ၾကားသိသမွ်

ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် အာဏာသိမ်းစစ်ကောင်စီကစစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်(၃)ဦးကို လူမှုရေးဆိုင်ရာ ထူးချွန်ဆုပေးအပ်

တာချီလိတ်မြို့တွင် စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်(၃)ဦး လူမှုရေးဆိုင်ရာ ထူးချွန်ဆု ရရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်များအနက် (၃) ဦးကို အာဏာသိမ်းစစ်ကောင်စီက လူမှုရေး

ဆိုင်ရာထူးချွန်ဆုပေးသည်ဟု သိရသည်။


တာချီလိတ်မှ မြသဟာပုဂ္ဂလိကဆေးရုံပိုင်ရှင် ဦးတင်လှိုင်၊ စံလင်းဖြိုးကုမ္ပဏီမှ ဦးလှအေး (ခ) ဦးအားတီနှင့် ဟိုတယ်တာချီလိတ်မှ ဦးထွန်း

နေဦးတို့ကို အာဏာသိမ်းအဖွဲ့က တတိယအဆင့် လူမှုရေးဆိုင်ရာ ထူးချွန်ဆုများကို ပေးခြင်းဖြစ်ကြောင်း သိရသည်။


ဆုများအား ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် ကျရောက်သည့် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပေးအပ်

ခြင်း ဖြစ်ပြီး အဆိုပါ အခမ်းအနားကို တောင်ကြီးမြို့တွင် ကျင်းပခြင်း ဖြစ်သည်။



