ၾကားသိသမွ်

ကရင်အမျိုးသားများဦးဆောင်၍ တော်လှန်ရေးအရှိန်မြှင့်တင်မည်ဟု ယုံကြည်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့

ကရင်အမျိုးသားများဦးဆောင်၍ တော်လှန်ရေးအရှိန်မြှင့်တင်မည်ဟု ယုံကြည်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့

အဓမ္မအကြမ်းဖက်စစ်ဝါဒချုပ်ငြိမ်းလျက် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အမြန်ဆုံးတည်ထောင်နိုင်ရန်အလို့ဌာ ကရင်အမျိုးသားများအနေဖြင့် အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်လက်တွဲလျက်

တော်လှန်ရေးအဟုန်ကို ဦးဆောင်မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဌာနက ယနေ့ကျရောက်သည့် (၇၃)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့သည်။

တိုင်းရင်းသားပြည်သူများ၏ထောက်ခံပါဝင်မှု၊ တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုဖြင့် ဆင်နွှဲလျက်ရှိသော ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် စစ်အာဏာရှင်စနစ်၏နေဝင်ချိန်သည် နီးကပ်လာပြီ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

လွန်ခဲ့သော(၇၃)နှစ်မှစတင်၍ ယနေ့အချိန်ထိ ခေတ်အဆက်ဆက်စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်တွင် ရှေ့တန်းမှဦးဆောင်ပါဝင်လျက် စွန့်လွှတ်အနစ်နာခံမှုများစွာပြုခဲ့သော ကရင်အမျိုးသားများအား ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း သဝဏ်လွှာ၌ ပါရှိသည်။

ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံ၏ လိုလားချက်မှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် ဖြစ်ကြောင်း၊

ပြည်ထောင်စု၏ အနာဂတ်ကို တည်ဆောက်ရာတွင် အဟန့်အတားပြုလျက်ရှိသော စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရန်မှာ ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူအားလုံး၏ သမိုင်းပေးတာဝန် ဖြစ်သည်ဟု ခံယူကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

(ဖားအံခရိုင် တပ်မဟာ (၇)ဌာနချုပ်၌ (၇၃)နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကျင်းပနေစဥ်။ Photo – KIC)

Zawgyi

ကရင္အမ်ိဳးသားမ်ားဦးေဆာင္၍ ေတာ္လွန္ေရးအရွိန္ျမႇင့္တင္မည္ဟု ယုံၾကည္ေၾကာင္း NUG ကာကြယ္ေရးဝန္ႀကီးဌာန သဝဏ္လႊာပို႔

အဓမၼအၾကမ္းဖက္စစ္ဝါဒခ်ဳပ္ၿငိမ္းလ်က္ စစ္မွန္ေသာဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကို အျမန္ဆုံးတည္ေထာင္နိုင္ရန္အလို႔ဌာ ကရင္အမ်ိဳးသားမ်ားအေနျဖင့္ အျခားတိုင္းရင္းသားေတာ္လွန္ေရးအင္အားစုမ်ားႏွင့္လက္တြဲလ်က္

ေတာ္လွန္ေရးအဟုန္ကို ဦးေဆာင္ျမႇင့္တင္ေဆာင္ရြက္လိမ့္မည္ဟု ယုံၾကည္ေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)ကာကြယ္ေရးဝန္ႀကီး ဌာနက ယေန႔က်ေရာက္သည့္ (၇၃)ႏွစ္ေျမာက္ ကရင္အမ်ိဳးသားေတာ္လွန္ေရးေန႔သို႔ သဝဏ္လႊာေပးပို႔သည္။

တိုင္းရင္းသားျပည္သူမ်ား၏ေထာက္ခံပါဝင္မႈ၊ ေတာ္လွန္ေရးအင္အားစုမ်ား၏ စုစည္းညီညြတ္မႈျဖင့္ ဆင္ႏႊဲလ်က္ရွိေသာ ျပည္သူ႔ခုခံတြန္းလွန္စစ္ေၾကာင့္ စစ္အာဏာရွင္စနစ္၏ေနဝင္ခ်ိန္သည္ နီးကပ္လာၿပီ ျဖစ္သည္ဟုလည္း ေဖာ္ျပထားသည္။

လြန္ခဲ့ေသာ(၇၃)ႏွစ္မွစတင္၍ ယေန႔အခ်ိန္ထိ ေခတ္အဆက္ဆက္စစ္အာဏာရွင္ဆန႔္က်င္ေရး ခုခံတြန္းလွန္ စစ္တြင္ ေရွ႕တန္းမွဦးေဆာင္ပါဝင္လ်က္ စြန႔္လႊတ္အနစ္နာခံမႈမ်ားစြာျပဳခဲ့ေသာ ကရင္အမ်ိဳးသားမ်ားအား ဦးညႊတ္ဂုဏ္ျပဳေၾကာင္းလည္း သဝဏ္လႊာ၌ ပါရွိသည္။

ျပည္ေထာင္စုဖြားတိုင္းရင္းသားလူမ်ိဳးေပါင္းစုံ၏ လိုလားခ်က္မွာ လြတ္လပ္မႈ၊ တရားမၽွတမႈ၊ တန္းတူမႈႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္အျပည့္အဝရွိသည့္ စစ္မွန္ေသာဖက္ဒရယ္ဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္ရန္ ျဖစ္ေၾကာင္း၊ ျပည္ေထာင္စု၏ အနာဂတ္ကို တည္ေဆာက္ရာတြင္ အဟန႔္အတားျပဳလ်က္ရွိေသာ စစ္အာဏာရွင္စနစ္ကို တြန္းလွန္တိုက္ဖ်က္ရန္မွာ ျပည္ေထာင္စုဖြားတိုင္းရင္းသားျပည္သူအားလုံး၏ သမိုင္းေပးတာဝန္ ျဖစ္သည္ဟု ခံယူေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာန၏ သဝဏ္လႊာ၌ ေဖာ္ျပထားသည္။

(ဖားအံခရိုင္ တပ္မဟာ (၇)ဌာနခ်ဳပ္၌ (၇၃)ႏွစ္ေျမာက္ ကရင့္အမ်ိဳးသား ေတာ္လွန္ေရးေန႔ အခမ္းအနားက်င္းပေနစဥ္။ Photo – KIC)