ၾကားသိသမွ်

မန္တလေးမြို့တွင် အသံတိတ်သပိတ်၌ ပါဝင်မည့် ပြည်သူများကို အိမ်ထဲကနေ ထွက်လာအောင် စက်သုံးဆီ အခမဲ့ပေးမည်ဟု ဖျားယောင်းသွေးဆောင်

မန္တလေးမြို့တွင် အသံတိတ်သပိတ်၌ ပါဝင်မည့် ပြည်သူများကို အိမ်ထဲကနေ ထွက်လာအောင် စက်သုံးဆီ အခမဲ့ပေးမည်ဟု ဖျားယောင်းသွေးဆောင်

အသံတိတ်သပိတ်ပြုလုပ်မည့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် မန္တလေးမြို့ရှိ ပြည်သူများ နေအိမ်အတွင်းကနေ ထွက်လာရန် ဖျားယောင်းသွေးဆောင်သည့်အနေဖြင့်

မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်(၁၅)ဆိုင်က ဆိုင်ကယ်တစ်စီးလျှင် Octane 92 (၁)လီတာနှုန်းဖြင့် အခမဲ့ပေးဝေမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်ကို တွေ့ရသည်။


အခမဲ့ပေးမည်ဟု ကြေညာထားသည့် ဆိုင်များမှာ Denko၊ BOC ၊ Asia Energy ကုမ္ပဏီ၊ ရွှေဗျိုင်းဖြူ နှင့် 360′ Perto အပြင် မြပါဝါ စက်သုံးဆီဆိုင်တို့၏ ဆိုင်ခွဲပေါင်း စုစုပေါင်း (၁၅)ဆိုင်ဖြစ်ပြီး

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၁)နာရီမှ ညနေ(၃)နာရီအထိ အခမဲ့ပေးမည်ဟု အသိပေးထားခြင်း ဖြစ်သည်။

နေအိမ်ပြင်ပမထွက်ခြင်း အသံတိတ်သပိတ်ပြုလုပ်မည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီက နေအိမ်ကနေ ထွက်လာရာ နည်းလမ်းမျိုးစုံဖြင့် ဖျားယောင်းသွေးဆောင်နေရာတွင် ပြိုင်ပွဲများ၊ ပျော်ပွဲများ နှင့် ယခုလို အခမဲ့ပေးသည့် အစီအစဉ်များဖြင့်ပါ လုပ်ဆောင်နေသည်။

မႏၲေလးၿမိဳ႕တြင္ အသံတိတ္သပိတ္၌ ပါဝင္မည့္ ျပည္သူမ်ားကို အိမ္ထဲကေန ထြက္လာေအာင္ စက္သုံးဆီ အခမဲ့ေပးမည္ဟု ဖ်ားေယာင္းေသြးေဆာင္

အသံတိတ္သပိတ္ျပဳလုပ္မည့္ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔တြင္ မႏၲေလးၿမိဳ႕ရွိ ျပည္သူမ်ား ေနအိမ္အတြင္းကေန ထြက္လာရန္ ဖ်ားေယာင္းေသြးေဆာင္သည့္အေနျဖင့္ မႏၲေလးၿမိဳ႕ေပၚရွိ စက္သုံးဆီ ဆိုင္(၁၅)ဆိုင္က

ဆိုင္ကယ္တစ္စီးလၽွင္ Octane 92 (၁)လီတာႏႈန္းျဖင့္ အခမဲ့ေပးေဝမည္ျဖစ္ေၾကာင္း အသိေပးေၾကညာထားသည္ကို ေတြ႕ရသည္။

အခမဲ့ေပးမည္ဟု ေၾကညာထားသည့္ ဆိုင္မ်ားမွာ Denko၊ BOC ၊ Asia Energy ကုမၸဏီ၊ ေရႊဗ်ိဳင္းျဖဴ ႏွင့္ 360′ Perto အျပင္ ျမပါဝါ စက္သုံးဆီဆိုင္တို႔၏ ဆိုင္ခြဲေပါင္း စုစုေပါင္း (၁၅)ဆိုင္ျဖစ္ၿပီး ၂၀၂၂ခုႏွစ္ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔ နံနက္(၁၁)နာရီမွ ညေန(၃)နာရီအထိ အခမဲ့ေပးမည္ဟု အသိေပးထားျခင္း ျဖစ္သည္။

ေနအိမ္ျပင္ပမထြက္ျခင္း အသံတိတ္သပိတ္ျပဳလုပ္မည့္ ျပည္သူမ်ားကို အာဏာသိမ္းစစ္ေကာင္စီက ေနအိမ္ကေန ထြက္လာရာ နည္းလမ္းမ်ိဳးစုံျဖင့္ ဖ်ားေယာင္းေသြးေဆာင္ေနရာတြင္ ၿပိဳင္ပြဲမ်ား၊ ေပ်ာ္ပြဲမ်ား ႏွင့္ ယခုလို အခမဲ့ေပးသည့္ အစီအစဥ္မ်ားျဖင့္ပါ လုပ္ေဆာင္ေနသည္။