ၾကားသိသမွ်

တကယ်တမ်းတော့ အလံကို Deliveryနဲ့ ပို့ရမှာ ခုတော့ အလုပ်တွေကို ရှုပ်လို့

သွက်သွက်ခါအောင် ယဥ်ယဥ်​လေးရူးနေတဲ့ ချစ်တီး

အာဏာမသိမ်းခင်တည်းက စိန်ရတု တပ်မတော်နေ့ဆိုပြီး ရူးသွပ်ခဲ့တယ်။ကိုမြင့်နိုင်ကြောင့် မလုပ်လိုက်ရဘူး ။ ဒါနဲ့ အာဏာသိမ်းပြီးတော့ မလုပ်လိုက်ရတဲ့ အကြွေးကို ပြန်လုပ်ပြတယ်။

အခု တစ်ခါ လာပြန်ပြီ။ပြည်ထောင်စုနေ့ ဘိုရှူ။ သူ့ရှေ့က ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး ပြောထားတဲ့ လယ်တောအိမ်က ကိုစိန်ကြီးက အစဖော်လုပ်သွားတာကိုး။ချစ်တီး ခမျာလည်း လုပ်ချင်တာပေါ့ ။

ဒါပေမဲ့ တစ်ခု သိထားရမှာက ဘိုရှူလုပ်ပြီးရင် ဘယ်တော့မှ ကံမကောင်းတတ်ဘူး။မရှုမလှ ဇာတ်သိမ်းရမယ့် အစဥ်အလာတစ်ရပ် ပေါ်လာပါလိမ့်မယ် ခင်ဗျာ။

အကြမ်းဖက်တပ်ဟာ လုပ်တာကိုက တစ်လွဲ ပါဆိုဗျာ။အခုတည်းက စနစ်ဟောင်းကိုပဲ လိုက်ချင်နေတုန်း ခင်ဗျာအရပ်သား အစိုးလက်ထက် အဲ့လို ကူလီကူမာတွေလုပ်ခဲ့လား။လုပ်ရင် ရတာပဲလေဗျာ။တကယ်ဆို တပ်ချုပ်က တောင် သမ္မတကို စစ်ကြောင်းနဲ့ အလေးပြုရမယ်။

ကာကွယ် ရေးဝန်ကြီး အပါအဝင် နိုင်ငံတော် အကြီးအကဲတွေက စင်မြင့်ထက်မှာ နေရာယူမယ်။ဒါပေမဲ့ ချစ်တီးနဲ့တော့ မဟန်ပါဘူး။ အရပ်က ခါးမှာချိတ်မယ့် စစ်ရေးပြဓားအိမ် လွတ်ရုံလေး အရပ်ပဲဆိုတော့ဗျာ။

တကယ်တမ်းတော့ အလံကို Deliveryနဲ့ ပို့ရမှာ ခုတော့ အလုပ်တွေကို ရှုပ်လို့။ ဇင်​ယော်

Zawgyi

သြက္သြက္ခါေအာင္ ယဥ္ယဥ္​ေလး႐ူးေနတဲ့ ခ်စ္တီး

အာဏာမသိမ္းခင္တည္းက စိန္ရတု တပ္မေတာ္ေန႔ဆိုၿပီး ႐ူးသြပ္ခဲ့တယ္။ကိုျမင့္နိုင္ေၾကာင့္ မလုပ္လိုက္ရဘူး ။ ဒါနဲ႔ အာဏာသိမ္းၿပီးေတာ့ မလုပ္လိုက္ရတဲ့ အေႂကြးကို ျပန္လုပ္ျပတယ္။

အခု တစ္ခါ လာျပန္ၿပီ။ျပည္ေထာင္စုေန႔ ဘိုရႉ။သူ႔ေရွ႕က ဘယ္ေတာ့မွ ေနာက္ျပန္မလွည့္ဘူး ေျပာထားတဲ့ လယ္ေတာအိမ္က ကိုစိန္ႀကီးက အစေဖာ္လုပ္သြားတာကိုး။ခ်စ္တီး ခမ်ာလည္း လုပ္ခ်င္တာေပါ့ ။

ဒါေပမဲ့ တစ္ခု သိထားရမွာက ဘိုရႉလုပ္ၿပီးရင္ ဘယ္ေတာ့မွ ကံမေကာင္းတတ္ဘူး။မရႈမလွ ဇာတ္သိမ္းရမယ့္ အစဥ္အလာတစ္ရပ္ ေပၚလာပါလိမ့္မယ္ ခင္ဗ်ာ။

အၾကမ္းဖက္တပ္ဟာ လုပ္တာကိုက တစ္လြဲ ပါဆိုဗ်ာ။အခုတည္းက စနစ္ေဟာင္းကိုပဲ လိုက္ခ်င္ေနတုန္း ခင္ဗ်ာအရပ္သား အစိုးရလက္ထက္ အဲ့လို ကူလီကူမာေတြလုပ္ခဲ့လား။လုပ္ရင္ ရတာပဲေလဗ်ာ။တကယ္ဆို တပ္ခ်ဳပ္က ေတာင္ သမၼတကို စစ္ေၾကာင္းနဲ႔ အေလးျပဳရမယ္။

ကာကြယ္ ေရးဝန္ႀကီး အပါအဝင္ နိုင္ငံေတာ္ အႀကီးအကဲေတြက စင္ျမင့္ထက္မွာ ေနရာယူမယ္။ဒါေပမဲ့ ခ်စ္တီးနဲ႔ေတာ့ မဟန္ပါဘူး။ အရပ္က ခါးမွာခ်ိတ္မယ့္ စစ္ေရးျပဓားအိမ္ လြတ္႐ုံေလး အရပ္ပဲဆိုေတာ့ဗ်ာ။

တကယ္တမ္းေတာ့ အလံကို Deliveryနဲ႔ ပို႔ရမွာ ခုေတာ့ အလုပ္ေတြကို ရႈပ္လို႔။ ဇင္​ေယာ္