ၾကားသိသမွ်

မောင်တောတွင် စစ်တပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခပြော

မောင်တောတွင် စစ်တပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခပြော၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့ အထိ တိုက်ပွဲများဖြစ်ပွားလာခြင်းမှာ စစ်ကောင်စီတပ်က ထိုးစစ်များဆင်နွှဲလာ၍ ဖြစ်ကြောင်း ရခိုင်တပ်တော် AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် စစ်ကောင်စီက ထိုးစစ်ဆင်လာ၍ တိုက်ပွဲများဖြစ်ပွားကြောင်း၊ စစ်တပ်က AA ထိန်းချုပ်ထားသော လက်ပံတောင်ကြောကို ထိုးဖောက်ရန် ကြိုးစားလျက်ရှိကြောင်း ခိုင်သုခက ဆိုသည်။

“ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီကနေ ၆ နာရီ ၁၅ အထိပေါ့နော် ၃ နာရီကျော်ကြာ တိုက်ပွဲဆက်ဖြစ်နေတာရှိတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ မောင်တောမြို့နယ် မီးတန်းရွာရဲ့ အရှေ့မြောက်ဘက် ၃ ကီလိုမီတာခွဲ အကွာ လက်ပံတောင်ကြောမှာ မြန်မာစစ်တပ်ဘက်က ထပ်ပြီးတော့ ထိုးစစ်ဆင်လာလို့ ဒီတိုက်ပွဲက ဖြစ်နေတာ။

အဓိကကတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့တဲ့ လက်ပံတောင်ကြောကို မြန်မာစစ်တပ်ဘက်က ထပ်ပြီးတော့ တက်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဒီနေ့တိုက်ပွဲအတွက် ထိ ခိုက်ကျဆုံးမှုမသိရသေးဘူး။ မြန်မာစစ်တပ်ဘက်ကတော့ ထိခိုက်ကျဆုံးမှုရှိနိုင်တယ်” ဟု ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရခိုင်ဒေသသတင်းရင်းမြစ်များ၏ အဆိုအရ မောင်တောဆေးရုံသို့ ရဲ ၂ ဦး ၏ အလောင်းနှင့် စစ်သား ၇ ဦး အလောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်းတွင် ရောက်ရှိလာကြောင်း သိရှိရသည်။

ေမာင္ေတာတြင္ စစ္တပ္က ထိုးစစ္ဆင္လာ၍ တိုက္ပြဲျဖစ္ဟု AA ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခေျပာ၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၉ ဦးေသဆုံး

By ရန္ကုန္ေခတ္သစ္

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္တြင္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔မွ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ အထိ တိုက္ပြဲမ်ားျဖစ္ပြားလာျခင္းမွာ စစ္ေကာင္စီတပ္က ထိုးစစ္မ်ားဆင္ႏႊဲလာ၍ ျဖစ္ေၾကာင္း ရခိုင္တပ္ေတာ္ AA ၏ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက ေျပာဆိုသည္။

ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ တြင္ စစ္ေကာင္စီက ထိုးစစ္ဆင္လာ၍ တိုက္ပြဲမ်ားျဖစ္ပြားေၾကာင္း၊ စစ္တပ္က AA ထိန္းခ်ဳပ္ထားေသာ လက္ပံေတာင္ေၾကာကို ထိုးေဖာက္ရန္ ႀကိဳးစားလ်က္ရွိေၾကာင္း ခိုင္သုခက ဆိုသည္။

“ေဖေဖာ္ဝါရီ ၆ ရက္ေန႔ မြန္းလြဲ ၃ နာရီကေန ၆ နာရီ ၁၅ အထိေပါ့ေနာ္ ၃ နာရီေက်ာ္ၾကာ တိုက္ပြဲဆက္ျဖစ္ေနတာရွိတယ္။ တိုက္ပြဲျဖစ္တဲ့ ေနရာကေတာ့ ေမာင္ေတာၿမိဳ႕နယ္ မီးတန္းရြာရဲ့ အေရွ႕ေျမာက္ဘက္ ၃ ကီလိုမီတာခြဲ အကြာ လက္ပံေတာင္ေၾကာမွာ ျမန္မာစစ္တပ္ဘက္က ထပ္ၿပီးေတာ့ ထိုးစစ္ဆင္လာလို႔ ဒီတိုက္ပြဲက ျဖစ္ေနတာ။

အဓိကကေတာ့ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က တိုက္ပြဲျဖစ္ခဲ့တဲ့ လက္ပံေတာင္ေၾကာကို ျမန္မာစစ္တပ္ဘက္က ထပ္ၿပီးေတာ့ တက္ဖို႔ ႀကိဳးစားေနတာျဖစ္တယ္။ ဒီေန႔တိုက္ပြဲအတြက္ ထိ ခိုက္က်ဆုံးမႈမသိရေသးဘူး။ ျမန္မာစစ္တပ္ဘက္ကေတာ့ ထိခိုက္က်ဆုံးမႈရွိနိုင္တယ္” ဟု ခိုင္သုခက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ရခိုင္ေဒသသတင္းရင္းျမစ္မ်ား၏ အဆိုအရ ေမာင္ေတာေဆး႐ုံသို႔ ရဲ ၂ ဦး ၏ အေလာင္းႏွင့္ စစ္သား ၇ ဦး အေလာင္း ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ ညပိုင္းတြင္ ေရာက္ရွိလာေၾကာင္း သိရွိရသည္။