ၾကားသိသမွ်

မင်းအောင်လှိုင်စစ်တပ်၏လုပ်ရပ်လက်မခံ နိုင် တော့၍ တောင်ငူစစ်ဆေးရုံမှ ပါရဂူ၊ ဆေးမှူး စစ်ဆေးဆရာဝန် ဗိုလ်ကြီး ၉ ဦး စွန့်ခွာ၊ နိုင်ငံတစ်ဝန်း စစ်မြေပြင်တပ်ရင်းနှင့်စစ်ဆေးရုံများမှ စစ်ဆရာဝန် အများ အပြား စွန့်ခွာနေ

မင်းအောင်လှိုင်စစ်တပ်၏ ပြည်သူအပေါ် သတ်ဖြတ်နေမှုကို လက်မခံ နိုင် တော့၍ တောင်ငူစစ်ဆေးရုံမှ ပါရဂူ၊ ဆေးမှူး စစ်ဆေးဆရာဝန် ဗိုလ်ကြီး ၉ ဦး စွန့်ခွာ၊ နိုင်ငံတစ်ဝန်း စစ်မြေပြင်တပ်ရင်းနှင့်စစ်ဆေးရုံများမှ စစ်ဆရာဝန် အများ အပြား စွန့်ခွာနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက် ပြည်သူအပေါ် စစ်တပ်က သတ်ဖြတ်နေမှုများကို လက်မခံနိုင်တော့၍ စစ်ဆေး ဆရာဝန် အများအပြား တပ်မှ စွန့်ခွာ ထွက်သွားကြပြီး တောင်ငူစစ်ဆေးရုံမှ ပါရဂူ၊ဆေးမှူး စစ်ဆေးဆရာဝန် ဗိုလ်ကြီး ၉ ဦး စွန့်ပြေး ထွက်ခွာသွား ကြောင်း စစ်ဆေးဆရာဝန်သတင်းရင်းမြစ်များက ပြောသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ လအကုန်အထိ တောင်ငူ စစ်ဆေးရုံမှ ပါရဂူနှင့်ဆေးမှူး စစ်ဆေးဆရာဝန် ဗိုလ်ကြီး ၉ ဦး ထွက်ခွာသွားကြောင်း၊ ထွက်ပြေးသွားကြသည့် စစ်ဆေးဆရာဝန်များမှာ ဗိုလ်ကြီး လတ်ကိုကို၊ ဗိုလ်ကြီး ကျော်ကျော်အောင်၊ ဗိုလ်ကြီး ကျော်လင်းပိုင်၊ ဗိုလ်ကြီး ညီရဲထက် ၊ ဗိုလ်ကြီး ဇော်မျိုးထက်၊ ဗိုလ်ကြီး ဝဏ္ဏ အပါအဝင် ၉ ဦးဖြစ်ကြောင်း သိရှိရသည်။

“တောင်ငူ စစ်ဆေးရုံမှာ ၄ လအတွင်း စစ်ဆရာ၀န် ၉ ယောက် ပြေးသွားတယ်။ ပါရဂူတွေရော ဆေးမှူးတွေရော။ ၉ ယောက်စလုံးဗိုလ်ကြီးအဆင့်တွေ။ ခွဲစိတ် ပါရဂူတွေက အစ။ မဟာသိပ္ပံပြီးပြီးသားတွေများတယ်။ အခြား စစ်ဆေး ရုံတွေလည်းပြေးနေကြတာ။ အများကြီးပဲ။

စစ်မြေပြင် ဆေးတပ်ရင်းတွေက ပြေးကြတာများတယ်။ စစ်မြေပြင်ဆေးတပ်နဲ့ ရိုးရိုးစစ်ဆေးရုံမတူဘူး။ စစ်မြေပြင်ဆေးတပ်က တပ်မတွေနဲ့ စစ်ဆင်ရေးလိုက်ရတယ်။ စစ်အာ ဏာရှင်ကိုလည်း မကြိုက်ကြဘူး။ ဆရာဝန် ပညာတတ်တွေဆိုတော့ ပြည်သူ ကို သတ်ဖြတ်တာ မကြိုက်ဘူး” ဟု စစ်ဆေးဆရာဝန်သတင်းရင်းမြစ်က ပြောသည်။

တောင်ငူ စစ်မြေပြင်ဆေးတပ်ရင်းများမှလည်း စစ်ဆေးဆရာဝန် ၁၃ ဦးခန့် တပ်ကို စွန့်ခွာ သွားကြကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မြေ ပြင် တပ်ရင်းများမှလည်း စစ်ဆေးဆရာဝန်များ လည်း ထွက်ခွာနေကြကြောင်း သိရှိရသည်။

