ၾကားသိသမွ်

မြင်းမူမြို့နယ်ဂုံညင်းဆိပ်ရဲစခန်း ဝင်ရောက်စီးနင်းခဲ့သော တိုက်ပွဲမှတ်တမ်းvedio

ဂုံညင်းဆိပ်ရဲစခန်း ဝင်ရောက်စီးနင်းခဲ့သော တိုက်ပွဲမှတ်တမ်းvedio

မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ် ရဲစခန်းကို မြင်းမူ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်စီးနင်း ရာ စစ်သားနှင့်ရဲများထွက်ပြေး၍ အလွယ်တကူသိမ်းပိုက်ပြီး စခန်းကို မိုင်းခွဲ ရှင်းလင်း၊ စစ်ကောင်စီ ကား ၂ စီးကို မိုင်းခွဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်ရဲစခန်းကို မြင်းမူ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ စစ်သားနှင့်ရဲများ ထွက်ပြေးသွား၍ အလွယ် တကူ သိမ်းပိုက်ပြီး စခန်းကို မိုင်းခွဲရှင်းလင်းလိုက်ကြောင်း မြင်းမူ PDF က သတင်းထုတ်ပြန်သည်။


ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၁၂ နာရီ ၀၅ မိနစ်အချိန် မြင်းမူမြို့နယ် ဂုံညင်း ဆိပ် ရဲစခန်းကို MMUPDF က ဦးဆောင်၍ Black Eagle Defence Force – MMU၊ မြင်းမူလျပ်စီးပြောက်ကျားတပ်ဖွဲ့၊ Myin Mu Defence Force၊ မြောင် မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊

စစ်သားနှင့် ရဲများ ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် အပြန်အလှန် ပစ်ခက်မှုများ မရှိခဲ့ဘဲ ကျန်ရှိနေသောပစ္စည်းများအား ပြည်သူပိုင်အဖြစ်သိမ်းယူပြီး အဆောက် အဦများကို မိုင်းခွဲ ရှင်းလင်းခဲ့ကြောင်း People Defence Force Myinmu-MMUPDF က သတင်းထုတ်ပြန်သည်။

အလားတူ ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ် အချိန်တွင် မြင်း မူမြို့ Black Eagle Defence Force-MMU. အဖွဲ့ ဦးဆောင်ပြီး People’s Defence Force Myinmu-MMU PDF၊ မြင်းမူလျှပ်စီး ပျောက်ကျားအဖွဲ့၊ MyinMu Defence Force-MMDF၊ မြောင်မြို့နယ် ပြည်သူ့ ကာကွယ် ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM စသည့် မဟာမိတ်(၅)ဖွဲ့တို့က

မြင်းမူမြို့မှ မုံရွာဘက်သို့ ကျန်းမာရေးကား(၂)စီး အသုံးပြု၍ ဆင်းလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာနှင့် ရေပိုးစား အကြားတွင် မိုင်းခွဲခဲ့ကြောင်း၊ ကား တစ်စီးမှာ လုံးဝပျက်စီးသွားပြီး စစ် သား သေဆုံးမှုများပြားနိုင်ကြောင်း ဒေသ PDF က သတင်း ထုတ်ပြန် ထား သည်။

စီးနင်းမှု Video ⬇️⬇️⬇️

Zawgyi

ဂုံညင္းဆိပ္ရဲစခန္း ဝင္ေရာက္စီးနင္းခဲ့ေသာ တိုက္ပြဲမွတ္တမ္းvedio

ျမင္းမူၿမိဳ႕နယ္၊ ဂုံညႇင္းဆိပ္ ရဲစခန္းကို ျမင္းမူ PDF ပူးေပါင္းတပ္ဖြဲ႕ ဝင္စီးနင္း ရာ စစ္သားႏွင့္ရဲမ်ားထြက္ေျပး၍ အလြယ္တကူသိမ္းပိုက္ၿပီး စခန္းကို မိုင္းခြဲ ရွင္းလင္း၊ စစ္ေကာင္စီ ကား ၂ စီးကို မိုင္းခြဲတိုက္ခိုက္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၃

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္၊ ဂုံညႇင္းဆိပ္ရဲစခန္းကို ျမင္းမူ PDF ပူးေပါင္း တပ္ဖြဲ႕က ဝင္ေရာက္စီးနင္းရာ စစ္သားႏွင့္ရဲမ်ား ထြက္ေျပးသြား၍ အလြယ္ တကူ သိမ္းပိုက္ၿပီး စခန္းကို မိုင္းခြဲရွင္းလင္းလိုက္ေၾကာင္း ျမင္းမူ PDF က သတင္းထုတ္ျပန္သည္။

ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ ည ၁၂ နာရီ ၀၅ မိနစ္အခ်ိန္ ျမင္းမူၿမိဳ႕နယ္ ဂုံညင္း ဆိပ္ ရဲစခန္းကို MMUPDF က ဦးေဆာင္၍ Black Eagle Defence Force – MMU၊ ျမင္းမူလ်ပ္စီးေျပာက္က်ားတပ္ဖြဲ႕၊ Myin Mu Defence Force၊ ေျမာင္ ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံျခဳံေရးအဖြဲ႕ – CDSOM စသည့္ မဟာမိတ္အဖြဲ႕မ်ား ပူးေပါင္းကာ ဝင္ေရာက္စီးနင္းခဲ့ေၾကာင္း၊

စစ္သားႏွင့္ ရဲမ်ား ထြက္ေျပးတိမ္းေရွာင္သြားေသာေၾကာင့္ အျပန္အလွန္ ပစ္ခက္မႈမ်ား မရွိခဲ့ဘဲ က်န္ရွိေနေသာပစၥည္းမ်ားအား ျပည္သူပိုင္အျဖစ္သိမ္းယူၿပီး အေဆာက္ အဦမ်ားကို မိုင္းခြဲ ရွင္းလင္းခဲ့ေၾကာင္း People Defence Force Myinmu-MMUPDF က သတင္းထုတ္ျပန္သည္။

အလားတူ ေဖေဖာ္ဝါရီ ၂ ရက္ေန႔ မြန္းလြဲ ၂ နာရီ ၄၀ မိနစ္ အခ်ိန္တြင္ ျမင္း မူၿမိဳ႕ Black Eagle Defence Force-MMU. အဖြဲ႕ ဦးေဆာင္ၿပီး People’s Defence Force Myinmu-MMU PDF၊ ျမင္းမူလၽွပ္စီး ေပ်ာက္က်ားအဖြဲ႕၊ MyinMu Defence Force-MMDF၊ ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ ကာကြယ္ ေရးႏွင့္ လုံျခဳံေရးအဖြဲ႕-CDSOM စသည့္ မဟာမိတ္(၅)ဖြဲ႕တို႔က

ျမင္းမူၿမိဳ႕မွ မုံရြာဘက္သို႔ က်န္းမာေရးကား(၂)စီး အသုံးျပဳ၍ ဆင္းလာေသာ အၾကမ္း ဖက္စစ္ေကာင္စီတပ္ကို ျမင္းမူၿမိဳ႕နယ္ ေဂြးပင္ေတာေက်းရြာႏွင့္ ေရပိုးစား အၾကားတြင္ မိုင္းခြဲခဲ့ေၾကာင္း၊ ကား တစ္စီးမွာ လုံးဝပ်က္စီးသြားၿပီး စစ္ သား ေသဆုံးမႈမ်ားျပားနိုင္ေၾကာင္း ေဒသ PDF က သတင္း ထုတ္ျပန္ ထား သည္။

စီးနင္းမႈ Video ⬇️⬇️⬇️