ၾကားသိသမွ်
အစိတွေကို ဖိနပ်မှာ ကပ်ထားတဲ့ ဖိနပ်ပိုင်ရှင်နဲ့ ဗီဒီယိုကော ပြောပြီးပြီ…နာမ်နှိမ်လေလံပွဲကို အံကြိတ်ပြီးကြည့်ဖို့ စောင့်နေလိုက်
“ပြည်သူမုန်းရင် ဖြေဆေးမရှိစေရနော်…နာမ်နှိမ်လေလံပွဲကို အံကြိတ်ပြီးကြည့်ဖို့ စောင့်နေလိုက်..”
ဘဝပေး မက်မောတဲ့ အစိတွေကို ဖိနပ်မှာ ကပ်ထားတဲ့ ဖိနပ်ပိုင်ရှင်နဲ့ ဗီဒီယိုကော ပြောပြီးပြီ။ အဟင်း…
ဒီဖိနပ်ကို လေလံဆွဲပြီး သူတို့လေးတွေကို အရုပ်ဆင်ပေးဦးမှာ။ အိုင် အတည်လုပ်မှာနော်။ မနောက်ဘူး။
ရှင်းအောင်ပြောထားဦးမယ်။ တော်ကြာ ဖိနပ်စျေးကောင်းရရင် မြောက်မြန်မာက ဟာတွေက သူတို့အစိကပ်ထားလို့ တန်ဖိုးရှိတာဆိုပြီး ကြံဖန်ဂုဏ်ယူနေမှာစိုးလို့။
နင်တို့ ပုခုံးပေါ်မှာ အဲ့အစိတွေမြင်ရင် ပြည်သူက အသေရွံတာ။ နင်တို့ အသက်ပေး ဘဝပေး ယူထားတဲ့ အစိတွေကို ငါတို့လူငယ်တွေက စီးတော်ဖိနပ်မှာ ချနင်းထားတာကို ကြိုက်တာ။
အဲ့ဒါကို အောင်ပွဲတစ်ခုလို့ မှတ်ယူလို့ PDFတွေအတွက် ဂုဏ်ယူလို့ ဂုဏ်ပြုတာ။
ဒါမျိုးအစိဆိုတာက မင်္ဂလာဒုံစျေးက သွားဝယ်ထားတာ မဟုတ်ဘူးလေ။တစ်စိချင်းစီတိုင်းမှာ နင်တို့ဘောမနေတဲ့စစ်ခွေးတွေရဲ့ အသက်တစ်ချောင်းချင်းစီပါတယ်။ ဘယ်လောက် ချိုမြိန်တဲ့ ဂလဲ့စားလဲလို့။
နင်တို့က ဒီသောက်ဖိုး မတန်တဲ့အစိတွေ ရဖို့ ကျွန်ခံခဲ့တယ်။ နင်တို့က ဒီအစိတွေ ရဖို့ ပြည်သူတွေကို သတ်တယ်။
နင်တို့က ဒီအစိတွေ ရဖို့ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို ဖျက်စီးတယ်။ နင်တို့က ဒီအစိတွေ ရဖို့ မင်းအောင်လှိုင်အတွက် အသက်ပေးတယ်။
နင်တို့ အဲ့လောက် အရူးထခဲ့တဲ့ အစိတွေကို ငါတို့လူငယ်တွေက ဖိနပ်မှာတပ်ပြီး စီးနင်းနေတယ်။ နင်တို့ သိပ်နာတာ၊ နင်တို့ သိပ်စပ်တာ၊ နင်တို့ သိပ်ကြေကွဲနေတာလေ။ အရမ်းသိသာနေတာပဲ။
ဒါ့ကြောင့်ကို ဒီဖိနပ်ကို ပွဲထုတ်ပြီး နင်တို့ဘောမတွေ မမြင်မြင်အောင် ပိုပိုခံပြင်းအောင် ငါက လုပ်ပြဦးမှာ။
အမုန်းတရားခြင်း ပြိုင်တဲ့ပွဲပဲ။ စိတ်ဝိဉာဉ်ချင်းပြိုင် ရိုက်ခွဲတဲ့ပွဲ။ နင်တို့ ငါ့ကိုမိအောင် မဖမ်းနိုင်ခဲ့တာကို တရိရိ နောင်တရနေရအောင် လုပ်ပေးမှာ။
ငါ့အိမ်က ခွပ်ဒေါင်းအလံကို ဖြုတ်ချပြီး မြောင်းထဲပစ်ခဲ့တဲ့ လုပ်ရပ်အတွက် နင်တို့ပြန်ပေးဆပ်ရတယ်သာ မှတ်လိုက်။
ဘယ်လောက်အံ့ဩစရာ ကောင်းလိုက်လဲ။ နင်တို့ဘဝတွေက ဘယ်လောက်သနားစရာ ကောင်းလိုက်လဲ။ အသက်ပေး ဘဝပေး ယူထားတဲ့ အစိတွေက ပုခုံးပေါ်မှာ တန်ဖိုးတစ်ပြားမှ မရှိဘဲ ဇိဝိန်ချွေခံရ အစိဖြုတ်ခံရပြီး ဖိနပ်ပေါ်တပ် အနင်းခံရတော့မှ နင်းတဲ့သူ ဂုဏ်တက်တဲ့ အစိမျိုး။
ပြည်သူမုန်းရင် ဖြေဆေးမရှိစေရနော်။ နင်တို့အလေးတထား ပုခုံးပေါ်တင်တဲ့အစိကို ဖိနပ်မှာတပ်ပြီးလေလံဆွဲတဲ့ နာမ်နှိမ်လေလံပွဲကို အံကြိတ်ပြီးကြည့်ဖို့ စောင့်နေလိုက်။
#ပန္ဆယ္လို
Zawgyi
#ပန္ဆယ္လို