ၾကားသိသမွ်

ပါမောက္ခ ရှောင်တာနဲလ်ကို ပြန်လွှတ်ပြီဆိုတဲ့သတင်း စစ်အုပ်စုငြင်း

ပါမောက္ခ ရှောင်တာနဲလ်ကို ပြန်လွှတ်ပြီဆိုတဲ့သတင်း စစ်အုပ်စုငြင်း

ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ Khmer Times သတင်းဌာနရဲ့ဖော်ပြချက်ဟာ မှားယွင်းကြောင်း စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်းက ဗီအိုအေကို ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ တောင်းဆိုချက်အရဆိုပြီး ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်ကို မနေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ Khmer Times သတင်းဌာနက ဖော်ပြခဲ့တာပါ။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးလုပ်ခဲ့တဲ့ စီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်‌ခဲ့ပြီးနောက် ပြန်လွှတ်တဲ့ သတင်းထွက်ပေါ်ခဲ့တာပါ။

ဖေဖေါ်ဝါရီ ၆ ရက်နေ့ဟာ အကြမ်းဖက်စစ်အုပ်စုက မစ္စတာရှောင်တာနဲလ်ကို ဖမ်းဆီးထားတာ တစ်နှစ်ပြည့်နေ့ဖြစ်ပါတယ်။
ပါမောက္ခ ရှောင်တာနဲလ်ကို ဖမ်းဆီးပြီးနောက် သူ့ရဲ့ကွန်ပျူတာကရတဲ့ အချက်အလက်တွေအရဆိုပြီးထောင်ဒဏ် ၁၄ နှစ်အထိချလို့ရတဲ့ အစိုးရ လျှို့ဝှက်ဥပဒေနဲ့ တရားစွဲဖမ်းဆီးထားတာပါ။

သူ့ကို ဖမ်းဆီးထားခြင်းဟာ တရားမျှတမှုမရှိတဲ့ အကြောင်းနဲ့ သူ့အပေါ် စွပ်စွဲထားမှုတွေကို သြစတြေးလျအစိုးရက လက်မခံကြောင်း ယမန်နေ့က သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဩစတြေးလျ အစိုးရက မစ္စတာရှောင်တာနဲလ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ဆက်တိုက်လုပ်ခဲ့ပေမဲ့ စစ်အုပ်စုက အရေးမလုပ်ခဲ့ပါဘူး။ #DNA

ပါေမာကၡ ေရွာင္တာနဲလ္ကို ျပန္လႊတ္ၿပီဆိုတဲ့သတင္း စစ္အုပ္စုျငင္း

ဩစေၾတးလ်နိုင္ငံသား စီးပြားေရးပညာရွင္ ပါေမာကၡ ေရွာင္တာနဲလ္ကို ျပန္လႊတ္ေပးလိုက္ၿပီလို႔ Khmer Times သတင္းဌာနရဲ့ေဖာ္ျပခ်က္ဟာ မွားယြင္းေၾကာင္း စစ္အုပ္စုေျပာခြင့္ရ ေဇာ္မင္းထြန္းက ဗီအိုေအကို ေျပာၾကားလိုက္ပါတယ္။

ကေမၻာဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ့ ေတာင္းဆိုခ်က္အရဆိုၿပီး ဩစေၾတးလ်နိုင္ငံသား စီးပြားေရးပညာရွင္ ပါေမာကၡ ေရွာင္တာနဲလ္ကို မေန႔က ျပန္လႊတ္ေပးခဲ့တယ္လို႔ Khmer Times သတင္းဌာနက ေဖာ္ျပခဲ့တာပါ။

နိုင္ငံေတာ္ရဲ့ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ စီးပြားေရးအႀကံေပးလုပ္ခဲ့တဲ့ စီးပြားေရးပညာရွင္ ေရွာင္တာနဲလ္ကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ၾသစေၾတးလ် နိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖေဖၚဝါရီ ၆ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္‌ခဲ့ၿပီးေနာက္ ျပန္လႊတ္တဲ့ သတင္းထြက္ေပၚခဲ့တာပါ။

ေဖေဖၚဝါရီ ၆ ရက္ေန႔ဟာ အၾကမ္းဖက္စစ္အုပ္စုက မစၥတာေရွာင္တာနဲလ္ကို ဖမ္းဆီးထားတာ တစ္ႏွစ္ျပည့္ေန႔ျဖစ္ပါတယ္။
ပါေမာကၡ ေရွာင္တာနဲလ္ကို ဖမ္းဆီးၿပီးေနာက္ သူ႔ရဲ့ကြန္ပ်ဴတာကရတဲ့ အခ်က္အလက္ေတြအရဆိုၿပီးေထာင္ဒဏ္ ၁၄ ႏွစ္အထိခ်လို႔ရတဲ့ အစိုးရ လၽွို႔ဝွက္ဥပေဒနဲ႔ တရားစြဲဖမ္းဆီးထားတာပါ။

သူ႔ကို ဖမ္းဆီးထားျခင္းဟာ တရားမၽွတမႈမရွိတဲ့ အေၾကာင္းနဲ႔ သူ႔အေပၚ စြပ္စြဲထားမႈေတြကို ၾသစေၾတးလ်အစိုးရက လက္မခံေၾကာင္း ယမန္ေန႔က ၾသစေၾတးလ် နိုင္ငံျခားေရး ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ဩစေၾတးလ် အစိုးရက မစၥတာေရွာင္တာနဲလ္ကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုမႈေတြ ဆက္တိုက္လုပ္ခဲ့ေပမဲ့ စစ္အုပ္စုက အေရးမလုပ္ခဲ့ပါဘူး။ #DNA