ၾကားသိသမွ်

(၅၇၀ သိန်း ၇ သောင်း ၃ထောင် ၃ ရာ) ကျပ် ဝန်းကျင် ရရှိခဲ့တဲ့ ” အမေ့အပြုံး” ပန်းချီကား

(၅၇၀ သိန်း ၇ သောင်း ၃ထောင် ၃ ရာ) ကျပ် ဝန်းကျင် ရရှိခဲ့တဲ့ ” အမေ့အပြုံး” ပန်းချီကား..❤️❤️အတွက် အဘက်ဘက်မှ ကူညီပေးကြပါသော အရှင်ဘုရားနှင့် ဆရာ၊ဆရာမများ၊ညီကိုမောင်နှမများအား လေးစားစွာဖြင့် ကျေးဇူးတင်စကားပြောကြားပါရစေခင်ဗျာ…🙏🙏

ပန်းချီဆရာမ မနုယဉ်​၏ ” အမေ့အပြုံး ” ပန်းချီကားကံစမ်းမဲလက်မှတ်တစောင် ၃သောင်းဝမ်ဖြင့် အစောင်ရေ ( ၁၂၂၃ စောင် ) ရောင်းချခဲ့ရပြီး- (၃၆,၆၉၀,၀၀၀ )ဝမ် ၊၅၇၀ သိန်း ၇ သောင်း ၃ ထောင် ၃ ရာ )ကျပ် ဝန်းကျပ်ရရှိခဲ့ပါတယ်။ကံစမ်းမဲလက်မှတ်များကို ဝယ်ယူအားပေးကြပါသော အမေ့သားသမီးများအယောက်စီတိုင်းကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ပန်းချီကားသယ်ယူစရိတ်၊လက်မှတ်ထုတ်ခ ကုန်ကျစရိတ်၊နှစ်သိမ့်ဆုမဲများအတွက်ကုန်ကျစရိတ်နှင့် ပွဲဖြစ်မြောက်ရေးအတွက်ကုန်ကျစရိတ်များကို ကံစမ်းမဲ လက်မှတ်ရောင်းရငွေများထဲမှ တစ်ကျပ်တပြားမှ အသုံးမပြုပဲ အရေးတော်ပုံအမြန်ဆုံး အောင်ဖို့အတွက် မြေပြင်မှ အရေးပေါ်လိုအပ်နေသော ဒေသများသို့ ကူညီထောက်ပံ့သွားမှာ ဖြစ်ပါတယ်ခင်ဗျာ…။

နှစ်သိမ့်ဆုမဲများကို တန်ဖိုးကြီးဆုမဲများ ဝေဝေဆာဆာထည့်ပေး ချင်ပေမယ့်လည်း မြေပြင်ကို ကူညီထောက်ပံ့မှူနည်းသွားမှာဖြစ်သောကြောင့် နှစ်သိမ့်ဆုအနည်းငယ်သာထည့်ပေးခဲ့ရခြင်းဖြစ်ပါတယ်။ဒီအတွက်ကို ကံစမ်းမဲလက်မှတ်ဝယ်ယူသူ ညီကိုမောင်နှမများ အယောက်စီတိုင်းမှလည်း ဝမ်းသာပီတိဖြစ်နေကြမယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။


ပွဲဖြစ်မြောက်ရေးအတွက် ပန်းချီရေးဆွဲပေးပါသော ဆရာမ မနုယဉ် ၊ကံစမ်းမဲလက်မှတ်များရောင်းအားကောင်းစေရန် ကူရောင်းပေးကြပါသော ဒယ်ဂူးဘုန်းဘုန်း၊ဆရာမ -မရွှေမိုး ၊ အစ်ကို ဇော်မိုးအောင် ၊အစ်မကြာနူး၊အစ်မကေသွယ်အောင်နှင့် ဒေသအသီးသီးမှ supporter အဖွဲ့မှ ညီကိုမောင်နှမများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ..။

နှစ်သိမ့်ဆုများကိုအင်အားဖြည့် ကူညီပေးကြပါသော YAMAHA ဂစ်တာ ကိုရန်နိုင်ထွန်း၊
ထမင်းပေါင်းအိုး ကိုအောင်ကျော်သူ၊ဆောင်းဝတ်အနွေးထည်နှင့် ဂျင်းဘောင်းဘီ ကိုအောင်မျိုးဇင်တို့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။


