ၾကားသိသမွ်

NUGကို အားပေးထောက်ခံမှုအစီအစဉ်များပါဝင်သည့် ဆုံးဖြတ်ချက်ကို ပြင်သစ်လွှတ်တော်နှစ်ရပ်က မကြာမီအတည်ပြုတော့မည်

NUGကို အားပေးထောက်ခံမှုအစီအစဉ်များပါဝင်သည့် ဆုံးဖြတ်ချက်ကို ပြင်သစ်လွှတ်တော်နှစ်ရပ်က မကြာမီအတည်ပြုတော့မည်

မြန်မာနိုင်ငံကို အားပေးထောက်ခံမှု အစီအစဉ်များပါဝင်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ပြင်သစ်အောက်လွှတ် တော်နှင့် အထက်လွှတ်တော် လွှတ်တော်နှစ်ရပ်က မကြာခင်အတည်ပြုပေးမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။


ပြင်သစ်နိုင်ငံ ပါရီမြို့သို့ရောက်ရှိနေသော ဝန်ကြီးဦးအောင်မျိုးမင်းသည် ပြင်သစ်လွှတ်တော်အမတ်များနှင့်တွေ့ဆုံပြီးနောက် မြန်မာ့အရေးကို ဆက်လက်လုပ် ဆောင်နိုင်ရန် တင်ပြနိုင်ခဲ့ကြောင်း ယနေ့(ဖေဖော်ဝါရီ ၂ ရက်)တွင် အသိပေးထုတ်ပြန်သည်။

ပြင်သစ်နိုင်ငံရောက်မြန်မာအင်အားစုများကလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ပြင်သစ်အစိုးရက အမြန်ဆုံးအသိအမှတ်ပြုရေး တောင်းဆိုဆန္ဒထုတ်ဖော်ပွဲကို ပါရီမြို့ရှိ အောက်လွှတ်တော်အနီး ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပခဲ့သည်။


ပြင်သစ်အစိုးရက NUGကို အသိအမှတ်ပြုရေးအဆိုအား ပြီးခဲ့သည့် ၂၀၂၁ အောက်တိုဘာလဆန်း ကတည်းက အထက်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ပြီး အောက်လွှတ်တော်က ဆက်လက်အတည်ပြုရန် လိုအပ်နေခြင်းဖြစ်သည်။

#လူထုနွေဦး

NUGကို အားေပးေထာက္ခံမႈအစီအစဥ္မ်ားပါဝင္သည့္ ဆုံးျဖတ္ခ်က္ကို ျပင္သစ္လႊတ္ေတာ္ႏွစ္ရပ္က မၾကာမီအတည္ျပဳေတာ့မည္

ျမန္မာနိုင္ငံကို အားေပးေထာက္ခံမႈ အစီအစဥ္မ်ားပါဝင္သည့္ ဆုံးျဖတ္ခ်က္တစ္ရပ္ကို ျပင္သစ္ေအာက္လႊတ္ ေတာ္ႏွင့္ အထက္လႊတ္ေတာ္ လႊတ္ေတာ္ႏွစ္ရပ္က မၾကာခင္အတည္ျပဳေပးမည္ဟု အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG)လူ႔အခြင့္အေရးဆိုင္ရာ ျပည္ေထာင္စုဝန္ႀကီးဦးေအာင္မ်ိဳးမင္းက ေျပာသည္။

ျပင္သစ္နိုင္ငံ ပါရီၿမိဳ႕သို႔ေရာက္ရွိေနေသာ ဝန္ႀကီးဦးေအာင္မ်ိဳးမင္းသည္ ျပင္သစ္လႊတ္ေတာ္အမတ္မ်ားႏွင့္ေတြ႕ဆုံၿပီးေနာက္ ျမန္မာ့အေရးကို ဆက္လက္လုပ္ ေဆာင္နိုင္ရန္ တင္ျပနိုင္ခဲ့ေၾကာင္း ယေန႔(ေဖေဖာ္ဝါရီ ၂ ရက္)တြင္ အသိေပးထုတ္ျပန္သည္။

ျပင္သစ္နိုင္ငံေရာက္ျမန္မာအင္အားစုမ်ားကလည္း အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)ကို ျပင္သစ္အစိုးရက အျမန္ဆုံးအသိအမွတ္ျပဳေရး ေတာင္းဆိုဆႏၵထုတ္ေဖာ္ပြဲကို ပါရီၿမိဳ႕ရွိ ေအာက္လႊတ္ေတာ္အနီး ေဖေဖာ္ဝါရီ ၁ ရက္တြင္ က်င္းပခဲ့သည္။

ျပင္သစ္အစိုးရက NUGကို အသိအမွတ္ျပဳေရးအဆိုအား ၿပီးခဲ့သည့္ ၂၀၂၁ ေအာက္တိုဘာလဆန္း ကတည္းက အထက္လႊတ္ေတာ္က ကန႔္ကြက္သူမရွိဘဲ အတည္ျပဳခဲ့ၿပီး ေအာက္လႊတ္ေတာ္က ဆက္လက္အတည္ျပဳရန္ လိုအပ္ေနျခင္းျဖစ္သည္။

#လူထုေႏြဦး