ၾကားသိသမွ်

စစ်​ကောင်စီတပ်​ထောက်ပို့အဖြစ် အသုံးပြု​နေ​သော ​ရေးမြို့ရှိ တံတားတစ်စင်းကို ​ဖောက်ခွဲဖျက်ဆီး

စစ်​ကောင်စီတပ်​ထောက်ပို့အဖြစ် အသုံးပြု​နေ​သော ​ရေးမြို့ရှိ တံတားတစ်စင်းကို ​ဖောက်ခွဲဖျက်ဆီး

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့အဖြစ်အသုံးပြုနေသည့် ရန်ကုန်-ရေး- ထားဝယ် ရထားလမ်းပိုင်းရှိ တံတားတစ်ခုအား ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု မွန်ပြည်နယ်အခြေပြုတော် လှန်ရေးအစည်းအရုံး MSRUက ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၈ ရက်) နံနက် ၁၀ နာရီခန့်တွင် ရေးမြို့နယ် တောင်ဘုံကျေးရွာအနီးရှိ မီးရထားလမ်းတံတားတစ်ခုကို ဖရဲသီး(စစ်ကောင်စီတပ်အတွင်းမှ သတင်း ပေးသူ)၏ အသိပေးမှုအရ ဖောက်ခွဲခဲ့ခြင်းဟု MSRU ကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရန်ကုန်-ရေး- ထားဝယ် ရထားလမ်းပိုင်းမှတဆင့် ရိက္ခာနှင့် လက်နက်ခဲယမ်းသယ်ယူရာတွင်အသုံးပြုနေသည်ဟု သိရသည်။

မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအစည်းအရုံးသည် ၎င်းတို့ စမ်းသပ်ထုတ်လုပ်ထားသော တာဝေးပစ်အမြှောက်ဖြင့် ဇန်နဝါရီ ၂၈ ရက်က ရေးမြို့နယ် ခမရ (၅၈၆) တပ်ရင်းအား နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ထား သည်။

ထို့အပြင် ရန်ကုန်- ထားဝယ် အာရှလမ်းမကြီး ပေါ် ၌ ခလရ (၃၄၃) တပ်ရင်းမှ ကင်းလှည့်စစ်ကားတစ်စီးကို လည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု MSRUက အသိပေးထားသည်။

#လူထုနွေဦး

စစ္​ေကာင္စီတပ္​ေထာက္ပို႔အျဖစ္ အသုံးျပဳ​ေန​ေသာ ​ေရးၿမိဳ႕ရွိ တံတားတစ္စင္းကို ​ေဖာက္ခြဲဖ်က္ဆီး

အၾကမ္းဖက္စစ္ေကာင္စီ၏ ေထာက္ပို႔အျဖစ္အသုံးျပဳေနသည့္ ရန္ကုန္-ေရး- ထားဝယ္ ရထားလမ္းပိုင္းရွိ တံတားတစ္ခုအား ေဖာက္ခြဲဖ်က္ဆီးခဲ့သည္ဟု မြန္ျပည္နယ္အေျချပဳေတာ္ လွန္ေရးအစည္းအ႐ုံး MSRUက ထုတ္ျပန္သည္။

ယေန႔(ေဖေဖာ္ဝါရီ ၈ ရက္) နံနက္ ၁၀ နာရီခန္႔တြင္ ေရးၿမိဳ႕နယ္ ေတာင္ဘုံေက်းရြာအနီးရွိ မီးရထားလမ္းတံတားတစ္ခုကို ဖရဲသီး(စစ္ေကာင္စီတပ္အတြင္းမွ သတင္း ေပးသူ)၏ အသိေပးမႈအရ ေဖာက္ခြဲခဲ့ျခင္းဟု MSRU ကဆိုသည္။

အၾကမ္းဖက္စစ္ေကာင္စီသည္ ရန္ကုန္-ေရး- ထားဝယ္ ရထားလမ္းပိုင္းမွတဆင့္ ရိကၡာႏွင့္ လက္နက္ခဲယမ္းသယ္ယူရာတြင္အသုံးျပဳေနသည္ဟု သိရသည္။

မြန္ျပည္နယ္ အေျချပဳေတာ္လွန္ေရးအစည္းအ႐ုံးသည္ ၎တို႔ စမ္းသပ္ထုတ္လုပ္ထားေသာ တာေဝးပစ္အေျမႇာက္ျဖင့္ ဇန္နဝါရီ ၂၈ ရက္က ေရးၿမိဳ႕နယ္ ခမရ (၅၈၆) တပ္ရင္းအား ႏွစ္ႀကိမ္ပစ္ခတ္တိုက္ခိုက္ထား သည္။

ထို႔အျပင္ ရန္ကုန္- ထားဝယ္ အာရွလမ္းမႀကီး ေပၚ ၌ ခလရ (၃၄၃) တပ္ရင္းမွ ကင္းလွည့္စစ္ကားတစ္စီးကို လည္း မိုင္းဆြဲတိုက္ခိုက္ခဲ့သည္ဟု MSRUက အသိေပးထားသည္။

#လူထုေႏြဦး