ၾကားသိသမွ်

KIO/KIA နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရန် အသင့်ရှိနေဟု AA၊ TNLA နှင့် MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ က ကြေညာ

KIO/KIA နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရန် အသင့်ရှိနေဟု AA၊ TNLA နှင့် MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ က ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

KIO/KIA နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း AA၊ TNLAနှင့် MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ က ၆၁ နှစ်မြောက် ကချင်တော်လှန်ရေး နေ့ အခမ်းအနား သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ကြေညာထားသည်။


မြန်မာနိုင်ငံအတွင်းရှိ အဖိနှိပ်ခံနေရသော လူမျိုးများသည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရရှိရေး၊ အမျိုးသားရေးဆိုင်ရာ နစ်နာချင်္ကများ ၊ မိမိတို့ လူမျိုးများ၏ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးနိုင်ရေးအတွက် လက်နက်ကိုင် တော်လှန်လျက်ရှိကြောင်း၊

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အနေဖြင့် ကချင်တော်လှန်ရေးနေ့ ရက်မြတ်ကို ကချင်လူမျိုးများနည်းတူ ထပ်တူထပ်မျှ တန်ဖိုးထားကြောင်း ထုတ်ပြန်ထားသည်။

KIO/KIA သည် TNLA ပလောင်နှင့် ရခိုင်တပ်တော် AA တို့ကို မွေးထုတ်ပေးခဲ့သည့်အပြင် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများဖြင့် မိတ်ဖက် အဖွဲ့အစည်းများအဖြစ် ရပ်တည်ပေး၍ ကြီးမားသော ဂုဏ်ဒြပ်များ ပြည့်နှက်နေပြီး ကချင်ပြည်၊ ကချင်ပြည်သူလူထုနှင့် KIO/KIA ကို ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုသဝဏ်လွှာတွင်ရေးသားထားသည်။


မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အကြားတွင် ယခင်ကာလ နိုင်ငံရေး နှင့်စစ်ရေး ကဏ္ဍ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး လက်ရှိ အခြေအနေများအရ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများရှိပါက မဟာမိတ် ၃ ဖွဲ့အနေဖြင့် အသင့်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

KIO/KIA ႏွင့္ စစ္ေရး၊ နိုင္ငံေရး ပူးေပါင္းေဆာင္ရန္ အသင့္ရွိေနဟု AA၊ TNLA ႏွင့္ MNDAA ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕ က ေၾကညာ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၅

KIO/KIA ႏွင့္ စစ္ေရး၊ နိုင္ငံေရး ပူးေပါင္းေဆာင္ရြက္ရန္ အသင့္ရွိေနေၾကာင္း AA၊ TNLAႏွင့္ MNDAA ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕ က ၆၁ ႏွစ္ေျမာက္ ကခ်င္ေတာ္လွန္ေရး ေန႔ အခမ္းအနား သို႔ ေပးပို႔ေသာ ဂုဏ္ျပဳသဝဏ္လႊာတြင္ ေၾကညာထားသည္။

ျမန္မာနိုင္ငံအတြင္းရွိ အဖိႏွိပ္ခံေနရေသာ လူမ်ိဳးမ်ားသည္ အမ်ိဳးသားတန္းတူေရး၊ ကိုယ္ပိုင္ျပ႒ာန္းဆုံးျဖတ္ခြင့္၊ ကိုယ့္ကံၾကမၼာ ကိုယ္ဖန္တီးနိုင္ခြင့္ရရွိေရး၊ အမ်ိဳးသားေရးဆိုင္ရာ နစ္နာခ်ကၤမ်ား ၊ မိမိတို႔ လူမ်ိဳးမ်ား၏ အသက္အိုးအိမ္ စည္းစိမ္ကို အကာအကြယ္ေပးနိုင္ေရးအတြက္ လက္နက္ကိုင္ ေတာ္လွန္လ်က္ရွိေၾကာင္း၊

ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕အေနျဖင့္ ကခ်င္ေတာ္လွန္ေရးေန႔ ရက္ျမတ္ကို ကခ်င္လူမ်ိဳးမ်ားနည္းတူ ထပ္တူထပ္မၽွ တန္ဖိုးထားေၾကာင္း ထုတ္ျပန္ထားသည္။

KIO/KIA သည္ TNLA ပေလာင္ႏွင့္ ရခိုင္တပ္ေတာ္ AA တို႔ကို ေမြးထုတ္ေပးခဲ့သည့္အျပင္ နိုင္ငံေရး၊ စစ္ေရး ပူးေပါင္းေဆာင္ရြက္မႈမ်ားျဖင့္ မိတ္ဖက္ အဖြဲ႕အစည္းမ်ားအျဖစ္ ရပ္တည္ေပး၍ ႀကီးမားေသာ ဂုဏ္ျဒပ္မ်ား ျပည့္ႏွက္ေနၿပီး ကခ်င္ျပည္၊ ကခ်င္ျပည္သူလူထုႏွင့္ KIO/KIA ကို ေက်းဇူးတင္ရွိေၾကာင္း ဂုဏ္ျပဳသဝဏ္လႊာတြင္ေရးသားထားသည္။

ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕အၾကားတြင္ ယခင္ကာလ နိုင္ငံေရး ႏွင့္စစ္ေရး က႑ ဟန္ခ်က္ညီညီ ပူးေပါင္းလုပ္ေဆာင္ခဲ့ၾကၿပီး လက္ရွိ အေျခအေနမ်ားအရ စစ္ေရး၊ နိုင္ငံေရး ပူးေပါင္းေဆာင္ရြက္မည့္ကိစၥမ်ားရွိပါက မဟာမိတ္ ၃ ဖြဲ႕အေနျဖင့္ အသင့္ရွိေနေၾကာင္း ထုတ္ျပန္ထားသည္။