ၾကားသိသမွ်

ICJ အမှု၌ နိုင်ငံတော်အတိုင်ပင်ခံ၏ လျှောက်လဲချက်များကို NUG အစိုးရ ပြန်လည်ရုတ်သိမ်း

ICJ အမှု၌ နိုင်ငံတော်အတိုင်ပင်ခံ၏ လျှောက်လဲချက်များကို NUG အစိုးရ ပြန်လည်ရုတ်သိမ်း

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ဂမ်ဘီယာနိုင်ငံက မြန်မာစစ်တပ်ကို ပစ်မှတ်ထား တရားစွဲဆို ထားသော အမှုတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက်ခဲ့သည်များ အားလုံးကို ပြန်လည် ရုတ်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့သော ပထမအကြိမ် ကြားနာသည့် ICJ တရားရုံး၌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ကိုယ်စား နိဂုံးချုပ် လျှောက်လဲချက် ပေးရာတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)သို့ ဂမ်ဘီယာ နိုင်ငံက တင်သွင်း ထားသည့် အမှုကိစ္စအား ရုံးတော်က ပယ်ဖျက်ပေးရန် သို့မဟုတ် ဂမ်ဘီယာက တောင်းဆိုထားသည့် ကြားဖြတ် စီမံဆောင်ရွက်ချက်များအား ပယ်ဖျက်ပေးရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တစ်ဆင့် မြန်မာနိုင်ငံက ကနဦး ကန့်ကွက်ချက်အား ပြန်လည် ရုတ်သိမ်းပြီး တရားရုံး၏ တရားစီရင်မှု အခွင့်အာဏာကို လက်ခံကြောင်း တရားရုံးသို့ အကြောင်း ပြန်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ ကန့်ကွက်ချက်များသည် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကိစ္စရပ်များသာ ဖြစ်ပြီး အမှု၏ အကြောင်းအရာနှင့် သက်ဆိုင်မှု ရှိသည်ဟု မဆိုနိုင်ပါ” ဟု NUG က ထုတ်ပြန်ထားသည်။


ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် ဂမ်ဘီယာ နိုင်ငံက စွဲဆိုထားသည့် မြန်မာအမှုကို ICJ တရားရုံး၌ လာမည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဒုတိယအကြိမ် ကြားနာသွားမည် ဖြစ်ကြောင်း ICJ က သတင်းထုတ်ပြန်ထားပြီး အဆိုပါ ကြားနာမှုအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ခုခံ ချေပခွင့် အတွက် NUG အစိုးရနှင့် စစ်ကောင်စီတို့ အပြိုင် တင်သွင်းထားကြသည်။

နိုင်ငံ ကိုယ်စားပြု အဖြစ် မည်သည့်အဖွဲ့ကို ခုခံ ချေပခွင့် ပြုမည်ကိုမူ အပြည်ပြည်ဆိုင်ရာ တရားရုံး က တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

အာဏာသိမ်း စစ်တပ်ကို မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ICJ က လက်ခံမည် ဆိုပါက ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ရပ်တည်ချက် သဘောထားများနှင့် ညီညွတ်မှု မရှိဘဲ အန္တရာယ် ရှိသော အစဉ်အလာ တစ်ရပ်ကို ချမှတ် ပေးသကဲ့သို့ ဖြစ်မည်ဟု NUG အစိုးရ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။


မြန်မာနိုင်ငံ၏ တရားရုံးဆိုင်ရာ ကိုယ်စားလှယ်နှင့် ကိုယ်ခွဲ ကိုယ်စားလှယ်တို့ကို စစ်တပ်က တရားဥပဒေနှင့် အညီမဟုတ်ဘဲ ဖမ်းဆီး ထိန်းသိမ်းထားချိန်တွင် NUG အစိုးရက မြန်မာနိုင်ငံ၏ ကုလ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည်သာလျှင် တရားရုံးနှင့် ဆက်သွယ် ဆောင်ရွက်ရမည့် တစ်ဦးတည်းသော ကိုယ်စားလှယ် ဖြစ်ကြောင်း ICJ သို့ ဆက်သွယ် အကြောင်းထားသည်။

ICJ သည် အာဏာသိမ်း စစ်တပ်ကို အသိအမှတ် ပြုလိုက်မည် ဆိုပါက ၎င်းတို့ နေ့စဉ် ကျူးလွန်နေသည့် ရက်စက် ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်ရန် အားပေး အားမြှောက် ပြုရာ ရောက်သကဲ့သို့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တာဝန်ခံမှု အတွက် ကြိုးပမ်း အားထုတ် နေမှုများကိုလည်း နှောင့်နှေး ကြန့်ကြာစေမည် ဖြစ်ကြောင်း NUG အစိုးရက ဆိုထားသည်။

Zawgyi

ICJ အမႈ၌ နိုင္ငံေတာ္အတိုင္ပင္ခံ၏ ေလၽွာက္လဲခ်က္မ်ားကို NUG အစိုးရ ျပန္လည္႐ုတ္သိမ္း

