ၾကားသိသမွ်

ယင်းမာပင် ကိစ္စတွေနဲ့ပါတ်သက်ပြီး မဟာမိတ်အဖွဲ့တွေစာထုတ်ထားသည့်အပေါ်ဗိုလ်နဂါး ၏ ရှင်းပြချက်

ယင်းမာပင် ကိစ္စတွေနဲ့ပါတ်သက်ပြီး မဟာမိတ်အဖွဲ့တွေစာထုတ်ထားသည့်အပေါ်ဗိုလ်နဂါး ၏ ရှင်းပြချက်

အကြောင်းရင်းသေချာမသိ၍ ဝေဖန်သူတွေရော၊ အပြစ်တင်သူတွေရော၊ အကြောင်းရင်းသိလို့ ဝန်းရံပေးကြသူတွေရော လူမှုကွန်ယက်စာမျက်နှာတွေပေါ် မှာ တော်တော်လေးစိတ်ဝင်တစားရေးသားဆွေးနွေးလာတာတွေရှိနေ တွေ့နေရပါတယ်…….

ဒီကိစ္စကြီးကလိုင်းပေါ်ရောက်လာရင် ယခုလို မလိုလားအပ်တဲ့အကြောင်းအရာတွေ တွဲပြီးပေါ်လာနိုင်တာကို ဒီဘက်ကတော်လှန်ရေးအဖွဲ့အစည်းတွေ အစကတည်းကတွေးမိကြပြီးသားပါ……..

ဒါ့ကြောင့်လည်း ကြိတ်ပြီးဖြေရှင်းနေကြပါတယ် ကိုယ်တိုင်ကလည်း ဒီကိစ္စဟာ သာမာန်မှားယွင်းမှုမဟုတ်တာသိပေမယ့် နောက်ဆက်တွဲပြဿနာတွေသက်သာအောင် မဟာမိတ်တွေကို ထိန်းထားပြီး MOD ရဲ့ဦးဆောင်ဖြေရှင်းမှုကိုသာလိုက်နာဖို့ပြောဆိုညှိုနှိုင်းပြီးတော့ ပြဿနာဖြစ်ပြီး ချက်ခြင်းဆိုသလို ရက်ပိုင်းအတွင်း ခေါင်းဆောင်တချို့အပါအဝင် နစ်နာသူများအချို့နှင့် MOD ကတာဝန်ရှိသူတချို့ကို ကိုယ်တိုင်ချိတ်ဆက်တွေ့ဆုံပေးခဲ့ပါတယ်…….

အဲဒီလို MOD နဲ့မတွေ့သေးခင်တရက်မှာလည်းမြေပြင်ခေါင်းဆောင်တွေနဲ့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည့်ရဲဘော်မိသားစုများအပါအဝင် ကျွန်ုပ်ကိုယ်တိုင်လိုက်ပါ၍ သပြေအေးအဖွဲ့နှင့် ဆွေးနွေးရန်ချိန်းဆိုပြီး ၎င်းတို့အဖွဲ့ချိန်းဆိုရာ၎င်းတို့၏နယ်မြေအတွင်းသို့ သွားရောက်ခဲ့သော်လည်း ကျွန်ုပ်တို့ရောက်ရှိချိန်တွင် သပြေအေးခေါင်းဆောင် ဗိုလ်သံမဏိမှာ တစုံတရာ ဖြေရှင်းခြင်းလည်းမရှိပဲ ရှောင်ထွက်သွားခဲ့ပါတယ်…….

နောက်တရက်မှာ တနေရာထပ်မံချိန်းဆိုပြီး လာရောက်တွေ့ဆုံဖြေရှင်းရန် ကတိပြုခဲ့ကြသော်လည်း တွေ့ဆုံရန်ကတိဖျက်၍ ရှောင်နေခဲ့တာ ယနေ့ထိပင်ဖြစ်ပါတယ်ဒီကိစ္စမျိုးဟာ အပြန်လှန်တွန်းကန်နေကြရပြီဆိုတာကိုတဖက်ကသိရင် ဝမ်းသာစရာဖြစ်နိုင်ပေမယ့် မရှင်းပဲထားပြီး ပိုပိုဆိုးလာရင် ဒါမျိုးဟာ တော်လှန်ရေးကိုကြီးကြီးမားမားထိခိုက်စေနိုင်ပါတယ်……..

