ၾကားသိသမွ်
ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ ပြည်သူတွေအတွက် ကတိစကား(ရုပ်သံ)
ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ ပြည်သူတွေအတွက် ကတိစကား
ပြည်သူတွေအပေါ် သစ္စာမဖောက်ဘဲ အရွယ်နဲ့မမျှ နွေဦးတော်လှန်ရေးအတွင်း လက်နက်ကိုင် တိုက်ပွဲဝင်နေခဲ့တဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီဟာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂ရက်နေ့မှာ အသက် ၈၀ပြည့်ခဲ့ပြီဖြစ်ပါတယ်။
၁၉၉၀ ကျုံပျော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ မြောင်းမြပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ကျုံပျော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊ဧရာဝတီတိုင်း ဝန်ကြီးချုပ်၊ ၂၀၂၀ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် နိုင်ငံရေးတာဝန်တွေကို တစိုက်မတ်မတ် ထမ်းဆောင်ခဲ့တဲ့ မန်းဂျော်နီဟာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူအပြီးမှာလည်း ပြည်သူတွေကို မျက်နှာမလွှဲခဲ့ဘဲ စစ်အုပ်စုကို လက်နက်ကိုင်တိုက်ခိုက်နိုင်ဖို့အတွက် ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မန်းဂျော်နီရဲ့ နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းထားပြီး မိသားစုကို နည်းမျိုးစုံနဲ့ ဖိအားတွေ ပေးခဲ့ပေမဲ့ မန်းဂျော်နီဟာ နွေဦးတော်လှန်ရေးမှာ ပြည်သူအတူတူ ပါဝင်ခဲ့ပြီး အခုလို အသက် ၈၀ပြည့်မွေးနေ့မှာ ပြည်သူတွေကို ကတိစကားတစ်ခု လက်ဆောင်ပါးလာခဲ့ပါတယ်။
ပြည်သူတွေကို မန်းဂျော်နီ ဘယ်လိုစကားလက်ဆောင်ပါး ကတိစကားတွေ ပေးခဲ့လဲဆိုတာကို Delta News Agency က အပြည့်အစုံ တင်ပြလိုက်ပါတယ်။ #DNA
ရုပ်သံ- မန်းဂျော်နီFacebook