ရခိုင္ျပည္နယ္၊ ေျမာက္ပိုင္းရွိ ရိုဟင္ဂ်ာမ်ားကို လူမ်ိဳးတုန္း သတ္ျဖတ္မႈျဖင့္ အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ) ၌ ဂမ္ဘီယာနိုင္ငံက ျမန္မာစစ္တပ္ကို ပစ္မွတ္ထား တရားစြဲဆို ထားေသာ အမႈတြင္ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကန႔္ကြက္ခဲ့သည္မ်ား အားလုံးကို ျပန္လည္ ႐ုတ္သိမ္းေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ ေၾကညာသည္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၂ ရက္ေန႔က က်င္းပခဲ့ေသာ ပထမအႀကိမ္ ၾကားနာသည့္ ICJ တရား႐ုံး၌ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာနိုင္ငံ ကိုယ္စား နိဂုံးခ်ဳပ္ ေလၽွာက္လဲခ်က္ ေပးရာတြင္ အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ)သို႔ ဂမ္ဘီယာ နိုင္ငံက တင္သြင္း ထားသည့္ အမႈကိစၥအား ႐ုံးေတာ္က ပယ္ဖ်က္ေပးရန္ သို႔မဟုတ္ ဂမ္ဘီယာက ေတာင္းဆိုထားသည့္ ၾကားျဖတ္ စီမံေဆာင္ရြက္ခ်က္မ်ားအား ပယ္ဖ်က္ေပးရန္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းမွ တစ္ဆင့္ ျမန္မာနိုင္ငံက ကနဦး ကန႔္ကြက္ခ်က္အား ျပန္လည္ ႐ုတ္သိမ္းၿပီး တရား႐ုံး၏ တရားစီရင္မႈ အခြင့္အာဏာကို လက္ခံေၾကာင္း တရား႐ုံးသို႔ အေၾကာင္း ျပန္ခဲ့ၿပီး ျဖစ္သည္။ အဆိုပါ ကန႔္ကြက္ခ်က္မ်ားသည္ လုပ္ထုံးလုပ္နည္း ဆိုင္ရာ ကိစၥရပ္မ်ားသာ ျဖစ္ၿပီး အမႈ၏ အေၾကာင္းအရာႏွင့္ သက္ဆိုင္မႈ ရွိသည္ဟု မဆိုနိုင္ပါ” ဟု NUG က ထုတ္ျပန္ထားသည္။

ရိုဟင္ဂ်ာမ်ားကို လူမ်ိဳးတုန္း သတ္ျဖတ္မႈျဖင့္ ဂမ္ဘီယာ နိုင္ငံက စြဲဆိုထားသည့္ ျမန္မာအမႈကို ICJ တရား႐ုံး၌ လာမည့္ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွ ၂၈ ရက္ေန႔အထိ ဒုတိယအႀကိမ္ ၾကားနာသြားမည္ ျဖစ္ေၾကာင္း ICJ က သတင္းထုတ္ျပန္ထားၿပီး အဆိုပါ ၾကားနာမႈအတြက္ ျမန္မာနိုင္ငံ ကိုယ္စားျပဳ ခုခံ ေခ်ပခြင့္ အတြက္ NUG အစိုးရႏွင့္ စစ္ေကာင္စီတို႔ အၿပိဳင္ တင္သြင္းထားၾကသည္။

နိုင္ငံ ကိုယ္စားျပဳ အျဖစ္ မည္သည့္အဖြဲ႕ကို ခုခံ ေခ်ပခြင့္ ျပဳမည္ကိုမူ အျပည္ျပည္ဆိုင္ရာ တရား႐ုံး က တရားဝင္ သတင္းထုတ္ျပန္ထားျခင္း မရွိေသးေပ။

အာဏာသိမ္း စစ္တပ္ကို ျမန္မာနိုင္ငံ၏ ကိုယ္စားလွယ္အျဖစ္ ICJ က လက္ခံမည္ ဆိုပါက ကုလသမဂၢ အေထြေထြညီလာခံ၏ ရပ္တည္ခ်က္ သေဘာထားမ်ားႏွင့္ ညီညြတ္မႈ မရွိဘဲ အႏၲရာယ္ ရွိေသာ အစဥ္အလာ တစ္ရပ္ကို ခ်မွတ္ ေပးသကဲ့သို႔ ျဖစ္မည္ဟု NUG အစိုးရ၏ ထုတ္ျပန္ခ်က္တြင္ ေျပာထားသည္။

ျမန္မာနိုင္ငံ၏ တရား႐ုံးဆိုင္ရာ ကိုယ္စားလွယ္ႏွင့္ ကိုယ္ခြဲ ကိုယ္စားလွယ္တို႔ကို စစ္တပ္က တရားဥပေဒႏွင့္ အညီမဟုတ္ဘဲ ဖမ္းဆီး ထိန္းသိမ္းထားခ်ိန္တြင္ NUG အစိုးရက ျမန္မာနိုင္ငံ၏ ကုလ အျမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းသည္သာလၽွင္ တရား႐ုံးႏွင့္ ဆက္သြယ္ ေဆာင္ရြက္ရမည့္ တစ္ဦးတည္းေသာ ကိုယ္စားလွယ္ ျဖစ္ေၾကာင္း ICJ သို႔ ဆက္သြယ္ အေၾကာင္းထားသည္။

ICJ သည္ အာဏာသိမ္း စစ္တပ္ကို အသိအမွတ္ ျပဳလိုက္မည္ ဆိုပါက ၎တို႔ ေန႔စဥ္ က်ဴးလြန္ေနသည့္ ရက္စက္ ၾကမ္းၾကဳတ္ေသာ ရာဇဝတ္မႈမ်ားကို ဆက္လက္ က်ဴးလြန္ရန္ အားေပး အားေျမႇာက္ ျပဳရာ ေရာက္သကဲ့သို႔ နိုင္ငံတကာ ရာဇဝတ္မႈဆိုင္ရာ တာဝန္ခံမႈ အတြက္ ႀကိဳးပမ္း အားထုတ္ ေနမႈမ်ားကိုလည္း ေႏွာင့္ေႏွး ၾကန႔္ၾကာေစမည္ ျဖစ္ေၾကာင္း NUG အစိုးရက ဆိုထားသည္။