ၾကားသိသမွ်

နိုင်ငံလုံးဆိုင်ရာ အသံတိတ်သပိတ်ကြီးနဲ့အတူနိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုမည့်အချက် ၈ ချက်

နက်ဖြန်မှာ လူထုတရပ်လုံးဆင်နွှဲရမယ့် နိုင်ငံလုံးဆိုင်ရာ အသံတိတ်သပိတ်ကြီးနဲ့အတူ လူထုကြီးက အောက်ပါ အချက် ၈ ချက်ကို နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုသွားမှာဖြစ်ပါတယ်။

၁။ အကြမ်းဖက်စစ်ကောင်စီထံသို့ လက်နက်ခဲယမ်းတင်ပို့ ရောင်းချမှုကို ရပ်တန့်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းချမှုပိတ်ဆို့ရေး ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်ရန်၊

၂။ လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားရာဒေသများတွင် လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်များ ကုလသမဂ္ဂမှ သတ်မှတ်ရန်နှင့် စစ်ကောင်စီထံ လေယာဥ်ဆီတင်သွင်းနေမှုများကို ထိန်းချုပ်ကန့်သတ်ပေးရန် ၊

၃။ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံအစိုးရ အသီးသီးမှ စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာပေးရန် ၊
၄။ ကမ္ဘာ့ကုလသမဂ္ဂနှင့်ကမ္ဘာ့နိုင်ငံ အသီးသီးမှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးအရအဖြစ် အမြန်ဆုံးအသိအမှတ်ပြုရန်

၅။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် စစ်ကောင်စီမှ ကျူးလွန်ထားသည့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုနှင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်သော လူမျိုးတုန်း သတ်ဖြတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့လွှဲအပ်ရန် (သို့မဟုတ်) အထူးရာဇဝတ်ခုံရုံးတစ်ရပ် ဖွဲ့စည်း၍ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်

၆။ မြန်မာစစ်တပ်၏ ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ထောက်ပံ့ပေးနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ ဝန်ကြီးဌာနများ၊ စစ်တပ်၏စီးပွားရေးလုပ်ငန်းများ၊ ၎င်းတို့နှင့် ဆက်စပ်နေသည့်စီးပွားရေးလုပ်ငန်းများနှင့် အထူးသဖြင့် စွမ်းအင်၊ရေနံနှင့် သဘာဝဓါတ်ငွေ့ ဝန်ကြီးဌာနတို့အပေါ် ထိရောက်သော စီးပွားရေး အရေးယူပိတ်ဆို့မှုများအမြန်ဆုံးချမှတ်ဆောင်ရွက်ရန်

၇။ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ စစ်ကိုင်းနှင့် မကွေးဒေသများအပါအဝင် အကူအညီလိုအပ်လျက်ရှိသည့် ဒေသများကို နိုင်ငံတကာမှ လူသားချင်းထောက်ထားမှုအကူအညီများ ပံ့ပိုးနိုင်သည့် အစီအစဥ်များကို အမြန်ဆုံးအကောင်အထည်ဖော်‌ ဆောင်ရွက်ပေးရန်

၈။ မြန်မာပြည်သူများ၏ သဘောဆန္ဒနှင့် ကိုက်ညီမှု မရှိသော အာဆီယံ သဘောတူညီမှု ၅ချက်ကို ပြန်လည် သုံးသပ်ပြင်ဆင်ရန်နှင့် အာဆီယံ ဗဟိုပြု၍ မြန်မာ့အရေး ဖြေရှင်းနေသည့် မြန်မာနိုင်ငံအခြေအနေ ဖြေရှင်းရေးအတွက် အာဆီယံ ဗဟိုပြု နည်းလမ်းကို ပြန်လည် သုံးသပ်ရန်

ဒီ ၈ ချက်သည် နွေဦးတော်လှန်ရေးအတွက် အင်မတန်အရေးပါ ထိရောက်တဲ့ နိုင်ငံရေးတောင်းဆိုချက်တွေဖြစ်ပါတယ်။ ဒါကြောင့်မို့ နက်ဖြန် တရက်နေ့မှာ လူထုကြီးရဲ့ အသံတိတ်အာဏာဖီဆန်ရေးလှုပ်ရှားမှုကနေ သတင်းစကားပေးတောင်းဆို တိုက်တွန်းသွားမှာမို့ ပြည်သူတရပ်လုံး ပါဝင်ကြဖို့ အလေးအနက်ထပ်မံတိုက်တွန်းလိုက်ပါတယ်။

#SpringRevolution_Anniversery

#SilentStrike

#ClappingStrike

#အသံတိတ်သပိတ်

#အသံထွက်သပိတ်

#ပြည်တော်ဝင်ဖို့_ရုန်းကြစို့

#အဆုံးသတ်တိုက်ပွဲ_ဒို့ဆင်နွှဲ

#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်

#အရေးတော်ပုံ_အောင်ရမည်