ၾကားသိသမွ်

တစ်နိုင်ငံလုံး စစ်မျက်နှာဖွင့်ထားတဲ့ စစ်ကောင်စီက NCA ထဲ ပါပါ မပါပါ EAOs အားလုံး ပြည်ထောင်စုနေ့လာတက်ဖို့ ကြေညာ

တစ်နိုင်ငံလုံး စစ်မျက်နှာဖွင့်ထားတဲ့ စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန်စတင်ကမ်းလှမ်း

စစ်ကောင်စီက တိုင်းရင်းသားတပ်မတော်များအား ငြိမ်း ချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ကြောင်း ယမန်နေ့ ညပိုင်း ၄င်းတို့၏ဝါဒဖြန့်မီဒီယာများကတဆင့်ထုတ် ပြန်ကြေငြာချက်အရသိရသည်။

စစ်ကောင်စီက ၄င်းတို့အကြမ်းဖက်အဖွဲ့အဖြစ်ကြေ ငြာထားသည့်အဖွဲ့အစည်းများမှလွဲ၍ ကျန်တိုင်းရင်းသားတပ်ဖွဲ့များအနေဖြင့်NCAလက်မှတ်ရေးထိုးထား သည့်အဖွဲ့များအပြင် NCA မထိုးထားသည့်အဖွဲ့များလည်းတက်ရောက်နိုင်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်- AA အ ပါအဝင် နေရာဒေသအနှံ့အပြားတွင်စစ်မျက်နှာရင်ဆိုင်နေရသည့်အချိန်တွင်ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ပါသည်ဟု ကမ်းလှမ်းလာခြင်းဖြစ်သည်။


”သေချာတာကတော့ စစ်ကောင်စီ ဟာ အတွင်းမှာ စစ်ပန်းလာပါပြီ။ဒါကြောင့် ငြိမ်းချမ်းရေးဆိုတဲ့ အသုံးအနှုန်းကို အရင်ခေတ်တွေတုန်းကလိုပဲ ပြန်ယူသုံးလာရတာပါပဲ။ သို့ပေမယ့် ဒီတစ်ကြိမ်မှာက အရင်နဲ့မတူတော့ဘူး EAOs အများစုဟာ တောင့်တင်းလာကြတယ်၊ ပြည်သူတွေရဲ့ အမြင်မှာလည်း သူတို့ဟာ တိုင်းပြည်ကို ကယ်တင်မယ့် အဖွဲ့တွေလို့ ဂုဏ်ပြုခံထားရချိန်မှာ စစ်ကောင်စီ နဲ့ သွား ညှိမှာတော့ မဟုတ်ဘူး။

တရုတ်ရဲ့ သြဇာဟာ စစ်ကောင်စီ နဲ့ EAOs တွေရဲ့ကြားမှာ ဟန်ချက်ညီထိမ်းထားတာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ချက်ခြင်းကြီး ဖြစ်မလာနိုင်ပါဘူး။ ဖေဖော်ဝါရီလကုန်ရင် တိုက်ပွဲတွေ နှစ်ဆ ပြင်းထန်လာနိုင်ပါတယ်၊ စစ်ကောင်စီ အတွက် ထွက်ပေါက်က ငြိမ်းချမ်းရေးလမ်းစဥ်မဟုတ်သေးပါဘူး” ဟု ဧရာဝတီတိုင်းအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက သုံးသပ်ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ဒေသအ လိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ခုခံတော် လှန်စစ်ကိုနေရာအနှံ့ရင်ဆိုင်နေရသည့်အပြင်ကချင်၊ကယား၊ကရင်၊ချင်း၊ရှမ်း(မြောက်ပိုင်း)၊ရခိုင် စသည့်ဒေသခံတိုင်း ရင်းသားတပ်မတော်များနှင့် စစ်ရေးရင်ဆိုင်နေရကာ စစ်ကောင်စီဘက်မှ နေ့စဥ် ထိခိုက်သေဆုံးမှုအများအပြားမြင့်တက်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။


ဒါ့အပြင် ရန်ကုန်မြို့အတွင်းရှိ အများပြည်သူပိုင် အဆောက်အဦးဝင်းနေရာအချို့မှာ စစ်အုပ်စုက ကင်းစခန်းအခိုင်အမာတွေ တည်ဆောက်နေပြီး မြို့ပြစစ်ဆင်ရေးတွေအတွက် ပြင်ဆင်နေလျှက်ရှိနေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အများပြည်သူပိုင် အဆောက်အဦးဝင်းနေရာအချို့မှာ ခြံစည်းရိုးကို ဖျက်ပြီး လူသွားလမ်းနယ်နမိတ်အထိပါ ဝင်ရောက်ကာ စစ်အုပ်စုက အခိုင်အမာ ကင်းစခန်းတွေကို တည်ဆောက်နေတာပါ။

စစ်အုပ်စုက တည်ဆောက်နေတဲ့ ကင်းစခန်းတွေရဲ့ ဖွဲ့စည်းပုံမှာ နှစ်ထပ် RCတိုက်ငယ်ပုံစံရှိပြီး ၁၀ပေပတ်လည်ခန့်ကျယ်ဝန်းကာ ပေ ၃၀ကျော်ခန့် အမြင့်ရှိပြီး သေနတ်ချောင်းပစ်ပေါက်တွေ လေဝင်လေထွက်ပေါက်တွေ ပါဝင်ပါတယ်။ အဝင်အထွက် တံခါးပေါက်တွေကို ဝင်းအတွင်းဖက်မှာ ထားရှိထားပြီး လှေခါးတွေပါ ထည့်သွင်းတည်ဆောက်ထားတယ်လို့ သိရပါတယ်။


“သရက်တော သူနာပြုတက္ကသိုလ်ပွိုင့်ထိပ်မှာ တစ်ခုရှိတယ်၊ နေရာအတော်များများမှာ သူတို့ဆောက်နေတာ ပထမ အဲ့နေရာကို သံပြားကြီးတွေကာထားပြီးတော့ ဘာလုပ်နေမှန်းမသိဘူး အခုအဲ့နေရာဘက်ကို ပြန်ရောက်သွားမှ ဒါကင်းစခန်းဆောက်တာပါလားလို့သိတာ၊ ပုံစံက ကွန်ကရိဘန်ကာပုံစံနဲ့ ရိက္ခအပြည့်အစုံထည့်ပြီးတော့ မြို့သိမ်းတိုက်ပွဲတွေလာခဲ့ရင်သူတို့က နောက်ဆုံးအချိန်ထိ အသေခံချမဲ့ သဘောရှိနေတယ် ပြည်သူ့ရဲဘော်တွေ ပိုသတိထားရမယ်”လို့ ရန်ကုန်မြို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီအနေဖြင့် ကချင်လွတ်မြောက်ရေးတပ် မတော်-KIA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော်-TNLA၊မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ် မတော်-MNDAA စသည့်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အား အကြမ်းဖက်အဖွဲ့ဟုကြေငြာထားပြီး စစ်အာဏာသိမ်းပြီးနောက် ရက္ခိုင့်တပ်တော်-AAအား အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ကြောင်းကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက် တင်ဘာလ နောက်ဆုံးအပတ်ကစ၍ယခုလကုန် အထိ ၅ လ အကြာ နိုင်ငံအနှံ့အပြားအပစ်ခတ်ရပ်သည်ဟု ကြေ ငြာခဲ့သော်လည်း ဒေသအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် နေ့စဥ်ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း သိရသည်။