ၾကားသိသမွ်

အမေရိကန် ဘတ်စကက်ဘော ကစားသမား Enes Kanter မြန်မာ့အရေး ထုတ်ဖော်ပြော

အမေရိကန် ဘတ်စကက်ဘော ကစားသမား Enes Kanter မြန်မာ့အရေး ထုတ်ဖော်ပြော

ဧရာဝတီ၊ မတ် ၁၈၊ ၂၀၂၂

အမေရိကန်နိုင်ငံ၏ နာမည်ကြီး NBA ဘတ်စကက်ဘော ကစားသမား Enes Kanter Freedom သည် လက်ရှိ မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခုကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ဖော်ရေးသားထားသည်။


နွေဦးတော်လှန်ရေး ဆန္ဒပြပွဲ မြင်ကွင်းပုံများ၊ လူ့အခွင့်အရေးကို လေးစားရန်နှင့် လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်နေသည့် အာဏာသိမ်း စစ်ခေါင်းဆောင်ပုံများကို ဖိနပ်ဒီဇိုင်းများပေါ် ရေးဆွဲကာ မတ် ၁၇ ရက်တွင် Enes Kanter က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာက ကမ္ဘာပေါ်မှာဆက် လက်ဖြစ်ပေါ်နေတဲ့အဆိုးရွားဆုံးလူ့အခွင့်ရေးချိုးဖောက်မှုတွေထဲက တစ်ခုအပါအဝင်ပါပဲ” ဟု အီနက်စ်ကန်တာက ဆိုသည်။


‘မင်းအောင်လှိုင် လူသတ်ကောင်’၊ ‘အာဏာရှင်စနစ်ကိုငြင်းဆန်ရေး’၊ ‘စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး’၊ ‘လူ့အခွင့်အရေး လေးစားရေး’ စသည့်တောင်းဆိုမှုများကိုလည်း အီနက်စ်ကန်တာက ဖိနပ်တွင် သရုပ်ဖော်ရေးသားထားသည်။

“မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်က ကိုယ့်လူမျိုးကိုယ်သတ်တယ်။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲက တခုပါ။ ဆန္ဒပြသူ ၁၆၀၀ ကျော် အသတ်ခံခဲ့ရတယ်။ စစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှုကို ဆက်ကျူးလွန်နေတယ်။ မြန်မာနိုင်ငံ လွတ်မြောက်ပါစေ” ဟု Enes Kanter က ရေးသားထားသည်။


တူရကီနိုင်ငံဖွား အသက်(၂၉)နှစ်အရွယ် အီနက်စ်ကန်တာသည် လက်ရှိတွင် NBA မှ ဘောစတွန် ဆဲလ်တစ်အသင်းတွင် ကစားနေပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်ကာ တရုတ်သမ္မတရှီကျင့်ဖျင်ကိုလည်း လူမဆန်သည့်အာဏာရှင်အဖြစ် ရှုတ်ချခဲ့ဖူးသည်။

အသက် ၂၉ နှစ်အရွယ် အမေရိကန် ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘောသမား Enes Kanter Freedom သည် ရုရှား-ယူကရိန်း အရေးတွင်လည်း ပါဝင်ကာ ထုတ်ဖော်ပြောဆိုခဲ့သူ ဖြစ်သည်။

ဓာတ်ပုံ – Enes Kanter/ Facebook

အေမရိကန္ ဘတ္စကက္ေဘာ ကစားသမား Enes Kanter ျမန္မာ့အေရး ထုတ္ေဖာ္ေျပာ
ဧရာဝတီ၊ မတ္ ၁၈၊ ၂၀၂၂

အေမရိကန္နိုင္ငံ၏ နာမည္ႀကီး NBA ဘတ္စကက္ေဘာ ကစားသမား Enes Kanter Freedom သည္ လက္ရွိ ျမန္မာနိုင္ငံ အေရးႏွင့္ ပတ္သက္ၿပီး စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရး လႈပ္ရွားမႈတခုကို ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ထုတ္ေဖာ္ေရးသားထားသည္။

