ၾကားသိသမွ်

ဖယ်ရီမစီးသည့်စည်ပင်ဝန်ထမ်းများ ရုံးကနေဆူးလေနှစ်ပတ်လမ်းလျှောက်ရမည်လို့ ညွှန်ကြားထား

ဖယ်ရီမစီးသည့်စည်ပင်ဝန်ထမ်းများ ရုံးကနေဆူးလေနှစ်ပတ်လမ်းလျှောက်ရမည်လို့ ညွှန်ကြားထား

လာမည့်ဖေဖော်ဝါရီ (၁)ရက် မနက်ဖြန်မှာ ပြုလုပ်ဖို့စီစဥ်ထားတဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကိုပုံဖျက်ဖို့ စစ်ကောင်စီလက်အောက်ခံ NON CDM စည်ပင်ဝန်ထမ်းတွေကို အမိန့်ပေးညွှန်ကြားထားတယ်လို့သိရပါတယ်။

ရန်ကုန်မြို့တော်ဝန်ဗိုလ်ဌေး ကတစ်ဆင့်စည်ပင်ဌာနကြီးတစ်ခုလုံးဝန်ထမ်းတွေကိုညွှန်ကြားထားတာဖြစ်ပါတယ်။
ဒါနဲ့ပတ်သတ်ပြီး ဝန်းထမ်တစ်ဦးကခုလိုပြောပါတယ်

“ဒီနေ့စည်ပင်ဝန်ထမ်းတွေကို ဖယ်ရီကားပေါ်မှာ လက်မှတ်ထိုးခိုင်းတယ် မနက်ဖန်ကို ဖယ်ရီစီးတဲ့ဝန်ထမ်းအားလုံး သာကတ(သို့)ကျောက်တော်ကြီးမှာလမ်းဖွင့်ပွဲလုပ်ကြမှာ အဲ့ဒီကို လူစုခွဲပီးပို့မယ် ပီးရင်ဘုရားစုံဖူးဖို့ကားမောင်းပို့​ပေးမယ်ရုံးကမတက်ရတော့ဘူး၊

ဖယ်ရီမစီးတဲ့သူတွေကတော့ ဆူးလေဘုရားနှစ်ပတ်လမ်းလျှောက်ရမယ် သူတို့တွေ ရုံးတက်ချိန် (၁၁)နာရီက​နေ(၂)နာရီ သတ်မှတ်ပေးထားတယ်၊ရည်ရွယ်ချက်ကတော့ လမ်းပေါ်မှာ အချိန်ကုန်လူအုံစေချင်တာ” လို့Burma VJ သို့သတင်းလှမ်းပို့ပါတယ်။

အဆိုပါညွှန်ကြားချက်မှာ သက်ဆိုင်ရာ စည်ပင်ဌာနများမှအကြီးအကဲတွေ မနက်ဖြန်မှာမြေပြင်ကွင်းဆင်းဖို့ညွှန်ကြားထားတယ်လို့လည်းသိရပါတယ်။

စစ်ကောင်စီအနေဖြင့်ပြည်သူလူထုအများအပြားပါဝင်ဖို့ရှိတဲ့ ​Silent Strike ကို နည်းမျိုးစုံနဲ့ဟန့်တားလျှက်ရှိပြီး Silentသပိတ်အတွက်လှုံ့ဆော်သူတွေနဲ့စျေးသည်တွေကို ဖမ်းဆီးလက်မှတ်ထိုးခိုင်းတာတွေ ဒီရက်အပိုင်းတွင်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။BVJ

ဖယ္ရီမစီးသည့္စည္ပင္ဝန္ထမ္းမ်ား ႐ုံးကေနဆူးေလႏွစ္ပတ္လမ္းေလၽွာက္ရမည္လို႔ ညႊန္ၾကားထား

လာမည့္ေဖေဖာ္ဝါရီ (၁)ရက္ မနက္ျဖန္မွာ ျပဳလုပ္ဖို႔စီစဥ္ထားတဲ့ တိတ္ဆိတ္ၿငိမ္သက္ျခင္းသပိတ္ကိုပုံဖ်က္ဖို႔ စစ္ေကာင္စီလက္ေအာက္ခံ NON CDM စည္ပင္ဝန္ထမ္းေတြကို အမိန္႔ေပးညႊန္ၾကားထားတယ္လို႔သိရပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဗိုလ္ေဌး ကတစ္ဆင့္စည္ပင္ဌာနႀကီးတစ္ခုလုံးဝန္ထမ္းေတြကိုညႊန္ၾကားထားတာျဖစ္ပါတယ္။ဒါနဲ႔ပတ္သတ္ၿပီး ဝန္းထမ္တစ္ဦးကခုလိုေျပာပါတယ္

“ဒီေန႔စည္ပင္ဝန္ထမ္းေတြကို ဖယ္ရီကားေပၚမွာ လက္မွတ္ထိုးခိုင္းတယ္ မနက္ဖန္ကို ဖယ္ရီစီးတဲ့ဝန္ထမ္းအားလုံး သာကတ(သို႔)ေက်ာက္ေတာ္ႀကီးမွာလမ္းဖြင့္ပြဲလုပ္ၾကမွာ အဲ့ဒီကို လူစုခြဲပီးပို႔မယ္ ပီးရင္ဘုရားစုံဖူးဖို႔ကားေမာင္းပို႔​ေပးမယ္႐ုံးကမတက္ရေတာ့ဘူး၊

ဖယ္ရီမစီးတဲ့သူေတြကေတာ့ ဆူးေလဘုရားႏွစ္ပတ္လမ္းေလၽွာက္ရမယ္ သူတို႔ေတြ ႐ုံးတက္ခ်ိန္ (၁၁)နာရီက​ေန(၂)နာရီ သတ္မွတ္ေပးထားတယ္၊ရည္ရြယ္ခ်က္ကေတာ့ လမ္းေပၚမွာ အခ်ိန္ကုန္လူအုံေစခ်င္တာ” လို႔Burma VJ သို႔သတင္းလွမ္းပို႔ပါတယ္။

အဆိုပါညႊန္ၾကားခ်က္မွာ သက္ဆိုင္ရာ စည္ပင္ဌာနမ်ားမွအႀကီးအကဲေတြ မနက္ျဖန္မွာေျမျပင္ကြင္းဆင္းဖို႔ညႊန္ၾကားထားတယ္လို႔လည္းသိရပါတယ္။

စစ္ေကာင္စီအေနျဖင့္ျပည္သူလူထုအမ်ားအျပားပါဝင္ဖို႔ရွိတဲ့ ​Silent Strike ကို နည္းမ်ိဳးစုံနဲ႔ဟန္႔တားလၽွက္ရွိၿပီး Silentသပိတ္အတြက္လႈံ႔ေဆာ္သူေတြနဲ႔ေစ်းသည္ေတြကို ဖမ္းဆီးလက္မွတ္ထိုးခိုင္းတာေတြ ဒီရက္အပိုင္းတြင္း လုပ္ေဆာင္ေနတာ ေတြ႕ရပါတယ္။BVJ