ၾကားသိသမွ်

မြန်မာ့အရေး မဆောင်ရွက်သည့် ဂျပန်အစိုးရကို ဒေါသထွက်ကြောင်း အပြာမင်းသားကြီးMitsugu Somezima ပြော

မြန်မာ့အရေး မဆောင်ရွက်သည့် ဂျပန်အစိုးရကို ဒေါသထွက်ကြောင်း အပြာမင်းသား Mitsugu Somezima ပြော

မြန်မာနိုင်ငံမှ Follower ပရိသတ် အများအပြား ရှိသည့် ဂျပန်အပြာမင်းသား Mitsugu Somezima သည် စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်သည့်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် မြန်မာနိုင်ငံအရေးအတွက် တစုံတရာ ဆောင်ရွက်ခြင်း မရှိသော ဂျပန်အစိုးရကို စိတ်ဆိုးဒေါသထွက်ကြောင်း ရေးသားပြောဆိုခဲ့သည်။

“ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်တဲ့နေ့ပဲ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် ရှင်သန်လာစေဖို့ မြန်မာပြည်သူတွေနဲ့အတူ ကျနော် မျှော်လင့်နေပါတယ်။

မြန်မာနိုင်ငံအရေးအတွက် ဂျပန်အစိုးရက ဘာတခုမှ ဆောင်ရွက်ပေးခြင်း မရှိလို့ ကျနော် စိတ်ဆိုး ဒေါသထွက်ရတယ်” ဟု Mitsugu Somezima က ရေးသားထားသည်။


ဂျပန်အပြာမင်းသား Mitsugu Somezima သည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် မြန်မာ့အရေးအတွက် ပါဝင်ပြောဆိုခြင်းများ ရှိခဲ့သလို

မတ်လနှင့် ဧပြီလအတွင်းက ပြုလုပ်သည့် ဂျပန်ရောက် မြန်မာများ ဆန္ဒပြပွဲများတွင်လည်း ၎င်းကိုယ်တိုင် ပါဝင်ဆန္ဒပြပြီး ပံ့ပိုးမှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်။

ဓာတ်ပုံ – Mitsugu Somezima’s Facebook

Zawgyi

ျမန္မာ့အေရး မေဆာင္ရြက္သည့္ ဂ်ပန္အစိုးရကို ေဒါသထြက္ေၾကာင္း အျပာမင္းသား Mitsugu Somezima ေျပာ

ျမန္မာနိုင္ငံမွ Follower ပရိသတ္ အမ်ားအျပား ရွိသည့္ ဂ်ပန္အျပာမင္းသား Mitsugu Somezima သည္ စစ္အာဏာသိမ္းမႈ ၁ ႏွစ္ျပည့္သည့္ေန႔တြင္ ၎၏ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ ျမန္မာနိုင္ငံအေရးအတြက္ တစုံတရာ ေဆာင္ရြက္ျခင္း မရွိေသာ ဂ်ပန္အစိုးရကို စိတ္ဆိုးေဒါသထြက္ေၾကာင္း ေရးသားေျပာဆိုခဲ့သည္။

“ေဖေဖာ္ဝါရီ ၁ ရက္ေန႔ဟာ ျမန္မာနိုင္ငံရဲ့ စစ္အာဏာသိမ္းမႈ ၁ ႏွစ္ျပည့္တဲ့ေန႔ပဲ။ ျမန္မာနိုင္ငံ ဒီမိုကေရစီ ျပန္လည္ ရွင္သန္လာေစဖို႔ ျမန္မာျပည္သူေတြနဲ႔အတူ က်ေနာ္ ေမၽွာ္လင့္ေနပါတယ္။ ျမန္မာနိုင္ငံအေရးအတြက္ ဂ်ပန္အစိုးရက ဘာတခုမွ ေဆာင္ရြက္ေပးျခင္း မရွိလို႔ က်ေနာ္ စိတ္ဆိုး ေဒါသထြက္ရတယ္” ဟု Mitsugu Somezima က ေရးသားထားသည္။

ဂ်ပန္အျပာမင္းသား Mitsugu Somezima သည္ ၿပီးခဲ့သည့္ႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ ျမန္မာနိုင္ငံတြင္ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း ၎၏ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ ျမန္မာ့အေရးအတြက္ ပါဝင္ေျပာဆိုျခင္းမ်ား ရွိခဲ့သလို မတ္လႏွင့္ ဧၿပီလအတြင္းက ျပဳလုပ္သည့္ ဂ်ပန္ေရာက္ ျမန္မာမ်ား ဆႏၵျပပြဲမ်ားတြင္လည္း ၎ကိုယ္တိုင္ ပါဝင္ဆႏၵျပၿပီး ပံ့ပိုးမႈမ်ား ျပဳလုပ္ခဲ့သူ ျဖစ္သည္။

ဓာတ္ပုံ – Mitsugu Somezima’s Facebook