ၾကားသိသမွ်

မိတ္ထီလာမြို့၏ အာဏာသိမ်းအကြမ်းဖက် စစ်တပ် ထောက်ခံပွဲတွင် တစ်ဦးလျှင် ကျပ်(၅၀၀၀)ရရှိ

မိတ္ထီလာမြို့၏ အာဏာသိမ်းအကြမ်းဖက် စစ်တပ် ထောက်ခံပွဲတွင် တစ်ဦးလျှင် ကျပ်(၅၀၀၀)ရရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် အာဏာသိမ်း အကြမ်းဖက်စစ်တပ် ထောက်ခံပွဲ ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ပြုလုပ်ရာ

စစ်ကောင်စီ လက်အောက်ခံ စစ်သားများနှင့် ရဲများက အရပ်ဝတ်များဖြင့် လုံခြုံရေးယူပေးထားသလို ထောက်ခံပွဲတွင် ပါဝင်သူများသည် တစ်ဦးလျှင် ကျပ်(၅၀၀၀)ရရှိသည်ဟု သိရသည်။


“တပ်ထောက်ခံပွဲကို အရပ်ဝတ်တွေနဲ့ ခွေးတွေ စောင့်ပေးနေတယ်။ ထောက်ခံပွဲမှာ ပါဝင်တဲ့လူက (၂၀၀)ကျော်တယ် တစ်ဦးကို နေ့စားခ ကျပ်(၅၀၀၀)ပေးတယ်။ “ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ထောက်ခံပွဲကို ဦးခင်ကိုလတ်က လူဦးရေ(၂၀၀)ဖြင့် ပြုလုပ်မည်ဟု မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့ထံ စာတင်ကာ ခွင့်ပြုချက်တောင်းပြီး ပြုလုပ်ရာ မြေပြင်တွင် သတ်မှတ်လူဦးရေထက် အနည်းငယ် ပိုသည်ဟု သိရသည်။


အချို့မြို့များတွင် အာဏာသိမ်း အကြမ်းဖက်စစ်တပ် ထောက်ခံပွဲတွင် ပါဝင်သူများကို နေ့စားခအဖြစ် ကျပ်(၃၅၀၀)မှ ကျပ်(၅၀၀၀)အထိ

ပေးသည်များရှိသလို နေ့စားခ မပေးဘဲ ထမင်းဗူးဝေသည်များလည်းရှိသည်ကို တွေ့ရသည်။

မိတၳီလာၿမိဳ႕၏ အာဏာသိမ္းအၾကမ္းဖက္ စစ္တပ္ ေထာက္ခံပြဲတြင္ တစ္ဦးလၽွင္ က်ပ္(၅၀၀၀)ရရွိ

မႏၲေလးတိုင္း၊ မိတၳီလာၿမိဳ႕တြင္ အာဏာသိမ္း အၾကမ္းဖက္စစ္တပ္ ေထာက္ခံပြဲ ယေန႔ ၂၀၂၂ခုႏွစ္ ဇန္နဝါရီလ(၃၁)ရက္ေန႔တြင္ ျပဳလုပ္ရာ

စစ္ေကာင္စီ လက္ေအာက္ခံ စစ္သားမ်ားႏွင့္ ရဲမ်ားက အရပ္ဝတ္မ်ားျဖင့္ လုံျခဳံေရးယူေပးထားသလို ေထာက္ခံပြဲတြင္ ပါဝင္သူမ်ားသည္ တစ္ဦးလၽွင္ က်ပ္(၅၀၀၀)ရရွိသည္ဟု သိရသည္။

“တပ္ေထာက္ခံပြဲကို အရပ္ဝတ္ေတြနဲ႔ ေခြးေတြ ေစာင့္ေပးေနတယ္။ ေထာက္ခံပြဲမွာ ပါဝင္တဲ့လူက (၂၀၀)ေက်ာ္တယ္ တစ္ဦးကို ေန႔စားခ က်ပ္(၅၀၀၀)ေပးတယ္။ “ဟု ေဒသခံ တစ္ဦးက Tachileik News Agency သို႔ ေျပာသည္။

ေထာက္ခံပြဲကို ဦးခင္ကိုလတ္က လူဦးေရ(၂၀၀)ျဖင့္ ျပဳလုပ္မည္ဟု မိတၳီလာၿမိဳ႕နယ္ရဲတပ္ဖြဲ႕ထံ စာတင္ကာ ခြင့္ျပဳခ်က္ေတာင္းၿပီး ျပဳလုပ္ရာ ေျမျပင္တြင္ သတ္မွတ္လူဦးေရထက္ အနည္းငယ္ ပိုသည္ဟု သိရသည္။

အခ်ိဳ႕ၿမိဳ႕မ်ားတြင္ အာဏာသိမ္း အၾကမ္းဖက္စစ္တပ္ ေထာက္ခံပြဲတြင္ ပါဝင္သူမ်ားကို ေန႔စားခအျဖစ္ က်ပ္(၃၅၀၀)မွ က်ပ္(၅၀၀၀)အထိေပးသည္မ်ားရွိသလို ေန႔စားခ မေပးဘဲ ထမင္းဗူးေဝသည္မ်ားလည္းရွိသည္ကို ေတြ႕ရသည္။