ၾကားသိသမွ်

ရွှေဘို ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး စကစအဖွဲ့ကို Drone ဖြင့် ဗုံးကြဲတိုက်ခိုက် စခ (၂)ကောင် ငရဲရောက်

ရွှေဘို ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး စကစအဖွဲ့ကို Drone ဖြင့် ဗုံးကြဲတိုက်ခိုက် စခ (၂)ကောင် ငရဲရောက်

၁.၂.၂၀၂၂ ရက်နေ့တွင် နိုင်ငံတဝှမ်းမှပြည်သူများ၏ တိတ်ဆိတ်ခြင်းသပိတ်အောင်မြင်ခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် ကျွန်ုပ်တို့အဖွဲ့မှလည်း မိမိတို့၏တိုက်ခိုက်ရေးတာဝန်ကို ကျေပွန်စေခဲ့ပါသည်။

ယနေ့ နေ့လယ် ၁:၀၀ နာရီဝန်းကျင်ခန့်က ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာတွင် တပ်စွဲထားကာ အနီးအနားရှိ ရွာစိုး ၊ ပေါက်ချိုင် ၊ ဆင်အင်း ၊ ရုန်းတော အစရှိသည့်ရွာများအား မီးရှို့ဖျက်ဆီး ဒုက္ခပေးနေသည့် စစ်ခွေးနှင့်ပျူစောထီးအဖွဲ့အား မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်း၍ ဝေဟင်မှ တိုက်ခိုက်ခဲ့ပါသည်။

တိုက်ခိုက်မှုတွင် စစ်ခွေးနှစ်ကောင် ချက်ချင်းမြေသြဇာဖြစ်သွားခဲ့ပြီး တစ်ကောင် အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့ပါသည်။ တိုက်ခိုက်ခံလိုက်ရ၍ သွေးပျက်သွားသော စစ်ခွေးနှင့်ပျူများသည် လက်နက်ကြီးနှစ်ချက်အပါအဝင် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သေးသော်လည်း ကျွန်ုပ်တို့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှာ အေးဆေးအန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

ယခုစစ်ဆင်ရေးကို
မိမိတို့ The Guys of Burma Revolution Force ၊ Snake Eye- PDF (Shwebo) နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ဦးဆောင်၍

သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF(A.B.N.PDF)၊ Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE) ၊ Burmese Farmers Defence Force ညီနောင် (၁၁) ဖွဲ့ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်။ #TheGuysOfBurmaRevolutionForce