ၾကားသိသမွ်

စစ်​ကောင်စီတပ်အထိနာခဲ့​သော အင်ပင်ထီးရွာ တိုက်ပွဲ (ရုပ်သံ) PDF ထုတ်ပြန်

စစ်​ကောင်စီတပ်အထိနာခဲ့​သော အင်ပင်ထီးရွာ တိုက်ပွဲရုပ်သံ PDF ထုတ်ပြန်

ပုလဲမြို့နယ် အင်ပင်ထီးရွာတွင် ယမန်နေ့(ဇန်နဝါရီ ၃၀)က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်အထိနာခဲ့သော တိုက်ပွဲ ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ် ပြန်သည်။


စစ်ကောင်စီတပ်ကပျူစောထီးများအားသင်တန်းပေးနေသောယာယီတပ်စခန်းကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့( ပ.က.ဖ )နှင့်အတူ

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ PRAတပ်ခွဲ ၂၈၊ တပ်ခွဲ ၂၃၊ပုလဲမြေပြန့်ဒေသကာကွယ်ရေးအင်အားစု-PPDG၊ Pale Joker အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


မြေပြင်တိုက်ပွဲတွင် စစ်​ကောင်စီတပ်အထိနာခဲ့သလို ပိတ်မိ​နေသဖြင့် စစ်ကောင်စီတပ်တိုက်လေယာဉ် နှစ်စီးဖြင့် လာ​ရောက်ပစ်ကူ​ပေးခဲ့ရ​ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ကျဆုံးမှုအများအပြားရှိခဲ့ပြီး ဒဏ်ရာရသူလည်း များပြားသည်ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

#လူထုနွေဦး







#လူထုနွေဦး