ဒါကြောင့်လည်း အများကြီးကိုစိတ်တွေထိန်းပြီး တိတ်တိတ်လေးနဲ့ပြေလည်သွားအောင် ကြိုးစားဖြေရှင်းနေကြပါတယ်အဲလိုဖြေရှင်းနေတဲ့ကြားက သတ်ဖြတ်မှုတွေထပ်ဖြစ်လာတယ် ဒါ့အပြင်လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ၎င်းတို့သပြေအေးလက်အောက်ကတပ်ရင်းတခုမှ ဟီးရိုးတိုက်ဂါးအဖွဲ့ရဲဘော်တွေနဲ့ မိသားစုဝင်တွေကို သတ်ဖြတ်မယ်ဆိုတာထိခြိမ်းခြောက်လို့ ကျွန်ုပ်ကိုယ်တိုင် ဝင်ပါဖြေရှင်းထားခဲ့ရပါတယ်…….

အခုလိုထုတ်လိုက်ကြတာလည်း ၎င်းတို့လုပ်ရပ်တွေ ဆင့်ကဲထပ်ထပ်ဖြစ်နေခြင်းကို ဟန့်တားဖို့ တခြားနည်းလမ်းမရွေးတတ်တော့သည့်အနေအထားမှာ မဟာမိတ်တွေ အကြိမ်ကြိမ်ဆွေးနွေးပြီးမှ စာထုတ်လိုက်ကြရခြင်းဖြစ်ပါတယ်…….

တကယ်တိုက်ဖို့ဆိုတာမျိုးမမြင်ကြစေချင်ပါဒါဟာ ဟန့်တားတဲ့နည်းလမ်းသာလျှင်ဖြစ်လို့လဲ ပြည်သူတွေ အများကြီးစိတ်မပူစေချင်ပါဘူး……

တခုပြောလိုတာက အဖွဲ့စည်းတွေမှာအမှားမကင်းနိုင်ကြတာကိုနားလည်ပေမယ့် ဆင့်ကဲဖြစ်စဉ်တွေရှိ​နေတဲ့ ဒီပြဿနာကတော့ မရှင်းပဲထားရင် ပြဿနာပိုကြီးလာနိုင်သည့်အတွက် သက်ဆိုင်ရာကအမြန်ကိုင်တွယ်ဖို့လိုကြောင်းတင်ပြထားကြပြီး သက်သေအထောက်အထားအစုံအလင်ရှိနေတဲ့အတွက် ပြည်သူတချို့အနေနဲ့လည်း မဟာမိတ်တွေအပေါ်အထင်မလွဲစေလိုကြောင်းပါ……..

တကယ်က MOD မှ အမြန်ကိုင်တွယ်ပြီး ပြတ်ပြတ်သားသားဖြေရှင်းလိုက်တာနဲ့ဒီကိစ္စဟာ ပြီးစီးသွားပါလိမ့်မယ်လို့လည်း ပြည်သူတွေကိုပြောချင်ပါတယ်…….

ဒါဟာ အားလုံးတာဝန်ခံပြီး အာလုံးဆုံးဖြတ်ချက်နဲ့ ၎င်းတို့လုပ်ရပ်တွေကိုဟန့်တားဖို့ထုတ်တဲ့စာဖြစ်လို့ကျွန်ုပ်အနေနဲ့လည်း မဟာမိတ်အဖွဲ့အားလုံးနဲ့ အတူရပ်တည်ပါတယ်ဆိုတဲ့အကြောင်းအသိပေးအပ်ပါတယ်……..

ဒီကိစ္စမှာ ပုံရိပ်ထိခိုက်မှာစိုးသည့်အတွက် စာထုတ်သည့်အပေါ်ဝင်မပါဖို့ လှမ်းသတိပေးကြတဲ့ မိတ်ဆွေ ညီအကိုမောင်နှမများရဲ့စေတနာကို အလေးထားပေမယ့် အမှန်တရားအတွက်တိုက်ပွဲဝင်ဖို့ ခံယူချက်နဲ့အညီ ဝေဖန်မှုတချို့ရှိလာလျှင်လည်း ရင်ဆိုင်ဖြေရှင်းရန်ပြင်ဆင်ပြီး နောက်ဆုတ်ခေါင်းရှောင်နေခြင်းမျိုးမလုပ်လို၍ ပါဝင်ရပ်တည်ဖို့ဆုံးဖြတ်လိုက်ခြင်းအပေါ် နားလည်ပေးကြဖို့လည်း မေတ္တာရပ်ခံလိုက်ပါတယ်………

တချို့စိုးရိမ်နေကြတဲ့ ပြည်သူတချို့ကိုလည်း အခြေအနေကိုရိပ်စားမိစေလို၍ ယခုလို အကျဉ်းရုံးတင်ပြလိုက်ရခြင်းလည်းဖြစ်ပါတယ်…….

#ဗိုလ်နဂါး
#မြန်မာ့တော်ဝင်နဂါးတပ်တော်