ၾကားသိသမွ်

ဆွာမြို့ အမှတ် ၁၉ ခြေမြန်တပ်ရင်းမှ စစ်သား ၅ ဦးထက်မနည်း လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်ချိန်တွင် တပ်ကို စွန့်ခွာထွက်ပြေး

ဆွာမြို့ အမှတ် ၁၉ ခြေမြန်တပ်ရင်းမှ စစ်သား ၅ ဦးထက်မနည်း လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်ချိန်တွင် တပ်ကို စွန့်ခွာထွက်ပြေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့‌ မြောက်ဘက် ရန်ကုန် – မန္တလေး လမ်းဟောင်း ဘေးရှိ အမှတ်(၁၉) ခြေမြန်တပ်ရင်းမှ စစ်သား ၅ ဦးထက်မနည်း လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်ချိန်တွင် တပ်ကို စွန့်ခွာထွက်ပြေးသွားကြောင်း ဒေသခံများနှင့် တပ်တွင်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်း ကင်းလှည့်ချိန်တွင် တပ်သား ၅ ဦးထက်မနည်း လက်နက်အပြည့်အစုံဖြင့် တပ်ကို စွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်သော်လည်း ဖမ်းမမိကြောင်း သိရှိရသည်။

“တပ်ကို စွန့်သွားတဲ့ နှစ်ဦးကတော့ အတိအကျ နာမည်ပါသိရတယ်။ ကျန်တဲ့ ၃ ဦးကတော့ နာမည်တွေ မသိသေးဘူး။ ဖေဖော်ဝါရီ ၆ ရက်နေ့ ည နဲ့ ဖေဖော် ဝါရီ ၇ ရက်နေ့ မနက် ၃ နာရီ ကြားထဲမှာ ပြေးသွားတာ။ ကင်းလှည့်ခိုင်းတဲ့ အချိန် ပြေးသွားတယ်လို့ သိရပါတယ်။ ပြေးတာ လက်နက်ပါ အကုန်ယူသွားကြတယ်” ဟု ဆွာမြို့သတင်းရင်းမြစ်တစ်ခုက ပြောသည်။

လက်ရှိတွင် ပဲခူးတိုင်း၊ဆွာမြို့ အနီးကျေးရွာများအထိပါ စစ်တပ်က ရှာဖွေစစ်ဆေးနေကြောင်း၊ လမ်းဆုံလမ်းခွများကိုလည်း ပိတ်ဆို့ပြီး စစ်ဆေးနေကြောင်း၊ နေရာစုံကို ပိုက်စိတ်တိုက်ရှာဖွေနေကြောင်း၊ လက်ရှိတွင် တပ်ကို စွန့်သွားသူများ ရှာမတွေ့ကြောင်း သိရှိရသည်။
ဆွာမြို့ရှိ အမှတ် ၁၉ ခြေမြန်တပ်ရင်းသည် အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာန လက်အောက်ရှိ တပ်တစ်ခုဖြစ်သည်။

ဆြာၿမိဳ႕ အမွတ္ ၁၉ ေျချမန္တပ္ရင္းမွ စစ္သား ၅ ဦးထက္မနည္း လက္နက္အျပည့္အစုံျဖင့္ ကင္းလွည့္ခ်ိန္တြင္ တပ္ကို စြန႔္ခြာထြက္ေျပး
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၉

ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္၊ ဆြာၿမိဳ႕‌ ေျမာက္ဘက္ ရန္ကုန္ – မႏၲေလး လမ္းေဟာင္း ေဘးရွိ အမွတ္(၁၉) ေျချမန္တပ္ရင္းမွ စစ္သား ၅ ဦးထက္မနည္း လက္နက္အျပည့္အစုံျဖင့္ ကင္းလွည့္ခ်ိန္တြင္ တပ္ကို စြန႔္ခြာထြက္ေျပးသြားေၾကာင္း ေဒသခံမ်ားႏွင့္ တပ္တြင္းသတင္းရင္းျမစ္တခ်ိဳ႕ထံမွ သိရွိရသည္။

ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ ညပိုင္း ကင္းလွည့္ခ်ိန္တြင္ တပ္သား ၅ ဦးထက္မနည္း လက္နက္အျပည့္အစုံျဖင့္ တပ္ကို စြန႔္ခြာ ထြက္ေျပးသြားျခင္းျဖစ္ၿပီး လက္ရွိတြင္ စစ္တပ္က အင္အားအလုံးအရင္းျဖင့္ ပိတ္ဆို႔ ရွာေဖြ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေသာ္လည္း ဖမ္းမမိေၾကာင္း သိရွိရသည္။

“တပ္ကို စြန႔္သြားတဲ့ ႏွစ္ဦးကေတာ့ အတိအက် နာမည္ပါသိရတယ္။ က်န္တဲ့ ၃ ဦးကေတာ့ နာမည္ေတြ မသိေသးဘူး။ ေဖေဖာ္ဝါရီ ၆ ရက္ေန႔ ည နဲ႔ ေဖေဖာ္ ဝါရီ ၇ ရက္ေန႔ မနက္ ၃ နာရီ ၾကားထဲမွာ ေျပးသြားတာ။ ကင္းလွည့္ခိုင္းတဲ့ အခ်ိန္ ေျပးသြားတယ္လို႔ သိရပါတယ္။ ေျပးတာ လက္နက္ပါ အကုန္ယူသြားၾကတယ္” ဟု ဆြာၿမိဳ႕သတင္းရင္းျမစ္တစ္ခုက ေျပာသည္။

လက္ရွိတြင္ ပဲခူးတိုင္း၊ဆြာၿမိဳ႕ အနီးေက်းရြာမ်ားအထိပါ စစ္တပ္က ရွာေဖြစစ္ေဆးေနေၾကာင္း၊ လမ္းဆုံလမ္းခြမ်ားကိုလည္း ပိတ္ဆို႔ၿပီး စစ္ေဆးေနေၾကာင္း၊ ေနရာစုံကို ပိုက္စိတ္တိုက္ရွာေဖြေနေၾကာင္း၊ လက္ရွိတြင္ တပ္ကို စြန႔္သြားသူမ်ား ရွာမေတြ႕ေၾကာင္း သိရွိရသည္။

ဆြာၿမိဳ႕ရွိ အမွတ္ ၁၉ ေျချမန္တပ္ရင္းသည္ အမွတ္(၆)စစ္ဆင္ေရးကြပ္ကဲမႈဌာန လက္ေအာက္ရွိ တပ္တစ္ခုျဖစ္သည္။