ျပဳလာမယ္ဆိုရင္ေတာ့ အခုလို စိတ္ဓါတ္ေရးရာအရ ေထာက္ခံမႈေပးေနတာနဲ႔ စာရင္ေတာ့ အမ်ားႀကီးအက်ိဳးရွိလာနိုင္ပါတယ္။ ဥပမာေျပာရရင္ လူသားခ်င္းစာနာေထာက္ထားတဲ့ အကူအညီ‌‌ေပးတာမ်ိဳးေတြအတြက္ ရံပုံေငြ ရလာနိုင္ပါတယ္။

🔻 ၿပီးေတာ့ အေမရိကန္မွာ ထိန္းခ်ဳပ္ခံေနရတဲ့ က်မတို႔ရဲ့ ေဒၚလာဝမ္းဘီလီယံကိုလည္း က်မတို႔ ထုတ္ယူသုံးစြဲနိုင္ခြင့္ ရလာမွာ ျဖစ္ပါတယ္။ အဲ့လို ရလာရင္ က်မတို႔ ေတာ္လွန္ေရးႀကီး အတြက္ အလွည့္အေျပာင္းႀကီး ျဖစ္လာဖို႔ ပိုၿပီး နီးစပ္လာနိုင္ပါတယ္။

🔻 က်မတို႔ ေတာ္လွန္ေရးအတြက္ အေထာက္အပံ့ဆိုလို႔ ဘယ္နိုင္ငံဆီကမွ ခုထိ တျပားတခ်ပ္ မရခဲ့ေသးပါဘူး။ က်မတို႔ ျပည္သူ‌ေတြ႕ ရဲ့ အေထာက္အပံ့နဲ႔ပဲ ေရွဆက္လႈပ္ရွားေနၾကရတာပါ။ ဒီေနရာမွာ စစ္အတြက္တင္မဟုတ္ပဲ၊ ဆႏၵျပပြဲေတြ၊ သပိတ္တိုက္ပြဲ‌ေတြကိုပါ ဆိုလိုတာပါ။

🔻 က်မတို႔ အစိုးရေငြတိုက္စာခ်ဳပ္ေတြ ေရာင္းေနရတာ သိမွာပါ။ က်မတို႔ ေတာ္လွန္ေရးအတြက္ ရံပုံေငြ ရေအာင္နဲ႔ ေျမျပင္မွာ အျခားအက်ိဴးျပဳလုပ္ငန္းေတြ လုပ္နိုင္ေအာင္ ကမၻာတဝွမ္းမွာရွိတဲ့ က်မတို႔ ျမန္မာ လူမ်ိဳးေတြဆီက ေဒၚလာ သန္းခ်ီၿပီး စုေဆာင္းေနရတာပါ။

🔻 က်မတို႔ ျမန္မာျပည္သူ‌ေတြ အခုဆို စစ္တပ္ကိုတိုက္ဖို႔ ကိုယ္ပိုင္ကာကြယ္ေရး တပ္ဖြဲ႕ေတြ ဖြဲ႕ၿပီး သူတို႔ကို တ‌ေျဖးေျဖးနဲ႔ အမွည့္ေခၽြလာနိုင္ပါၿပီ။ က်မတို႔သာ ဘီလီယံနဲ႔ခ်ီတဲ့ ေဒၚလာေတြရနိုင္မယ္ဆိုရင္ လူသားခ်င္းစာနာေထာက္ထားတဲ့ အကူအညီ‌ေတြ က်မတို႔တပ္ဖြဲ႕ေတြ အတြက္ စားနပ္ရိကၡာနဲ႔ အျခား အေထာက္အပံ့ေတြ အမ်ားႀကီး ေပးနိုင္မွာပါ။

ေဒၚဇင္မာေအာင္
နိုင္ငံျခား‌ေရး၀န္ႀကီး
(၂၀၂၂၊ မတ္လ ၁၅ ရက္ေန႔ အေမရိကန္ The World ေရဒီယို ၏ ကမၻာ‌နိုင္ငံေရး က႑မွ ထုတ္လႊင့္ခဲ့ေသာ ေတြ႕ဆုံေမးျမန္းခန္း)

#WhatsHappeningInMyanmar