ၾကားသိသမွ်

အကြမ်းဖက်စစ်အုပ်စုက ရဲဘော်တွေအနေနဲ့ အသုံးစရိတ်လိုလို့ ကျည်ဆံတွေရောင်းချလိုပါက CDF-Mindat ဝယ်ယူမည်

အကြမ်းဖက်စစ်အုပ်စုက ရဲဘော်တွေအနေနဲ့ အသုံးစရိတ်လိုလို့ ကျည်ဆံတွေရောင်းချလိုပါက CDF-Mindat ဝယ်ယူမည်

မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ကျောက်ထု၊ ဆော၊ ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရဲဘော်တွေအနေနဲ့ MAကျည်၊ ၄၀ မမ၊ ၆၀ မမကျည်တွေကို ရောင်းချနိုင်တယ်လို့ CDF-Mindat ကဆိုပါတယ်။

စစ်အုပ်စုရဲ့ လက်အောက်ခံတွေဟာ သူတို့ကို ထုတ်ပေးထားတဲ့ ကျည်တွေကို ရောင်းချတာဟာ အစဉ်အလာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုသာမက ပြင်ပသူဌေးတွေကိုပါ ရောင်းချလေ့ရှိတယ်လို့ အငြိမ်းစား ဗိုလ်ကြီးတစ်ဦးက ပါတယ်။


“အရင်က ကျွန်တော်တို့ ရှေ့တန်းထွက်ပြီဆိုရင် ကျည်ကို ပိုပိုယူသွားတယ် တစ်တောင့်လောက် ပစ်ပြီးရင် တစ်ဘောက်လောက်အမြဲ စာရင်းပြကြတယ်၊ ခေါင်းကြီးတို့အတွက် အရေးကြီးတာက လက်နက်ပဲ၊

ကျည်က တအားပေါတာ၊ ရောင်းစားတာက တိုင်းရင်းသားအဖွဲ့တွေကို ရောင်းတာရှိတယ် အပြင်မှာ လာဝယ်တဲ့ သူဌေးတွေရော ရောင်းတာမျိုးရှိတယ်၊

တစ်ခါတစ်ခါ ရောင်းတာများသွားရင် တပ်ရင်းအချင်းချင်း ချိတ်ရတယ် မင်းတို့ဆီက ကျည်ခဏပြန်ချေး အအပ်ပြန်ပြမယ် ငါတို့နောက်တစ်ခါထွက်ရင် ပြန်ယူဆိုတာမျိုးနဲ့ ဒါက အပေါ်ပိုင်းကတင် ရောင်းတာမကဘူး တပ်သားတွေလည်း ရောင်းနေတာပဲ၊ ရောင်းကြမှာပါအဲ့ကောင်တွေ”လို့ အငြိမ်းစား ဗိုလ်ကြီးတစ်ဦးက ပြေပါတယ်။ #DNA

အၾကမ္းဖက္စစ္အုပ္စုက ရဲေဘာ္ေတြအေနနဲ႔ အသုံးစရိတ္လိုလို႔ က်ည္ဆံေတြေရာင္းခ်လိုပါက CDF-Mindat ဝယ္ယူမည္

မင္းတပ္၊ မတူပီ၊ ကန္ပက္လက္၊ ေက်ာက္ထု၊ ေဆာ၊ ဂန႔္ေဂါနဲ႔ ထီးလင္းၿမိဳ႕နယ္အတြင္းမွာရွိတဲ့ အၾကမ္းဖက္စစ္အုပ္စုလက္ေအာက္ခံ ရဲေဘာ္ေတြအေနနဲ႔ MAက်ည္၊ ၄၀ မမ၊ ၆၀ မမက်ည္ေတြကို ေရာင္းခ်နိုင္တယ္လို႔ CDF-Mindat ကဆိုပါတယ္။

စစ္အုပ္စုရဲ့ လက္ေအာက္ခံေတြဟာ သူတို႔ကို ထုတ္ေပးထားတဲ့ က်ည္ေတြကို ေရာင္းခ်တာဟာ အစဥ္အလာျဖစ္ၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကိုသာမက ျပင္ပသူေဌးေတြကိုပါ ေရာင္းခ်ေလ့ရွိတယ္လို႔ အၿငိမ္းစား ဗိုလ္ႀကီးတစ္ဦးက ပါတယ္။

“အရင္က ကၽြန္ေတာ္တို႔ ေရွ႕တန္းထြက္ၿပီဆိုရင္ က်ည္ကို ပိုပိုယူသြားတယ္ တစ္ေတာင့္ေလာက္ ပစ္ၿပီးရင္ တစ္ေဘာက္ေလာက္အျမဲ စာရင္းျပၾကတယ္၊

ေခါင္းႀကီးတို႔အတြက္ အေရးႀကီးတာက လက္နက္ပဲ၊ က်ည္က တအားေပါတာ၊ ေရာင္းစားတာက တိုင္းရင္းသားအဖြဲ႕ေတြကို ေရာင္းတာရွိတယ္ အျပင္မွာ လာဝယ္တဲ့ သူေဌးေတြေရာ ေရာင္းတာမ်ိဳးရွိတယ္၊

တစ္ခါတစ္ခါ ေရာင္းတာမ်ားသြားရင္ တပ္ရင္းအခ်င္းခ်င္း ခ်ိတ္ရတယ္ မင္းတို႔ဆီက က်ည္ခဏျပန္ေခ်း အအပ္ျပန္ျပမယ္ ငါတို႔ေနာက္တစ္ခါထြက္ရင္ ျပန္ယူဆိုတာမ်ိဳးနဲ႔ ဒါက အေပၚပိုင္းကတင္ ေရာင္းတာမကဘူး တပ္သားေတြလည္း ေရာင္းေနတာပဲ၊ ေရာင္းၾကမွာပါအဲ့ေကာင္ေတြ”လို႔ အၿငိမ္းစား ဗိုလ္ႀကီးတစ္ဦးက ေျပပါတယ္။ #DNA