ၾကားသိသမွ်

NUGက ပကဖ နှင့် ပအဖကို​အခွန်ကောက်ခံခွင့်၊ ခွဲ​ဝေသုံးစွဲခွင့်ပြု​သော မူဝါဒကိုထုတ်ပြန်

NUGက ပကဖ နှင့် ပအဖကို​အခွန်ကောက်ခံခွင့်၊ ခွဲ​ဝေသုံးစွဲခွင့်ပြု​သော မူဝါဒကိုထုတ်ပြန်

ကြားကာလအတွင်းအခွန်ကောက်ခံမှုများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များကို အခွန်​ကောက်ခံခွင့်ပြုထားပြီး ၊

အခွန်ရ​ငွေ၏ ၇၀ ရာခိုင်နှုန်း ခွဲဝေသုံးစွဲခွင့်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)က ထုတ်ပြန်ကြေညာလိုက်သည်။

NUGက ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် အခွန်ကောက်ခံခြင်းနှင့်မျှဝေသုံးစွဲခြင်းဆိုင်ရာ မူဝါဒကို ယနေ့(ဖေဖော်ဝါရီ ၆ရက်)တွင်ထုတ်ပြန်​ကြေညာလိုက်သည်။

အမျိုးသားညီညွတ်​ရေးအတိုင်ပင်ခံ​ကောင်စီ(NUCC ) အဖွဲ့ဝင်များ ​အတူတစ်ကွ ရေးဆွဲပြင်ဆင်သ​ဘောတူထား​သော ဖက်ဒရယ်ဒီမိုက​ရေစီပဋိညာဥ်၏အစိတ်အပိုင်း (၁) ၊အခန်း( ၄) ၊အပိုင်း (၃) ၏ ဘဏ္ဍာ​ရေးဆိုင်ရာ ဖက်ဒရယ်စနစ် စာပိုဒ် (၁၈) ၊ (၁၉) အရ မူဝါဒချမှတ်ခြင်းဖြစ်​ကြောင်း​ဖော်ပြထားသည်။


အခွန်ခွဲဝေရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က အခွန်ကောက်ခံရရှိမူ၏ ၃၀ ရာခိုင်နှုန်းကို စီမံခွင့်ရပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ၃၀ ရာခိုင်နှုန်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ၄၀ ရာခိုင်နှုန်း စီမံခွင့်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

အခွန်ကောက်ခံရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က ကိုယ်တိုင်ကောက်ယူခြင်းနှင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)များ တဆင့်အခွန်ကောက်ခံခြင်းများကို ဆောင်ရွက်မည်ဟု​ဖော်ပြထားသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အခွန်ကောက်ခံရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနနှင့်ညှိနှိုင်းကောက်ခံရမည်ဟုလည်း သတ်မှတ်ထားသည်။

ပြည်ထောင်စုအစိုးရသည် အခွန်ရရှိငွေ၏ ၁၀ ရာခိုင်နှုန်းကို ဒေသအချင်းချင်းမျှဝေသုံးစွဲခြင်း ကဏ္ဍတွင် အကောင်အထည်ဖော်ရမည်ဟုလည်း ပါရှိသည်။

ပြည်သူအုပ်ချုပ်ရေးအဖွဲ့များသည် ကောက်ခံရရှိငွေ၏ ၁၀ ရာခိုင်နှုန်းကို လူသားချင်းစာနာထောက်ထားကဏ္ဍမျှဝေသုံးစွဲရေးကဏ္ဍအတွက် အကောင်အထည်ဖော်ရမည်ဟုသတ်မှတ်ထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ အခွန်ရရှိငွေ ၂၀ ရာခိုင်နှုန်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောက်ရှောက်ရေးအပါအဝင် ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် သုံးစွဲရမည်ဟုလည်းပါရှိသည်။

“NUGက အစိုးရယန္တယားခိုင်မာအောင် တည်ဆောက်ဖို့ မူချပေးလိုက်တာလို့မြင်တယ်။ ဒါ​ပေမယ့် အခွန်ကိုဘယ်လို ပုံစံနဲ့ကောက်မလဲဆိုတာ ကြည့်ရပါဦးမယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အခွန်ကောက်ခံရာတွင် အခွန်နှုန်းထားများကို အမျိုးသားညီညွတ်ရေးအစိုးရသတ်မှတ်ချက်တိုင်းဖြစ်ရမည်ဟုလည်းပြဌာန်းထားသည်။ အခွန်ကောက်ခံရာနှင့် မျှဝေသုံးစွဲခြင်းတို့တွင်လည်း တာဝန်ယူမူ၊ တာဝန်ခံမူရှိရမည်ဟုလည်း ဆိုထားသည်။

အထက်ပါအခွန်ဆိုင်ရာမူဝါဒသည် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ သက်တမ်းအတွင်းသာ အကျုံးဝင်သည်ဟု​ပြဌာန်ထားသည်။

#လူထုနွေဦး