ေႏြဦးေတာ္လွန္ေရး ဆႏၵျပပြဲ ျမင္ကြင္းပုံမ်ား၊ လူ႔အခြင့္အေရးကို ေလးစားရန္ႏွင့္ လူမ်ိဳးတုံး သတ္ျဖတ္မႈကို က်ဴးလြန္ေနသည့္ အာဏာသိမ္း စစ္ေခါင္းေဆာင္ပုံမ်ားကို ဖိနပ္ဒီဇိုင္းမ်ားေပၚ ေရးဆြဲကာ မတ္ ၁၇ ရက္တြင္ Enes Kanter က ၎၏ လူမႈကြန္ရက္ စာမ်က္ႏွာ၌ ေဖာ္ျပခဲ့ျခင္း ျဖစ္သည္။

“ျမန္မာနိုင္ငံမွာျဖစ္ပ်က္ေနတာက ကမၻာေပၚမွာဆက္ လက္ျဖစ္ေပၚေနတဲ့အဆိုးရြားဆုံးလူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြထဲက တစ္ခုအပါအဝင္ပါပဲ” ဟု အီနက္စ္ကန္တာက ဆိုသည္။

‘မင္းေအာင္လွိုင္ လူသတ္ေကာင္’၊ ‘အာဏာရွင္စနစ္ကိုျငင္းဆန္ေရး’၊ ‘စစ္အာဏာရွင္စနစ္အဆုံးသတ္ေရး’၊ ‘လူ႔အခြင့္အေရး ေလးစားေရး’ စသည့္ေတာင္းဆိုမႈမ်ားကိုလည္း အီနက္စ္ကန္တာက ဖိနပ္တြင္ သ႐ုပ္ေဖာ္ေရးသားထားသည္။

“ျမန္မာစစ္အာဏာရွင္ မင္းေအာင္လွိုင္က ကိုယ့္လူမ်ိဳးကိုယ္သတ္တယ္။ ျမန္မာျပည္မွာ ျဖစ္ပ်က္ေနတာေတြဟာ ကမၻာေပၚမွာ အဆိုးရြားဆုံး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြထဲက တခုပါ။ ဆႏၵျပသူ ၁၆၀၀ ေက်ာ္ အသတ္ခံခဲ့ရတယ္။ စစ္တပ္က လူမ်ိဳးတုံး သတ္ျဖတ္မႈကို ဆက္က်ဴးလြန္ေနတယ္။ ျမန္မာနိုင္ငံ လြတ္ေျမာက္ပါေစ” ဟု Enes Kanter က ေရးသားထားသည္။

တူရကီနိုင္ငံဖြား အသက္(၂၉)ႏွစ္အရြယ္ အီနက္စ္ကန္တာသည္ လက္ရွိတြင္ NBA မွ ေဘာစတြန္ ဆဲလ္တစ္အသင္းတြင္ ကစားေနၿပီး လူ႔အခြင့္အေရးတက္ႂကြလႈပ္ရွားသူျဖစ္ကာ တ႐ုတ္သမၼတရွီက်င့္ဖ်င္ကိုလည္း လူမဆန္သည့္အာဏာရွင္အျဖစ္ ရႈတ္ခ်ခဲ့ဖူးသည္။

အသက္ ၂၉ ႏွစ္အရြယ္ အေမရိကန္ ပေရာ္ဖက္ရွင္နယ္ ဘတ္စကက္ေဘာသမား Enes Kanter Freedom သည္ ႐ုရွား-ယူကရိန္း အေရးတြင္လည္း ပါဝင္ကာ ထုတ္ေဖာ္ေျပာဆိုခဲ့သူ ျဖစ္သည္။

ဓာတ္ပုံ – Enes Kanter/ Facebook