ၾကားသိသမွ်

စစ်ကောင်စီ ဗိုလ်ရှုသဘင် ဘာလို့ကျင်းပလဲ (ရုပ်/သံ)

စစ်ကောင်စီ ဗိုလ်ရှုသဘင် ဘာလို့ကျင်းပလဲ (ရုပ်/သံ)

ဧရာ၀တီ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၁။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့မှာ ဗိုလ်ရှုသဘင် အခမ်းအနားကို အကြီးအကျယ် ခမ်းခမ်းနားနား ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

Covid-19 ကူးစက်ရောဂါ အပါအဝင် စစ်အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့နှုန်း တိုးပွားလာမှု၊ ကုန်စျေးနှုန်း မြင့်တက်မှုတွေကြောင့် တချို့ဒေသက ပြည်သူတွေဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့်

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ဗိုလ်ရှုသဘင် အခမ်းအနားအတွက် ငွေကျပ် သိန်းပေါင်း ၉ သောင်းကျော် အကုန်အကျခံ ပြုလုပ်မှာဖြစ်ပြီး၊ အလှပြမြင်းလိမ္မာတွေကို အိန္ဒိယနိုင်ငံကတောင်မှာ ယူထားပါတယ်။


နိုင်ငံနေရာ အနှံ့မှာ ပြည်သူတွေကို သတ်ဖြတ်ပြီး၊ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီ ခေါင်း ဆောင်ဟာ နေပြည်တော်မှာ ပြုလုပ်မယ့် ဗိုလ်ရှု့သဘင်အခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင် ခေါင်း ဆောင်တချို့နဲ့ နိုင်ငံရေးပါတီတွေကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ UWSA ဝ တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဖို့ ရှိနေပြီး၊ စစ်ကောင်စီ ဗိုလ်ရှုသဘင် အခမ်းအနားကို တက်ရောက်ကြမယ့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ပါတီတွေကိုလည်း ပြည်သူတွေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။


မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ် ပြုမှုကို မရရှိတဲ့ စစ်ခေါင်းဆောင်ဟာ ဗိုလ်ရှုသဘင်အခမ်း အနားကို ခမ်းခမ်းနားနား ကျင်းပပြပြီး၊

စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ နိုင်ငံဟာ ပုံမှန်ပြန်လည်တည် ငြိမ်နေသယောင် နိုင်ငံတကာကို လိမ်လည်ထုတ်ဖော်ပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ပြုလုပ်တာ ဖြစ် တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီကြီးတွေက ပြောဆိုထားပါ တယ်။