ၾကားသိသမွ်

ရွှေဘို၊ ဒီပဲယင်း၊ ကနီမြို့နယ်ရှိ စစ်ကောင်စီစခန်းများနှင့်ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်(ရုပ်/သံ)

ရွှေဘို၊ ဒီပဲယင်း၊ ကနီမြို့နယ်ရှိ စစ်ကောင်စီစခန်းများနှင့်ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ စစ်သား ၂ ဦးသေ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်။ ဒီပဲယင်းမြို့နယ်နှင့်ကနီမြို့နယ်တို့ရှိ စစ်ကောင်စီစခန်းများနှင့်ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို ဒေသကာကွယ် ရေးတပ်များက လုပ်ဆောင်နေပြီး စစ်သား ၂ ဦးသေဆုံးကြောင်း သိရှိရသည်။


ဖေဖော်ဝါရီလ ၆ ရက်နေ့ ရွှေဘိုမြို့နယ်အတွင်း စစ်တပ်က ပျူစောထီးများကို သင်တန်းပေးနေသည့် နေရာ ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း ၊

ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာကတပ်စခန်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင်လည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် တည်သီးတောရွာစစ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်းဖြစ်ကြောင်း C&T SHWEBO က ထုတ်ပြန်သည်။

အလားတူ D.P.Y GENERATION-Z နှင့် အရာတော် လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့တို့က ဇန်နဝါရီ ၂၈ ရက်နေ့က ဒီပဲယင်းမြို့နယ်အတွင်းရှိ စိုင်ပြင်ရဲစခန်းအား Drone ဖြင့် တိုက်ခိုက်ကြောင်း သိရှိရသည်။


ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကနီမြို့ ပေါ် ရဲစခန်းကို CGYDF နှင့် Triple Two၊ Yinmarbin Local PDF၊ MTOF၊ SRDF စသော ညီ နောင်မဟာမိတ်ပူးပေါင်း အဖွဲ့များမှ Drone ဖြင့် နှစ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်သည်။

ေရႊဘို၊ ဒီပဲယင္း၊ ကနီၿမိဳ႕နယ္ရွိ စစ္ေကာင္စီစခန္းမ်ားႏွင့္ရဲစခန္းမ်ားကို ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္၊ စစ္သား ၂ ဦးေသ(႐ုပ္/သံ)

စစ္ကိုင္းတိုင္း၊ ေရႊဘိုၿမိဳ႕နယ္။ ဒီပဲယင္းၿမိဳ႕နယ္ႏွင့္ကနီၿမိဳ႕နယ္တို႔ရွိ စစ္ေကာင္စီစခန္းမ်ားႏွင့္ရဲစခန္းမ်ားကို ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္မႈမ်ားကို ေဒသကာကြယ္ ေရးတပ္မ်ားက လုပ္ေဆာင္ေနၿပီး စစ္သား ၂ ဦးေသဆုံးေၾကာင္း သိရွိရသည္။

ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ ေရႊဘိုၿမိဳ႕နယ္အတြင္း စစ္တပ္က ပ်ဴေစာထီးမ်ားကို သင္တန္းေပးေနသည့္ ေနရာ ၂ ခုကို ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္ရာ ၂ ဦး ေသဆုံးခဲ့ေၾကာင္း ၊

ေရႊဘိုၿမိဳ႕နယ္၊ ျမင္းခ်င္းရြာကတပ္စခန္းကို ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ နံနက္ ၁၁ နာရီခြဲတြင္လည္းေကာင္း၊ ယင္းေန႔ ညေန ၄ နာရီခြဲတြင္ တည္သီးေတာရြာစစ္စခန္းကို ဒ႐ုန္းျဖင့္တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း C&T SHWEBO က ထုတ္ျပန္သည္။

အလားတူ D.P.Y GENERATION-Z ႏွင့္ အရာေတာ္ လၽွပ္စီးမိုးႀကိဳးမုန္တိုင္းတပ္ဖြဲ႕တို႔က ဇန္နဝါရီ ၂၈ ရက္ေန႔က ဒီပဲယင္းၿမိဳ႕နယ္အတြင္းရွိ စိုင္ျပင္ရဲစခန္းအား Drone ျဖင့္ တိုက္ခိုက္ေၾကာင္း သိရွိရသည္။

ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ ညေန ၄ နာရီခန႔္တြင္ ကနီၿမိဳ႕ ေပၚ ရဲစခန္းကို CGYDF ႏွင့္ Triple Two၊ Yinmarbin Local PDF၊ MTOF၊ SRDF စေသာ ညီ ေနာင္မဟာမိတ္ပူးေပါင္း အဖြဲ႕မ်ားမွ Drone ျဖင့္ ႏွစ္ႀကိမ္ ဗုံးက်ဲတိုက္ခိုက္ခဲ့ၿပီး စစ္သား ၁ ဦး ေသဆုံးၿပီး ႏွစ္ဦး ဒဏ္ရာရရွိေၾကာင္း အဆိုပါအဖြဲ႕မ်ားက သတင္းထုတ္ျပန္သည္။