ၾကားသိသမွ်

ယင်းမာပင် – ပုလဲလမ်းပိုင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကား ၂ စီး တိမ်းမှောက်(ရုပ်/သံ)

ယင်းမာပင် – ပုလဲလမ်းပိုင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကား ၂ စီး တိမ်းမှောက်၊ စစ်သား ၂၂ ဦး ဒဏ်ရာရပြီး သေဆုံးမှုများနိုင်(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း ယင်းမာပင်-ပုလဲလမ်းပိုင်း အရှေ့မှ အနောက်သို့ မောင်းလာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မိုင်း ၂၅ လုံး၊ ပြောင်းတိုင် ၁၆ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီးပြီး

စစ်ကောင်စီဝင် ၂၂ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ သေဆုံးသူ များနိုင်ကြောင်း Chindwin Galone Yarzar Guerrilla Defense Force (CGYDF) က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကို CGYDF ၊ Yinmarbin Local PDF၊ MTOF၊ Triple Two၊ SRDF၊ SBTF၊ ဆားလင်းကြီး တကိုယ်တော်သုဘရာဇာတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီကား နှစ်စီး လမ်းဘေးသို့ ထိုးကျ တိမ်းမောက်သွားပြီး နောက်တစ်စီးမှာ ကြိုးဖြင့် ဆွဲသွားရကြောင်း၊ တော်လှန်ရေးရဲဘော်များမှာ အထိအခိုက် အကျအဆုံးမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း CGYDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Video credit – Chindwin Galone Yarzar Guerrilla Defense Force

ယင္းမာပင္ – ပုလဲလမ္းပိုင္းတြင္ စစ္ယာဥ္တန္း မိုင္းဆြဲတိုက္ခိုက္ခံရၿပီး ကား ၂ စီး တိမ္းေမွာက္၊ စစ္သား ၂၂ ဦး ဒဏ္ရာရၿပီး ေသဆုံးမႈမ်ားနိုင္(႐ုပ္/သံ)

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၈

စစ္ကိုင္းတိုင္း ယင္းမာပင္-ပုလဲလမ္းပိုင္း အေရွ႕မွ အေနာက္သို႔ ေမာင္းလာသည့္ အၾကမ္းဖက္စစ္ေကာင္စီယာဥ္တန္းကို ယေန႔ ေဖေဖာ္ဝါရီ ၈ ရက္ေန႔ မြန္းလြဲ ၂ နာရီအခ်ိန္ မိုင္း ၂၅ လုံး၊ ေျပာင္းတိုင္ ၁၆ လုံးျဖင့္ တိုက္ခိုက္ခဲ့ၿပီးၿပီး စစ္ေကာင္စီဝင္ ၂၂ ဦး အျပင္းအထန္ ဒဏ္ရာရရွိကာ ေသဆုံးသူ မ်ားနိုင္ေၾကာင္း Chindwin Galone Yarzar Guerrilla Defense Force (CGYDF) က သတင္းထုတ္ျပန္သည္။

တိုက္ခိုက္မႈကို CGYDF ၊ Yinmarbin Local PDF၊ MTOF၊ Triple Two၊ SRDF၊ SBTF၊ ဆားလင္းႀကီး တကိုယ္ေတာ္သုဘရာဇာတို႔ ပူးေပါင္းကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ တိုက္ခိုက္မႈတြင္ စစ္ေကာင္စီကား ႏွစ္စီး လမ္းေဘးသို႔ ထိုးက် တိမ္းေမာက္သြားၿပီး ေနာက္တစ္စီးမွာ ႀကိဳးျဖင့္ ဆြဲသြားရေၾကာင္း၊ ေတာ္လွန္ေရးရဲေဘာ္မ်ားမွာ အထိအခိုက္ အက်အဆုံးမရွိ ေအာင္ျမင္စြာဆုတ္ခြာနိုင္ခဲ့ေၾကာင္း CGYDF ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Video credit – Chindwin Galone Yarzar Guerrilla Defense Force