ၾကားသိသမွ်

စစ်အုပ်စုကို လုံခြုံရေးကောင်စီက အခိုင်အမာအရေးယူဖို့ ကုလဆိုင်ရာ ကန်သံအမတ် တိုက်တွန်း

စစ်အုပ်စုကို လုံခြုံရေးကောင်စီက အခိုင်အမာအရေးယူဖို့ ကုလဆိုင်ရာ ကန်သံအမတ် တိုက်တွန်း

မြန်မာအကြမ်းဖက်စစ်အုပ်စုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အခိုင်အမာ အရေးယူဆောင်ရွက်ဖို့ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီးက တိုက်တွန်းထားတယ်လို့သိရပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ဟာ ဒေသစံတော်ချိန်ဖေဖေါ်ဝါရီလ ၃ ရက် ညနေက မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ဆိုင်ရာအမေရိကန်ကိုယ်စားလှယ်အဖွဲ့ရုံး ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ရာမှာ အဲဒီ လိုဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေအတွက် အမေရိကန်ဘက်က မရပ်မနားဆောင်ရွက်ဖို့ ကတိပြုထားတာတွေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ လုပ်ဆောင်နေမှုတွေကို သံအမတ်ကြီး ၂ ဦး ဆွေးနွေးခဲ့ကြတယ်လို့ လည်းဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ အခက်အခဲတွေ အဆုံးသတ်ဖို့၊ လက်နက်တင်ပို့မှုတွေ ရပ်ဆိုင်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီထက်ပိုလုပ်ဆောင်ဖို့ အမေရိကန်သံအမတ်ကြီးက တိုက်တွန်းပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ နဲ့လည်း ဇန်နဝါရီလ ၁၀ ရက်နေ့က အွန်လိုင်းကနေတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါသေးတယ်။

စစ္အုပ္စုကို လုံျခဳံေရးေကာင္စီက အခိုင္အမာအေရးယူဖို႔ ကုလဆိုင္ရာ ကန္သံအမတ္ တိုက္တြန္း

ျမန္မာအၾကမ္းဖက္စစ္အုပ္စုကို ကုလသမဂၢ လုံျခဳံေရးေကာင္စီက အခိုင္အမာ အေရးယူေဆာင္ရြက္ဖို႔ကုလဆိုင္ရာအေမရိကန္သံအမတ္ႀကီးက တိုက္တြန္းထားတယ္လို႔သိရပါတယ္။

ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ဟာ ေဒသစံေတာ္ခ်ိန္ေဖေဖၚဝါရီလ ၃ ရက္ ညေနက ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ ေတြ႕ဆုံၿပီး ျမန္မာ့အေရး ေဆြးေႏြးခဲ့ တာနဲ႔ပတ္သက္ၿပီး ကုလသမဂၢ ဆိုင္ရာအေမရိကန္ကိုယ္စားလွယ္အဖြဲ႕႐ုံး ေဖ့စ္ဘြတ္ခ္က ထုတ္ျပန္ရာမွာ အဲဒီ လိုေဖာ္ျပထားပါတယ္။

ျမန္မာျပည္သူေတြအတြက္ အေမရိကန္ဘက္က မရပ္မနားေဆာင္ရြက္ဖို႔ ကတိျပဳထားတာေတြနဲ႔ ျမန္မာနိုင္ငံဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေလၽွာက္လွမ္းဖို႔ လုပ္ေဆာင္ေနမႈေတြကို သံအမတ္ႀကီး ၂ ဦး ေဆြးေႏြးခဲ့ၾကတယ္လို႔ လည္းဆိုပါတယ္။

ျမန္မာျပည္သူေတြရဲ့ အခက္အခဲေတြ အဆုံးသတ္ဖို႔၊ လက္နက္တင္ပို႔မႈေတြ ရပ္ဆိုင္းဖို႔၊ နိုင္ငံေရး အက်ဥ္းသားေတြ ျပန္လည္လြတ္ေျမာက္ဖို႔နဲ႔ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔ နိုင္ငံတကာ အသိုင္းအဝိုင္းက ဒီထက္ပိုလုပ္ေဆာင္ဖို႔ အေမရိကန္သံအမတ္ႀကီးက တိုက္တြန္းပါတယ္။

ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ဟာ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ့ ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ နိုလင္းေဟဇာ နဲ႔လည္း ဇန္နဝါရီလ ၁၀ ရက္ေန႔က အြန္လိုင္းကေနေတြ႕ဆုံၿပီး ျမန္မာ့အေရး ေဆြးေႏြးခဲ့ပါေသးတယ္။