ၾကားသိသမွ်

စစ်တပ်အရာရှိတဦး၏ သမီးနှင့် လက်ထပ်လိုက်တဲ့ MyTel မင်းသား

စစ်တပ်အရာရှိတဦး၏ သမီးနှင့် လက်ထပ်လိုက်တဲ့ MyTel မင်းသား

သရုပ်ဆောင် နေတိုးနှင့် မသဲစုမြတ်ရွှေတို့၏ မင်္ဂလာဦးဆွမ်းကျွေး ဧည့်ခံပွဲကို ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) နံနက်က ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မြခွာညိုအိမ်ရာရှိ နေတိုး၏ နေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

MyTel မင်းသားဟု လူသိများသော နေတိုးသည် စစ်အာဏာသိမ်းမှု ကာလတွင် ပြည်သူများနှင့်အတူ ရပ်တည်ခြင်း မရှိသောကြောင့် ဟုဆိုကာ ပရိသတ်များက နေတိုးအား Boycott (သပိတ်မှောက်ခြင်း) ပြုလုပ်ခဲ့ကြသည်။


‘မဂ်လာပွဲ ကို အကျဥ်းကျုံး ကျင်းပတာ ဖြစ်တဲ့အတွက် ဧည့်ပရိသတ် ကို မဖိတ်တာပါလို့‘ သရုပ်ဆောင် အကယ်ဒမီ နေတိုး မိခင်မှ ပြောပါတယ်။

နေတိုးသည် ၎င်း၏ မင်္ဂလာဦးဆွမ်းကျွေး အခမ်းအနားအား ရခိုင်ရိုးရာ ဆင်ယင်ထုံးဖွဲ့မှုဖြင့် ကျင်းပခဲ့ပြီး သတို့သမီးဖြစ်သူမှာ ရခိုင်ပြည်နယ် ဇာတိသူဖြစ်ကာ ဒုဗိုလ်မှူး (မောင်အုန်းရွှေ) တဦး၏ သမီးဖြစ်ကြောင်း သိရသည်။


သရုပ်ဆောင် နေတိုး၊ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေးတို့ဟာ နှင်းဆီအဖွဲ့အငြိမ့်မှာ အတွဲညီတဲ့မင်းသားတွေလို့ လူသိများကြပါတယ်။

သူတို့အဖွဲ့ထဲကမှာ သရုပ်ဆောင် မင်းမော်ကွန်း က တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကတစ်သားတည်းပါဝင်ခဲ့တာကြောင့် ပုဒ်မ၅၀၅ကဖြင့် မတရားအမှုဖွင့်ထားခြင်းခံရပြီး မိသားစုနဲ့အတူ လွတ်မြောက်နယ်မြေသို့ ရောက်ရှိသွားခဲ့တာပါ။


မင်းမော်ကွန်း ကလွတ်မြောက်နယ်မြေသို့ ရောက်ရှိသွားပေမယ့်လဲ တော်လှန်ရေးကြီးမှာ သူတတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးပါဝင်ခဲ့တာကြောင့် ပရိတ်သတ်တွေက နှင်းဆီအငြိမ့်အဖွဲ့မှ တကယ်ပွင့်ရဲတဲ့ တစ်ပွင့်တည်းနှင်းဆီဆိုပြီးတော့ ပရိသတ်ကြီးက တင်စားခေါ်ဝေါ်ကြပါတယ်။

Zawgyi

စစ္တပ္အရာရွိတဦး၏ သမီးႏွင့္ လက္ထပ္လိုက္တဲ့ MyTel မင္းသား

သ႐ုပ္ေဆာင္ ေနတိုးႏွင့္ မသဲစုျမတ္ေရႊတို႔၏ မဂၤလာဦးဆြမ္းေကၽြး ဧည့္ခံပြဲကို ယေန႔ (ေဖေဖာ္ဝါရီ ၅ ရက္) နံနက္က ရန္ကုန္ၿမိဳ႕၊ သာေကတၿမိဳ႕နယ္၊ ျမခြာညိဳအိမ္ရာရွိ ေနတိုး၏ ေနအိမ္၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

MyTel မင္းသားဟု လူသိမ်ားေသာ ေနတိုးသည္ စစ္အာဏာသိမ္းမႈ ကာလတြင္ ျပည္သူမ်ားႏွင့္အတူ ရပ္တည္ျခင္း မရွိေသာေၾကာင့္ ဟုဆိုကာ ပရိသတ္မ်ားက ေနတိုးအား Boycott (သပိတ္ေမွာက္ျခင္း) ျပဳလုပ္ခဲ့ၾကသည္။

‘မဂ္လာပြဲ ကို အက်ဥ္းက်ဳံး က်င္းပတာ ျဖစ္တဲ့အတြက္ ဧည့္ပရိသတ္ ကို မဖိတ္တာပါလို႔‘ သ႐ုပ္ေဆာင္ အကယ္ဒမီ ေနတိုး မိခင္မွ ေျပာပါတယ္။

ေနတိုးသည္ ၎၏ မဂၤလာဦးဆြမ္းေကၽြး အခမ္းအနားအား ရခိုင္ရိုးရာ ဆင္ယင္ထုံးဖြဲ႕မႈျဖင့္ က်င္းပခဲ့ၿပီး သတို႔သမီးျဖစ္သူမွာ ရခိုင္ျပည္နယ္ ဇာတိသူျဖစ္ကာ ဒုဗိုလ္မႉး (ေမာင္အုန္းေရႊ) တဦး၏ သမီးျဖစ္ေၾကာင္း သိရသည္။

သ႐ုပ္ေဆာင္ ေနတိုး၊ေက်ာ္ေက်ာ္ဗိုလ္၊ မင္းေမာ္ကြန္း၊ ထြန္းထြန္း၊ ရဲေလးတို႔ဟာ ႏွင္းဆီအဖြဲ႕အၿငိမ့္မွာ အတြဲညီတဲ့မင္းသားေတြလို႔ လူသိမ်ားၾကပါတယ္။

သူတို႔အဖြဲ႕ထဲကမွာ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း က ေတာ္လွန္ေရးႀကီးမွာလဲျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကတစ္သားတည္းပါဝင္ခဲ့တာေၾကာင့္ ပုဒ္မ၅၀၅ကျဖင့္ မတရားအမႈဖြင့္ထားျခင္းခံရၿပီး မိသားစုနဲ႔အတူ လြတ္ေျမာက္နယ္ေျမသို႔ ေရာက္ရွိသြားခဲ့တာပါ။

မင္းေမာ္ကြန္း ကလြတ္ေျမာက္နယ္ေျမသို႔ ေရာက္ရွိသြားေပမယ့္လဲ ေတာ္လွန္ေရးႀကီးမွာ သူတတ္နိုင္တဲ့ဘက္ကေန အေကာင္းဆုံးပါဝင္ခဲ့တာေၾကာင့္ ပရိတ္သတ္ေတြက ႏွင္းဆီအၿငိမ့္အဖြဲ႕မွ တကယ္ပြင့္ရဲတဲ့ တစ္ပြင့္တည္းႏွင္းဆီဆိုၿပီးေတာ့ ပရိသတ္ႀကီးက တင္စားေခၚေဝၚၾကပါတယ္။