ၾကားသိသမွ်

NUG အစိုးရကို နိုဘယ်ဆု အဆိုတင်ရခြင်း ပြည်ထောင်စုဝန်ကြီး ရှင်း

NUG အစိုးရကို နိုဘယ်ဆု အဆိုတင်ရခြင်း ပြည်ထောင်စုဝန်ကြီး ရှင်း

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းထားပေမယ့် ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ပြည်သူတွေကိုယ်စား ဆက်လက်ဆောင်ရွက်နေနိုင်တဲ့ အစိုးရဖြစ်ခြင်းကြောင့်

NUG ကို ငြိမ်းချမ်းရေးနိုဘယ်ဆုပေးဖို့အဆိုတင်ရခြင်းဖြစ်တယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းက နော်ဝေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဟောင်းနဲ့ နော်ဝေလွှတ်တော်အမတ် Ola Elvestuen က ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် NUG အစိုးရကို အဆိုတင်သွင်းခဲ့တာပါ။

NUGအစိုးရဟာ ပြည်သူတွေကို တရားဝင် ကိုယ်စားပြုထားသလို တိုင်းရင်းသားတွေပါ ပါဝင်တဲ့ ညွန့်ပေါင်းအစိုးရ၊ ညီညွတ်ရေးအစိုးရဖြစ်ပြီး ပြည်ပရောက် အစိုးရမဟုတ်ဘူးလို့ သူကပြောပါတယ်။


‘ပြည်တွင်းနေရာအနှံ့ကနေခွဲပြီး မြန်မာပြည်သူတွေကိုယ်စား နိုင်ငံတော်ကို အုပ်ချုပ်ခွင့်ရဖို့ နည်းလမ်းအသစ်နဲ့ ဆောင်ရွက်နေတာတွေဟာ ကမ္ဘာတစ်ဝန်းက ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးဆောင်ရွက်နေသူအားလုံးကို တွန်းအားဖြစ်စေပါတယ်’ လို့ သူကပြောပါတယ်။

အာဏာရှင်တွေ နေရာပြန်ယူဖို့ တာစူနေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ NUG အစိုးရရဲ့ဖြစ်တည်ကြိုးစားမှုတွေကို အသိအမှတ်ပြုဖို့ အချိန်ကောင်း ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့အဆိုပြုချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်သူ့ညီလာခံက NUCC ဖွဲ့စည်းပေးခဲ့တဲ့ NUG အစိုးရ ကိုထပ်လောင်းအတည်ပြုခဲ့ပါတယ်။

NUG အစိုးရကို နိုဘယ္ဆု အဆိုတင္ရျခင္း ျပည္ေထာင္စုဝန္ႀကီး ရွင္း

အၾကမ္းဖက္စစ္တပ္က အာဏာသိမ္းထားေပမယ့္ ဒီမိုကေရစီလုပ္ငန္းစဥ္ေတြကို ျပည္သူေတြကိုယ္စား ဆက္လက္ေဆာင္ရြက္ေနနိုင္တဲ့ အစိုးရျဖစ္ျခင္းေၾကာင့္ NUG ကို ၿငိမ္းခ်မ္းေရးနိုဘယ္ဆုေပးဖို႔အဆိုတင္ရျခင္းျဖစ္တယ္လို႔ ျပည္ထဲေရးႏွင့္လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီး ဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးလြင္ကိုလတ္ကေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္း အတြင္းက ေနာ္ေဝ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးေဟာင္းနဲ႔ ေနာ္ေဝလႊတ္ေတာ္အမတ္ Ola Elvestuen က ၂၀၂၂ ခုႏွစ္ ၿငိမ္းခ်မ္းေရးနိုဘယ္ဆုအတြက္ NUG အစိုးရကို အဆိုတင္သြင္းခဲ့တာပါ။

NUGအစိုးရဟာ ျပည္သူေတြကို တရားဝင္ ကိုယ္စားျပဳထားသလို တိုင္းရင္းသားေတြပါ ပါဝင္တဲ့ ညြန္႔ေပါင္းအစိုးရ၊ ညီညြတ္ေရးအစိုးရျဖစ္ၿပီး ျပည္ပေရာက္ အစိုးရမဟုတ္ဘူးလို႔ သူကေျပာပါတယ္။

‘ျပည္တြင္းေနရာအႏွံ့ကေနခြဲၿပီး ျမန္မာျပည္သူေတြကိုယ္စား နိုင္ငံေတာ္ကို အုပ္ခ်ဳပ္ခြင့္ရဖို႔ နည္းလမ္းအသစ္နဲ႔ ေဆာင္ရြက္ေနတာေတြဟာ ကမၻာတစ္ဝန္းက ဒီမိုကေရစီနဲ႔ၿငိမ္းခ်မ္းေရးေဆာင္ရြက္ေနသူအားလုံးကို တြန္းအားျဖစ္ေစပါတယ္’ လို႔ သူကေျပာပါတယ္။

အာဏာရွင္ေတြ ေနရာျပန္ယူဖို႔ တာစူေနတဲ့ ဒီေန႔ကမၻာႀကီးမွာ NUG အစိုးရရဲ့ျဖစ္တည္ႀကိဳးစားမႈေတြကို အသိအမွတ္ျပဳဖို႔ အခ်ိန္ေကာင္း ျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။

၂၀၂၁ ခုႏွစ္၊ ဧၿပီလ (၁၆) ရက္ေန႔မွာ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီရဲ့အဆိုျပဳခ်က္နဲ႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ကို အမ်ိဳးသားညီညြတ္ေရး အတိုင္ပင္ခံေကာင္စီ (NUCC) က ဖြဲ႕စည္းေပးခဲ့ျခင္း ျဖစ္ပါတယ္။

၂၀၂၂ခုႏွစ္၊ ဇန္နဝါရီလ (၂၇) ရက္ေန႔ကေန (၂၉) ရက္ေန႔အထိ က်င္းပခဲ့တဲ့ ပထမအႀကိမ္ ျပည္သူ႔ညီလာခံက NUCC ဖြဲ႕စည္းေပးခဲ့တဲ့ NUG အစိုးရ ကိုထပ္ေလာင္းအတည္ျပဳခဲ့ပါတယ္။