Zawgyi

မင္းေအာင္လွိုင္စစ္တပ္၏ ျပည္သူအေပၚ သတ္ျဖတ္ေနမႈကို လက္မခံ နိုင္ ေတာ့၍ ေတာင္ငူစစ္ေဆး႐ုံမွ ပါရဂူ၊ ေဆးမႉး စစ္ေဆးဆရာဝန္ ဗိုလ္ႀကီး ၉ ဦး စြန႔္ခြာ၊ နိုင္ငံတစ္ဝန္း စစ္ေျမျပင္တပ္ရင္းႏွင့္စစ္ေဆး႐ုံမ်ားမွ စစ္ဆရာဝန္ အမ်ား အျပား စြန႔္ခြာေန

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂

အၾကမ္းဖက္စစ္ေကာင္စီက အာဏာသိမ္းလိုက္ၿပီးေနာက္ ျပည္သူအေပၚ စစ္တပ္က သတ္ျဖတ္ေနမႈမ်ားကို လက္မခံနိုင္ေတာ့၍ စစ္ေဆး ဆရာဝန္ အမ်ားအျပား တပ္မွ စြန႔္ခြာ ထြက္သြားၾကၿပီး ေတာင္ငူစစ္ေဆး႐ုံမွ ပါရဂူ၊ေဆးမႉး စစ္ေဆးဆရာဝန္ ဗိုလ္ႀကီး ၉ ဦး စြန႔္ေျပး ထြက္ခြာသြား ေၾကာင္း စစ္ေဆးဆရာဝန္သတင္းရင္းျမစ္မ်ားက ေျပာသည္။

၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလမွ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ လအကုန္အထိ ေတာင္ငူ စစ္ေဆး႐ုံမွ ပါရဂူႏွင့္ေဆးမႉး စစ္ေဆးဆရာဝန္ ဗိုလ္ႀကီး ၉ ဦး ထြက္ခြာသြားေၾကာင္း၊ ထြက္ေျပးသြားၾကသည့္ စစ္ေဆးဆရာဝန္မ်ားမွာ ဗိုလ္ႀကီး လတ္ကိုကို၊ ဗိုလ္ႀကီး ေက်ာ္ေက်ာ္ေအာင္၊ ဗိုလ္ႀကီး ေက်ာ္လင္းပိုင္၊ ဗိုလ္ႀကီး ညီရဲထက္ ၊ ဗိုလ္ႀကီး ေဇာ္မ်ိဳးထက္၊ ဗိုလ္ႀကီး ဝဏၰ အပါအဝင္ ၉ ဦးျဖစ္ေၾကာင္း သိရွိရသည္။

“ေတာင္ငူ စစ္ေဆး႐ုံမွာ ၄ လအတြင္း စစ္ဆရာ၀န္ ၉ ေယာက္ ေျပးသြားတယ္။ ပါရဂူေတြေရာ ေဆးမႉးေတြေရာ။ ၉ ေယာက္စလုံးဗိုလ္ႀကီးအဆင့္ေတြ။ ခြဲစိတ္ ပါရဂူေတြက အစ။ မဟာသိပၸံၿပီးၿပီးသားေတြမ်ားတယ္။ အျခား စစ္ေဆး ႐ုံေတြလည္းေျပးေနၾကတာ။ အမ်ားႀကီးပဲ။

စစ္ေျမျပင္ ေဆးတပ္ရင္းေတြက ေျပးၾကတာမ်ားတယ္။ စစ္ေျမျပင္ေဆးတပ္နဲ႔ ရိုးရိုးစစ္ေဆး႐ုံမတူဘူး။ စစ္ေျမျပင္ေဆးတပ္က တပ္မေတြနဲ႔ စစ္ဆင္ေရးလိုက္ရတယ္။ စစ္အာ ဏာရွင္ကိုလည္း မႀကိဳက္ၾကဘူး။ ဆရာဝန္ ပညာတတ္ေတြဆိုေတာ့ ျပည္သူ ကို သတ္ျဖတ္တာ မႀကိဳက္ဘူး” ဟု စစ္ေဆးဆရာဝန္သတင္းရင္းျမစ္က ေျပာသည္။

ေတာင္ငူ စစ္ေျမျပင္ေဆးတပ္ရင္းမ်ားမွလည္း စစ္ေဆးဆရာဝန္ ၁၃ ဦးခန႔္ တပ္ကို စြန႔္ခြာ သြားၾကေၾကာင္း၊ တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ စစ္ေၿမ ျပင္ တပ္ရင္းမ်ားမွလည္း စစ္ေဆးဆရာဝန္မ်ား လည္း ထြက္ခြာေနၾကေၾကာင္း သိရွိရသည္။