ၾကားသိသမွ်

ဦးဝဏ္ဏမောင်လွင်ကို အာဆီယံအစည်းအဝေးသို့ ဖိတ်ကြားမည် မဟုတ်ဟု ကမ္ဘောဒီးယားဆို

ဦးဝဏ္ဏမောင်လွင်ကို အာဆီယံအစည်းအဝေးသို့ ဖိတ်ကြားမည် မဟုတ်ဟု ကမ္ဘောဒီးယားဆို

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်တွင် ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားတော့မည် မဟုတ်ကြောင်း ကမ္ဘာဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြောင်း VOA သတင်းအရသိရသည်။


“ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူထားတဲ့ ငါးချက်ကို အကောင်အထည်ဖော်တာ တိုးတက်မှုနည်းတော့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ မြန်မာစကစရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဆွေးနွေးပွဲဖိတ်ဖို့ သဘောတူညီမှုရဖို့ခက်တယ်” ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ချွန်ဆုန်နရီက VOA ခမာ အစီအစဉ်ကိုပြောကြားကြောင်း ကိုးကားထားသည်။

ယခု စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားတော့မည် မဟုတ်သည့် အာဆီယံ အစည်းအဝေးကို မူလက ဇန်နဝါရီ လ အတွင်းက ကျင်းပရန် ပြင်ဆင်ခဲ့သော်လည်း မြန်မာစစ်ကောင်စီကို ဖိတ်ကြားခဲ့ခြင်းကြေင့် အခြားသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက မတက်ရောက်ခဲ့သည့်အတွက် ရွေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။


ယခု ထုတ်ပြန်ချက်သည် ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟွန်ဆန် အာဆီယံ ဥက္ကဌ အဖြစ် တာဝန်ယူပြီးနောက် မြန်မာ့အာဏာသိမ်း စစ်ကောင်စီထံသို့ တရားဝင်လာရောက်ခဲ့သည့် ခရီးစဉ် အတွင်း ပြောဆိုချက်များနှင့် မတူ ကွဲလွဲလာသည့် သဘောထားကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ- ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်

Zawgyi

ဦးဝဏၰေမာင္လြင္ကို အာဆီယံအစည္းအေဝးသို႔ ဖိတ္ၾကားမည္ မဟုတ္ဟု ကေမၻာဒီးယားဆို

ကေမၻာဒီးယားနိုင္ငံ ဖႏြမ္းပင္ၿမိဳ႕တြင္ ေဖေဖာ္ဝါရီလ ၁၆ ႏွင့္ ၁၇ ရက္တြင္ ျပဳလုပ္မည့္ အာဆီယံ နိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးသို႔ ဦးဝဏၰေမာင္လြင္ကို ဖိတ္ၾကားေတာ့မည္ မဟုတ္ေၾကာင္း ကမၻာဒီးယား နိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ေျပာေၾကာင္း VOA သတင္းအရသိရသည္။

“ ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူထားတဲ့ ငါးခ်က္ကို အေကာင္အထည္ေဖာ္တာ တိုးတက္မႈနည္းေတာ့အာဆီယံအဖြဲ႕ဝင္နိုင္ငံေတြၾကားမွာ ျမန္မာစကစရဲ့ နိုင္ငံျခားေရးဝန္ႀကီးကို ေဆြးေႏြးပြဲဖိတ္ဖို႔ သေဘာတူညီမႈရဖို႔ခက္တယ္” ဟု ကေမၻာဒီးယားနိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရပုဂၢိဳလ္ ခၽြန္ဆုန္နရီက VOA ခမာ အစီအစဥ္ကိုေျပာၾကားေၾကာင္း ကိုးကားထားသည္။

ယခု စစ္ေကာင္စီကိုယ္စားလွယ္ကို ဖိတ္ၾကားေတာ့မည္ မဟုတ္သည့္ အာဆီယံ အစည္းအေဝးကို မူလက ဇန္နဝါရီ လ အတြင္းက က်င္းပရန္ ျပင္ဆင္ခဲ့ေသာ္လည္း ျမန္မာစစ္ေကာင္စီကို ဖိတ္ၾကားခဲ့ျခင္းေၾကင့္ အျခားေသာ အာဆီယံ နိုင္ငံျခားေရး ဝန္ႀကီးမ်ားက မတက္ေရာက္ခဲ့သည့္အတြက္ ေရြ႕ဆိုင္းခဲ့ရျခင္း ျဖစ္သည္။

ယခု ထုတ္ျပန္ခ်က္သည္ ကမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ အာဆီယံ ဥကၠဌ အျဖစ္ တာဝန္ယူၿပီးေနာက္ ျမန္မာ့အာဏာသိမ္း စစ္ေကာင္စီထံသို႔ တရားဝင္လာေရာက္ခဲ့သည့္ ခရီးစဥ္ အတြင္း ေျပာဆိုခ်က္မ်ားႏွင့္ မတူ ကြဲလြဲလာသည့္ သေဘာထားကို ျပသလိုက္ျခင္းလည္း ျဖစ္သည္။

ဓာတ္ပုံ- ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္