ကံစမ်းမဲလက်မှတ်အရောင်းဖွင့်ပွဲမှ ကံထူးရှင်ရွေးချယ်ပွဲနေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန်စီစဉ်ပေးပါသော ဒယ်ဂူးဘုန်းဘုန်း ၊အရှင်ထာဝရဘုန်းဘုန်း (နော်ဝေ)၊ဆရာကြီးဇော်ဝေစိုး၊ပန်းချီဆရာမ မနုယဉ်၊CDM ဗိုလ်ကြီး ကိုလင်းထက်အောင်၊

ဆရာ ဒေါက်တာဖြိုးသီဟ၊ဆရာမ မရွေမိုး (ကိုရီးယား)၊MFDMC မှ ဒုဥက္ကဌအစ်ကိုဇော်မိုးအောင်၊ဘူဆန်မှ ဆရာခန့်နေကြည်၊ကိုသည်ခေတ်နေ၊အစီစဉ်တင်ဆက်ပေးပါသော ကိုရဲဟိန်း၊မဖြိုးကလျာအောင်နှင့် အဘက်ဘက်မှကူညီပေးကြပါသော ဆရာဆရာမများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏🙏


ကံထူရှင်ရွေးချယ်ပွဲကို အခမ်းအနားတရပ်အနေဖြင့် ပြုလုပ်ကျင်းပနိုင်ရန် ကူညီပေးပါသော Rise Again Myanmar – Korea (RAM ) မှ ညီကိုမောင်နှမများ၊အခန်းအနားကျင်းပနိုင်ရန် နေရာအခင်းကျင်းအတွက် ကူညီပေးပါသော Spring Voice Of R.A.M Studio ခန်းမှ ဆရာဆရာမများနှင့် ညီကိုမောင်နှမများ၊လိုအပ်ချက်မှန်သမျှကို ကူညီပေးကြပါသော ဒယ်ဂူးမြို့မှ ညီကိုမောင်မှများ အရောက်စီတိုင်းကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ…🙏🙏

ကံထူးရှင်ရွေးချယ်ပွဲနေ့ရဲ့အစီစဉ်များအားလုံးကို လူအများစိတ်ဝင်စားမှူများရှိစေရန်နှင့် တော်လှန်ရေးစိတ်ဓါတ်များပိုမိုနိုးကြားလာစေရန် တေးသီချင်းများဖြင့် သီဆိုကူညီပေးကြပါသော နွေဦးဒယ်ဂူးတေးဂီတအဖွဲ့မှ ညီကိုမောင်နှများ အယောက်စီတိုင်းကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

“အမေ့အပြုံး “ပန်းချီကားကံထူးရှင်ရွေးပွဲကို အမေ့သားသမီးများ live ကြည့်ရှူနိုင်ရန် live ထုတ်လွှင့်ပြသပေးပါသော Mizzima မီဒီယာ၊ခေတ်သစ်မီဒီယာ၊D- Day Channel နှင့် ဆရာမ မရွှေမိုး (ကိုရီးယား )page တို့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

“အမေ့အပြုံး”ပန်းချီကားကံစမ်းမဲပွဲကို အောင်အောင်မြင်မြင်ဖြင့် ပြုလုပ်နိုင်ခဲ့ခြင်းသည် We Love Mother Land – Korea အဖွဲ့​တဖွဲ့ထဲ၏ လုပ်ဆောင်နိုင်ခဲ့ခြင်းမဟုတ်ရပါဘူးခင်ဗျာ။ကိုရီးနိုင်ငံရှိ ဒေသအသီးသီး supporter အဖွဲ့အသီးသီးမှ စည်းလုံးညီညွတ်စွာဖြင့် ကူညီဝန်းရံပေးခဲ့ခြင်းကြောင့်သာဖြစ်ပါတယ်ခင်ဗျာ။သို့ပါသောကြောင်​့ ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှကူညီပေးကြပါသော ညီကိုမောင်နှများအယောက်စီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ…🙏🙏

စည်းလုံးခြင်းသည်အင်အားပါ 💪💪
အရေးတော်ပုံမုချအောင်ရမည် 💪💪
We Love Mother Land – Korea Team
8.2.2022
We Love Mother Land – Korea
#ddaychannel