ၾကားသိသမွ်

“အာဏာဖီဆန် CDM ဝန်ထမ်းများအတွက် တောင်ကိုရီးယား ဝမ်ငွေ ၃ သန်း လှူဒါန်း”

“အာဏာဖီဆန် CDM ဝန်ထမ်းများအတွက် တောင်ကိုရီးယား ဝမ်ငွေ ၃ သန်း လှူဒါန်း”

မြန်မာ့နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ အလုပ်သမားဝန်ကြီးဌာန လက်အောက်မှ CDM ဝန်ထမ်းတွေအတွက် တောင်ကိုရီးယားနိုင်ငံရှိ Suwon Migrants Center က ဝမ်ငွေ ၃ သန်း လှူဒါန်းသွားတယ်လို့ NUG အစိုးရရဲ့ မြန်မာကိုယ်စားလှယ်ရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

မြန်မာငွေကျပ်တန်ဖိုး ၄၅ သိန်းလောက်ရှိတဲ့ ဝမ် ၃ သန်းကို အလုပ်သမားဝန်ကြီးဌာနက CDM ဝန်ထမ်းတွေ ထောက်ပံ့ဖို့ NUG အစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကို လာရောက်ပေးအပ် လှူဒါန်းသွားတာပါ။

အဲဒီလှူဒါန်းငွေကို CDM ဝန်ထမ်းတွေအတွက် ထောက်ပံ့နိုင်ဖို့ NUG အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနကို လွှဲပြောင်းပေးပို့သွားမယ်လို့ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


တောင်ကိုရီးယားနိုင်ငံက အစိုးရ၊ လွှတ်တော်နဲ့ ပြည်သူတွေကပါ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဖြုတ်ချရေး လုပ်ဆောင်ချက်တွေကို အားပေးထောက်ခံနေသလို အခုလို ငွေကြေးလှူဒါန်းမှုတွေလည်း မကြာခဏ ပေးအပ်လေ့ရှိပါတယ်။

“အာဏာဖီဆန္ CDM ဝန္ထမ္းမ်ားအတြက္ ေတာင္ကိုရီးယား ဝမ္ေငြ ၃ သန္း လႉဒါန္း”

ျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာပါဝင္ေနတဲ့ အလုပ္သမားဝန္ႀကီးဌာန လက္ေအာက္မွ CDM ဝန္ထမ္းေတြအတြက္ ေတာင္ကိုရီးယားနိုင္ငံရွိ Suwon Migrants Center က ဝမ္ေငြ ၃ သန္း လႉဒါန္းသြားတယ္လို႔ NUG အစိုးရရဲ့ ျမန္မာကိုယ္စားလွယ္႐ုံးက ဒီေန႔ထုတ္ျပန္ပါတယ္။

ျမန္မာေငြက်ပ္တန္ဖိုး ၄၅ သိန္းေလာက္ရွိတဲ့ ဝမ္ ၃ သန္းကို အလုပ္သမားဝန္ႀကီးဌာနက CDM ဝန္ထမ္းေတြ ေထာက္ပံ့ဖို႔ NUG အစိုးရရဲ့ ေတာင္ကိုရီးယားနိုင္ငံဆိုင္ရာ ျမန္မာကိုယ္စားလွယ္႐ုံးကို လာေရာက္ေပးအပ္ လႉဒါန္းသြားတာပါ။

အဲဒီလႉဒါန္းေငြကို CDM ဝန္ထမ္းေတြအတြက္ ေထာက္ပံ့နိုင္ဖို႔ NUG အစိုးရရဲ့ အလုပ္သမားဝန္ႀကီးဌာနကို လႊဲေျပာင္းေပးပို႔သြားမယ္လို႔ ျမန္မာကိုယ္စားလွယ္႐ုံးရဲ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေတာင္ကိုရီးယားနိုင္ငံက အစိုးရ၊ လႊတ္ေတာ္နဲ႔ ျပည္သူေတြကပါ ျမန္မာ့ဒီမိုကေရစီ လႈပ္ရွားမႈနဲ႔ စစ္အာဏာရွင္ျဖဳတ္ခ်ေရး လုပ္ေဆာင္ခ်က္ေတြကို အားေပးေထာက္ခံေနသလို အခုလို ေငြေၾကးလႉဒါန္းမႈေတြလည္း မၾကာခဏ ေပးအပ္ေလ့ရွိပါတယ္။